မိုက်ခရိုဝေ့ဗ်နဲ့ အပူမပေးသင့်တဲ့ အစားအသောက်များ

27540133_1628385490570860_4140721423565805340_n.jpg

အချို့သော အစားအစာများဟာ မိုက်ခရိုဝေ့ဗ်နဲ့ အပူပေးတဲ့အခါမှာ အဆိပ်အတောက် ဖြစ်စေတတ်ပါတယ်။ မိုက်ခရိုဝေ့ဗ်နဲ့ ချက်တဲ့ အစားအသောက်များဟာ သေချာစွာ မကျက်ဘဲ အစားအသောက်ထဲမှာ ရှိနေတဲ့ ဘတ်တီးရီးယား တချို့ကို မသေစေနိုင်ပါဘူး။ ဒါကြောင့် မိုက်ခရိုဝေ့ဗ် ဘေးအန္တရာယ်တွေကနေ နည်းနိုင်သမျှ လျော့နည်းစေဖို့ အောက်ဖော်ပြပါ အစားအစာများကို မိုက်ခရိုဝေ့ဗ်နဲ့ ချက်ပြုတ်ခြင်း နွှေးခြင်းများ မလုပ်သင့်ပါဘူး။

 

၁။ ကြက်ဥပြုတ်အကျက်များ

 

အခွံခွာထားသည်ဖြစ်စေ မခွာရသေးသော ကြက်ဥပြုတ်အကျက်များဖြစ်စေ မိုက်ခရိုဝေ့ဗ်အတွင်း ထည့်သွင်း အပူပေးသည့်အခါ အတွင်းထဲမှာရှိတဲ့ အစိုဓာတ်က ပြင်းထန်တဲ့ အပူငွေ့ အရှိန်မြင့်တက်စေပြီးတော့ ကြက်ဥ ပေါက်ကွဲထွက်တဲ့အထိ ဖြစ်စေပါတယ်။ ကြက်ဥက အပူပေးထားစဉ်မှာ မိုက်ခရိုဝေ့ဗ်အတွင်းမှာ ပေါက်ကွဲထွက်မှာ မဟုတ်ပါဘူး။ ဆိုလိုတာကတော့ ပူလောင်နေတဲ့ ကြက်ဥလေးက သင့်လက်ထဲ၊ သင့်ပန်းကန်ပြားထဲ ဒါမှမဟုတ် သင့်ပါးစပ်ထဲမှာ ပေါက်ကွဲထွက်နိုင်ပါတယ်။ ဒါကြောင့် ကြက်ဥလေးကို ဒီလိုမျိုး အပူငွေ့ဗုံးငယ်တစ်လုံး မဖြစ်ရလေအောင် အပူပြန်မပေးခင်မှာ ကြက်ဥလေးကို အပိုင်းပိုင်းလှီးဖြတ်ပေးပါ။

 

၂။ မိခင်နို့

27332011 1628386917237384 8697388191518929899 n

 

မိခင်ဖြစ်ခါစ မေမေများစွာဟာ နို့ကို နောက်မှအသုံးပြုနိုင်အောင် အအေးခံပြီး သိမ်းဆည်းထားတတ်ကြပါတယ်။ ဒီနို့ကို မိုက်ခရိုဝေ့ဗ်ထဲ ထည့်ပြီး အပူမပေးသရွေ့ အဆင်ပြေပါတယ်။ မိုက်ခရိုဝေ့ဗ်က အစားအစာ ပန်းကန်ပြားတွေကို တပြေးညီမဟုတ်ဘဲ အပူပေးပြီးတော့ နို့ပုလင်းကို အပူချိန် မညီညာစွာ နွေးထွေးစေပါတယ်။ အဲဒါဟာ “အပူစက်လေး” တွေ ဖြစ်ပေါ်စေပြီးတော့ ကလေးငယ်ရဲ့ ပါးစပ်နဲ့ လည်ချောင်းမှာ ပြင်းပြင်းထန်ထန် အပူလောင်စေနိုင်ပါတယ်။ နောက်ပြီး အပူပြန်ပေးတဲ့ ပလပ်စတစ်ကြောင့် ကင်ဆာဖြစ်စေတဲ့ ဘေးအန္တရာယ်များ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိခင်နို့နဲ့ ဖော်မြူလာနို့တို့ကို မီးဖိုပေါ်မှာ အိုးတစ်လုံးနဲ့ ပြန်လည်နွေးထွေးစေပြီး အပူပြန်ပေးဖို့ အကြံပြုထားပါတယ်။ နောက်တစ်နည်းပြောရရင် မိုက်ခရိုဝေ့ဗ်ထဲကို ရေတစ်ခွက်အပူပေးပြီး မိခင်နို့ပုလင်းထဲ နွေးထွေးစေအောင် လောင်းထည့်ပေးနိုင်ပါတယ်။

 

၃။ စီမံထုတ်လုပ်ထားသော အသားများ

27067813 1628387277237348 3218072739087092932 n

 

စီမံထုတ်လုပ်ထားသည့် အသားများတွင် သက်တမ်းပိုမို ကြာရှည်ခံစေဖို့ ဓာတုပစ္စည်းများ၊ တာရှည်ခံဆေးဝါးများ ပါဝင်ပါတယ်။ ဒီအသားတွေကို မိုက်ခရိုဝေ့ဗ်နဲ့ အပူပေးတဲ့အခါ ဒီအရာတွေက ကျန်းမာရေးအတွက် ပိုဆိုးဝါး စေနိုင်ပါတယ်။ စီမံထုတ်လုပ်ထားတဲ့ အသားတွေကို မိုက်ခရိုဝေ့ဗ်နဲ့ အပူပေးတဲ့အချိန်မှာ အောက်ဆီဂျင်နဲ့ ဓာတ်ပြုတဲ့ ကိုလက်စထရာ ကဲ့သို့သော ဓာတုဆေးဝါး အပြောင်းအလဲများ ထွက်ပေါ်လာစေကြောင်း စိုက်ပျိုးရေးနှင့် အစားအသောက် ဓာတုဗေဒ ဂျာနယ်ရှိ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။

 

၄။ ထမင်း

27332298 1628388610570548 8093144788977193400 n

 

အစားအသောက် သတ်မှတ်စံနှုန်းဌာန ပြောကြားချက်အရ မိုက်ခရိုဝေ့ဗ်နဲ့ အပူပေးတဲ့ ထမင်းများဟာ တစ်ခါတလေမှာ အစာအဆိပ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ထမင်းနဲ့ ပတ်သက်တဲ့ ပြဿနာမှာ Bacillus cereus လို့ ခေါ်တဲ့ ခုခံအားမြင့်မားတဲ့ ဘတ်တီးရီးယား ပါရှိတတ်ပါတယ်။ အပူက ဒီဘတ်တီးရီးယားကို သတ်ပစ်နိုင်ပေမဲ့ အဆိပ်ဖြစ်စေပြီ အပူဒဏ်ကို ခံနိုင်ရည်ရှိတဲ့ မှိုပေါက်ပွားတတ်တဲ့ မျိုးမှုန်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်လို့ အစားအစာ အဏုဇီဝဗေဒရဲ့ နိုင်ငံတကာ ဂျာနယ်မှာ ရေးသားဖော်ပြဖူးပါတယ်။ မိုက်ခရိုဝေ့ဗ်ထဲက ထမင်းကို ထုတ်ပြီး အခန်းအပူချိန်မှာ ထားထားပါ။ သူ့မှာ ပါဝင်တဲ့ မှိုမျိုးမှုန်များက တိုးပွားလာပြီး စားလိုက်ရင် အစာအဆိပ်ဖြစ်စေနိုင်တဲ့လို့ လေ့လာချက်များစွာမှာ တွေ့ရှိရပါတယ်။ U.S အစိုးရ အစားအစာ ဘေးကင်းလုံခြုံရေး ဝက်ဘ်ဆိုဒ်မှာ “B. cereus ဟာ အဆိပ်ကို ထုတ်လုပ်ပေးတဲ့ ဘတ်တီးရီးယား အမျိုးအစားတစ်မျိုး ဖြစ်တယ်။ ဒီအဆိပ်တွေက ဝမ်းလျောခြင်းနဲ့ ရွံ့ရှာအော့အန်ခြင်းတွေကို ဖြစ်စေနိုင်တယ်။ ဖြစ်ပွားတဲ့အရင်းအမြစ်များကတော့ အစားအစာ အမျိုးမျိုး၊ အထူးသဖြင့် ဆန်။” လို့ ရေးသားတင်ပြထားပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ ထမင်းမဖြစ်ရလေအောင် ပွက်ပွက်ဆူသလောက်နီးပါး အပူပေးပြီး အစားအစာကို ဘေးကင်းစိတ်ချရအောင် သိမ်းဆည်းထားဖို့ နွေးထွေးအောင် (အပူချိန် ၁၄ဝဒီဂရီ ဖာရင်ဟိုက်အထက်) ထားရှိပေးပါ။

 

၅။ ကြက်သား

27544810 1628388797237196 7770156969573304621 n

 

မိုက်ခရိုဝေ့ဗ်နဲ့ ပတ်သက်ပြီး သိထားရမယ့် အရေးကြီးဆုံးအရာကတော့ သူ့ရဲ့အပူက ဘတ်တီးရီးယားတွေကို အမြဲတမ်း မသတ်နိုင်ဘူးဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ မိုက်ခရိုဝေ့ဗ်ဟာ အတွင်းကနေ အပြင်ကို အပူပေးခြင်း မဟုတ်ဘဲ အပြင်ကနေ အတွင်းကို အပူပေးခြင်းကြောင့် ဖြစ်ပါတယ်။ အချို့သော ဘတ်တီးရီးယား ဖြစ်လွယ်တဲ့ အစားအစာတွေမှာ ဒီဘတ်တီးရီးယားဆဲလ်တွေ မသေဘဲ ကျန်ရစ်တဲ့အခါ မြင့်မားတဲ့အန္တရာယ်တွေ ဖြစ်စေနိုင်ပါလိမ့်မယ်။ ဒီအချက်ကို ခေါင်းထဲသွင်းထားပြီး ကြက်သားတွေဟာ ဘာကြောင့် မိုက်ခရိုဝေ့ဗ်အတွက် အန္တရာယ်ရှိတဲ့ အစားအသောက် ဖြစ်စေနိုင်သလဲဆိုတာ သင်သဘောပေါက်နိုင်ပါတယ်။ ကြက်သားကို မစားခင်မှာ ရှိနေတဲ့ ဘတ်တီးရီးယားတွေအားလုံး သေဆုံးသွားဖို့ သေသေချာချာ ကျက်အောင် ချက်ပြုတ်ရပါမယ်။ မိုက်ခရိုဝေ့ဗ်က အသားရဲ့အစိတ်အပိုင်းအားလုံးကို ပြည့်ပြည့်ဝဝ မကျက်စေနိုင်တာကြောင့် salmonella ကဲ့သို့သော ဘတ်တီးရီးယားတွေ ကျန်ရှိနိုင်ဖို့ အလားအလာရှိပါတယ်။ လေ့လာချက်တစ်ခုမှာ အသားစိမ်း ပြန်နွှေးခဲ့တဲ့ လူအယောက် ၃ဝမှာ မိုက်ခရိုဝေ့ဗ်ကို အသုံးပြုခဲ့တဲ့ လူဆယ်ယောက်လုံး နေထိုင်မကောင်းဖြစ်ကြပြီးတော့ ဒယ်အိုးအသုံးပြုခဲ့တဲ့ လူ၂ဝကတော့ ဘာမှမဖြစ်ခဲ့ကြတာ တွေ့ရှိရပါတယ်။ ဒါဟာ အခြားချက်ပြုတ်တဲ့ နည်းလမ်းများနဲ့ ယှဉ်ရင် မိုက်ခရိုဝေ့ဗ်နဲ့ ချက်တဲ့အခါ အသားထဲမှာ ဘတ်တီးရီးယားတွေ ဘယ်လောက် ကျန်ရစ်နိုင်တယ်ဆိုတာ ပြသတာပါပဲ။

 

၆။ အရွက်စိမ်းများ

27067632 1628389790570430 6490690874921619726 n

တရုတ်နံနံ၊ ကိုက်လန်နဲ့ အခြားအရွက်စိမ်းများကို နောက်တော့မှ စားသုံးဖို့ သင်သိမ်းထားပြီး မိုက်ခရိုဝေ့ဗ်တစ်လုံးထက် မီးဖိုတစ်လုံးမှာ အပူပေးချက်ပြုတ်ဖို့ စီစဉ်သင့်ပါတယ်။ မိုက်ခရိုဝေ့ဗ်ထဲမှာ နိုက်ထရိတ်တွေဟာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ nitrosamines များအဖြစ် ပြောင်းလဲသွားနိုင်ကြောင့် လေ့လာချက်များမှာ ဖော်ပြထားပါတယ်။ နိုက်ထရိတ်ဓာတ် ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ တရုတ်မုန်လာတို့ကို အပူပေးရာမှာလည်း ဒီလိုပဲ ဖြစ်စေနိုင်ပါတယ်။

Ref : Health : 6 Foods That You Shouldn’t Reheat in a Microwave
Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top