Microsoft Office Specialist World Championship ပြိုင်ပွဲသို့ မြန်မာကျောင်းသား/သူ (၁၀၀၀) ကျော် ဝင်ရောက်ယှဉ်ပြိုင်

MOSWC_1.jpg

မြန်မာဆက်သွယ်ရေးအော်ပရေတာ Mytel သည် မြန်မာနိုင်ငံတွင်ပထမဆုံးအကြိမ်ကျင်းပသည့် MOSWC ပြိုင်ပွဲအတွက် Gold Sponsor အဖြစ် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၊ IIG Education မြန်မာ တို့နှင့်အတူ ပါဝင်ကူညီထောက်ပံ့ခွင့်ရခဲ့သည်။ ဇန်နဝါရီလမှမတ်လအတွင်းကျင်းပပြုလုပ်ခဲ့သော နိုင်ငံအဆင့်ပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်း (၁၃) ခုမှ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများတက်ရောက်နေကြသော ကျောင်းသားကျောင်းသူပေါင်း (၁၁၉၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ နိုင်ငံတကာအသိအမှတ်ပြု MOSWC ပြိုင်ပွဲမှတစ်ဆင့် ငယ်ရွယ်သော မြန်မာကျောင်းသား/သူများ၏ပညာရေးအတွက် အခြေခိုင်သော ဒစ်ဂျစ်တယ်ဖောင်ဒေးရှင်းတည်ဆောက်ရာတွင် Mytel ကကူညီပေးခြင်းဖြင့် မြန်မာနိုင်ငံအား ဒစ်ဂျစ်တယ်နိုင်ငံတစ်ခုအဖြစ် အသွင်ပြောင်းရပ်တည်နိုင်ရန်လည်း တစ်ဘက်တစ်လမ်းမှ ပံ့ပိုးသွားနိုင်မည်လည်းဖြစ်သည်။

(၃) လကြာပြုလုပ်ခဲ့သော ပြိုင်ပွဲအပြီး ဇွန်လ (၃) ရက် ၂၀၁၉ ခုနှစ်တွင် နိုင်ငံအဆင့်ဆုချီးမြှင့်ပွဲကို MICT Conference Hall၊ MICT Park ၌ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နေဝင်းဦး၊ မြန်မာနိုင်ငံကွန်ပြူတာအသင်းချုပ်ဥက္ကဌ ဦးမင်းဇေယျာလှိုင်၊ IIG Education မြန်မာ၏ မန်နေဂျင်းဒါရိုက်တာ ဦးလင်းထက်ဉာဏ်ထွန်း၊ Mytel CEO Mr. Nguyen The Nghia နှင့် ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးတို့ ရှေ့မှောက်တွင် ကမ္ဘာ့အဆင့်ပြိုင်ပွဲဝင်ပြိုင်မည့် နိုင်ငံကိုယ်စားပြု ကျောင်းသားများအပြင် ဆုရရှိသူအသီးသီးကိုလည်း ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။

ရန်ကုန်ကွန်ပြူတာတက္ကသိုလ်မှ မနေခြည်သင်း၊ ဒဂုံတက္ကသိုလ်မှ မောင်ခန့်ဇော်ဟိန်းနှင့် မန္တလေးတက္ကသိုလ်မှ မောင်စိုင်းလွင်ထက်ဦးတို့က Microsoft Office Specialist Word, Excel နှင့် Powerpoint စသည်တို့အတွက် ပထမဆုကို ဆွတ်ခူးသွားကြပြီး ဇူလိုင်လတွင် ပြုလုပ်သွားမည့် ကမ္ဘာ့အဆင့်ပြိုင်ပွဲအတွက် အားသွန်ခွန်စိုက်ပြင်ဆင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

အကဲခတ်ဖြတ်ဒိုင်အဖွဲ့သည် MOSWC ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ကျောင်းသား/သူများ၏ အရည်အချင်းများကိုအသိအမှတ်ပြုပြီး ပထမဆုအတွက် အမေရိကန်ဒေါ်လာ (၇၀၀၀) ၊ ဒုတိယဆုအတွက် အမေရိကန်ဒေါ်လာ (၃၅၀၀) နှင့် တတိယဆုအတွက် အမေရိကန်ဒေါ်လာ (၁၅၀၀) ပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။ နယူးယောက်မြို့တွင်ကျင်းပသွားမည့် ကမ္ဘာ့အဆင့် နောက်ဆုံးယှဉ်ပြိုင်ပွဲသို့သွားရောက်ပြီး ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀) ကျော်မှပြိုင်ပွဲဝင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ်ကျင်းပသော MOSWC ၏ Gold Sponsor အဖြစ် ဂုဏ်ယူစွာ ပါဝင်ဆောင်ရွက်ခဲ့သည် Mytel သည် နိုင်ငံကိုယ်စားပြုကျောင်းသား (၃) ဦး၏ ယှဉ်ပြိုင်မှုအတွက် လိုအပ်သည့်ပြင်ဆင်မှုများကို IIG Educatioin မြန်မာနှင့်လက်တွဲပြီး ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်သည်။ Mytel သည် ငယ်ရွယ်သောကျောင်းသားလူငယ်များ နှင့် နိုင်ငံ၏ပညာရေးကဏ္ဍကို Certiport Orgazination မှ (၁၆) နှစ်တိုင်တိုင် ပြုလုပ်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ MOSWC မှတစ်ဆင့် များစွာအထောက်အပံ့ပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာချိန်မှစ၍ Mytel သည် သုံးစွဲသူများအားလုံးအတွက် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများကိုသာပေးအပ်ခဲ့ပြီး အခြားအရေးကြီးကဏ္ဍများဖြစ်သော ပညာရေး၊ ယဉ်ကျေးမှုနှင့် အမွေအနှစ်အစရှိသည်တို့အတွက်လည်း တတ်အားသရွေ့ ပံ့ပိုးပေးလျက်ရှိသည်။ ခိုင်မာသော ဒစ်ဂျစ်တယ်အခြေခံလိုအပ်ချက်ဖွဲ့စည်းမှုများ၊ နည်းပညာဆန်းသစ်မှုများဖြင့် မြန်မာနိုင်ငံရှိသုံးစွဲသူများအတွက် ခေတ်မီသောမိုဘိုင်းအနာဂတ်နှင့် ဒစ်ဂျစ်တယ်ပြောင်းလဲမှုဆိုင်ရာ လိုအပ်သည့်အကူးအပြောင်းကို ဦးဆောင် လုပ်ကိုင်သွားနိုင်ရန်လည်း ရည်ရွယ်နေပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top