မြန်မာနိုင်ငံရဲ့ eSports ကို မြှင့်တင်ပေးနိုင်မယ့် Mytel နဲ့ Mobile Legends: Bang Bang တို့ရဲ့ ပူးပေါင်းတင်ဆက်မှု

mlbb01.jpg

Mobile Legend လို့ပြောလိုက်တာနဲ့ ဒီနိုင်ငံမှာတင်မကပါဘူး။ အာရှတစ်ဝိုက်နဲ့ ကမ္ဘာတစ်ဝှမ်းမှာပါ နာမည်ကြီးလူကြိုက်များနေတဲ့ multiplayer online battle arena (MOBA) 5 vs 5 mobile game တစ်ခုဆိုတာ လူတိုင်းနီးပါးသိကြပါတယ်။ တကယ်တမ်း Mobile Legends ဆိုပြီးစပေါ်တုန်းကတော့ သူနဲ့အပြိုင် တခြား 5Vs5 Arena Game တွေဖြစ်တဲ့ Vainglory တို့ Hero Evolved တို့ကို စမ်းဆော့ကြည့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆီက လူအတော်များများ အတွက် User Interface လည်းအဆင်ပြေပြီး ဖုန်းတော်တော်များများနဲ့ compatible ဖြစ်တဲ့ ဂိမ်းကို ပိုပြီး ရွေးချယ်လာ ကြတဲ့အခါ မှာတော့ ဒီ Mobile Legends ဂိမ်းကိုသာ ပိုနှစ်သက်လာတာကိုတွေ့ရပါတယ်။ မြန်မာပြည်မှာ Mobile Legends ကစားတဲ့သူ တော်တော်များလာပြီး နောက်ပိုင်းမှာ မင်းစစ်သား (Minsitthar) ဆိုတဲ့ မြန်မာနိုင်ငံကိုယ်စားပြု Hero ထွက်ပေါ်လာပြီး လူကြိုက်များခဲ့ပါသေးတယ်။

ဒီနှစ် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ 2019 SEA Game မှာဆိုရင်လည်း Mobile Legends ဂိမ်းဟာဆိုရင် eSports ကဏ္ဍအောက်မှာ ပထမဆုံးပါဝင်လာတဲ့ ဂိမ်းပြိုင်ပွဲတွေထဲကတစ်ခုဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံကလည်း Mobile Legends ပြိုင်ပွဲရဲ့ နိုင်ငံကိုယ်စားပြုအနေနဲ့ Team Cyanide ဆိုတဲ့ အသင်းက ဝင် ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီလို eSports လောကရဲ့ အခန်းကဏ္ဍက ကြီးမားလာတာကြောင့်လည်း လူငယ်တွေအတွက် ဂိမ်းကစားတယ်ဆိုတာ အပျော် တမ်း စိတ်အပန်းဖြေစရာတစ်ခုထက် ပိုလာပြီး သူတို့ရဲ့ ဘဝအိမ်မက် Career တစ်ခုအဖြစ်ပါ ရွေးချယ်ဖို့ ဆုံးဖြတ်လာကြပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ eSports နဲ့ အသက်မွေးနေတဲ့ လူငယ်တွေအတွက်ကြပြန်တော့ ဒီလို နိုင်ငံတကာပြိုင်ပွဲတွေယှဉ်ပြိုင်ရာမှာပဲ ဖြစ်ဖြစ် လေ့ကျင့်ရာမှာပဲဖြစ်ဖြစ် လိုအပ်တဲ့ အထောက်အပံ့တွေ များစွာရှိလို့နေပါတယ်။ နိုင်ငံတော်ကရော eSports Community တစ်ခုလုံးကရော အားပေးမှုတွေ လိုအပ်တဲ့အရာတွေကို ဖြည့်ဆည်း ပေးဖို့လိုပါတယ်။

အခု ကျွန်တော်တို့ ဝေမျှပေးချင်တဲ့ အကြောင်းအရာလေးကတော့ eSports ကဏ္ဍကိုမြင့်တင်ပေးဖို့ အတွက် Mytel နဲ့ Mobile Legends: Bang Bang ဂိမ်းထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Shanghai Moonton Technology တို့က Official Partner အနေနဲ့ တစ်နှစ်တာလက်တွဲဖို့ ပူးပေါင်းလိုက်ပြီဆိုတာပါပဲ။ ဒီလို ပူးပေါင်းမှုမျိုးက မြန်မာနိုင်ငံမှာ မရှိဖူးသေးသလို Mobile Legend ကစားသူတွေအတွက်လည်း အကျိုးရှိဝန်ဆောင်မှုတွေ ရောက်လာတော့မှာ အ သေချာပါပဲ။

ခုတလော ကြုံတွေ့နေရတဲ့ ပြဿနာမျိုးတွေဖြစ်တဲ့ လိုင်းကျတာမျိုးတွေ ၊ ဆော့နေရင်း Ping များတာမျိုးတွေ နောက်ဆို ပိုပိုနည်း လာဖို့ပဲ ရှိပါတယ်။ နောက် ဆို Mobile Legends ကစားရင် ပိုကောင်းတဲ့ ဂိမ်းအတွေ့အကြုံတွေနဲ့ ပိုမိုမြန်ဆန်တဲ့ လိုင်းနဲ့ ဆော့ကစား နိုင်တော့မှာ ဖြစ်ပါတယ်။ နောက်ပြီး Mytel သုံးတဲ့ သူတွေအတွက် Legendary Pack ဒေတာကို ဝယ်ယူပြီး Mobile Legends ဆော့ရင် သုံးလို့ရနိုင်မယ့် ဒေတာတွေအပြင် Diamond ပေါင်း (၁၀) သိန်း ကျော် (ဒါမှမဟုတ်) iPhone 11 series (၉) လုံးကို ကံထူး နိုင်မှာ ဖြစ်ပါတယ်။ ဝယ်ယူမယ်ဆိုရင်တော့ 966 ကို “ML1” လို့ပို့ပြီး Legendary Pack Data 4MB ကို (၅) ကျပ်နဲ့ ဝယ်ယူလိုက်ရုံနဲ့ Legendary Draw အစီအစဉ်မှာ ပါဝင်ပြီးသားဖြစ်သွားမှာပါ။ နောက်ဆိုရင်လည်း Mytel ရဲ့ Data Pack တွေပဲ ဝယ်ဝယ် Mobile Legends ဂိမ်းထဲက ပစ္စည်းတွေပဲဝယ်ဝယ် ထပ်ဆောင်း အကျိုးခံစားခွင့် တွေလည်း ရရှိမှာပါတဲ့။

ဒါတွေကတော့ Mytel နဲ့ Mobile Legends တို့နှစ်ဦးရဲ့ ပူးပေါင်းမှုကနေ Mytel အသုံးပြုတွေရယ် Mobile Legends ကို နှစ်သက်စွာ ကစားကြတဲ့ သူတွေ ရယ်ကို ပေးစွမ်းသွားမယ့်အရာတွေပဲဖြစ်ပါတယ်။ အဲ့ဒါတွေအပြင် ဒေသတွင်း Mobile Legends ပြိုင်ပွဲကြီးတွေ ကိုလည်း ကျင်းပပြီးတော့ အဲ့လိုပြိုင်ပွဲ တွေကနေ လက်စွမ်းထက်တဲ့ နိုင်ငံကိုယ်စားပြုမယ့် အသင်းတွေ ကစားသမားကောင်းတွေကိုလည်း ပေါ်ထွက်လာမှာပါ။ ဒါကြောင့် ဒီလို Official Partner အဖြစ် ပူးပေါင်းမှုကနေ ရရှိလာတဲ့ အကျိုးဆက်တွေက Mobile Legends ကို နေ့စဉ်နေ့တိုင်း ကစားကြတဲ့ သူတွေကိုရော၊ Mytel ကို စွဲမြဲစွာသုံးစွဲကြသူ တွေကိုရော အကျိူးဖြစ်ထွန်း စေမယ့်အပြင် eSports ကစားသမားအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလုပ်သွားမယ့်သူတွေကိုလည်း မြေတောင် မြှောက် ပေးနိုင်မှာဖြစ်သလို နိုင်ငံရဲ့ eSports ကဏ္ဍကိုပါ တစ်ဖက်တစ်လှမ်းကနေ တိုးတက်အောင် လုပ်ဆောင်ပေးသွား နိုင်မှာလည်း ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top