ဘောလုံးလောကရဲ့ သမိုင်းကြောင်းမှာ နောက်ထပ်ချိုးဖျက်ဖို့ ခက်ခဲနေတော့မယ့် စံချိန် (၇) ခု

yyl-003.png

စံချိန်မှတ်တမ်းတွေဆိုတာ နောက်လူတွေက ချိုးဖျက်ဖို့ပဲ မဟုတ်လား။ တိုးတက်မှု၊ ပြောင်းလဲမှုဆိုတာ ဒါပါပဲ။ သို့ပေမဲ့ စံချိန်ဟောင်းကို လွယ်လွယ်ချိုး၊ နောက်စံချိန်သစ် လွယ်လွယ်တင် ဆိုတာမျိုးတော့ မဟုတ်ပါဘူး။

ဘယ်လိုချိုးဖျက်ရမလဲ ဆိုတာမျိုး နောင်မျိုးဆက် ဘောလုံးလောကအတွက် ကာလရှည်ကြာ အတော်ခဲယဉ်းနေဦးမယ့် ဘောလုံးလောက က သမိုင်းဝင်အထူးစံချိန် ၇ ခု ကို ဖော်ပြပေးပါမယ်။

 ပရီးမီးယားလိဂ်မှာ စံချိန်တင် အမြန်ဆုံးဂိုး – 9.9 စက္ကန့်

စံချိန်ရှင် – လက်ဒလေကင်း (စပါး)

 

စံချိန်တင် ပရိသတ်အများဆုံး တက်ရောက်အားပေးခဲ့တဲ့ ဘရာဇီး-ဥရုဂွေး ပွဲစဉ် ( လူဦးရေ 173850)
ဒီပွဲက အဲဒီလောက်ထိ ပရိသတ်အများဆုံး လာရောက်အားပေးခဲ့ရအောင်လည်း ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ပထမဆုံး ပြန်လည်ကျင်းပ ဖြစ်တဲ့ 1950 ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်ခဲ့တာကြောင့်ပါ။ ဘရာဇီးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ သမိုင်းဝင် Maracanã ဘောလုံးကွင်းမှာ ဥရုဂွေးကို ဧည့်ခံခဲ့ကြပါတယ်။ သရဖူလုပွဲပါပဲ။ ဘရာဇီးအသင်းဟာ အဲ့ဒီ ကမ္ဘာ့ဖလားပွဲစဉ်တစ်လျှောက်လုံး အားပေးသူ ပရိသတ်ထုကြီးရဲ့ တစ်ခဲနက် အားပေးခြင်းကို ရပါတယ်။ ပွဲအပြီးမှာ ဥရုဂွေးအသင်းကပဲ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခဲ့ပြီး ဘုရင်ဖြစ်ခဲ့တဲ့ နှစ်ပါ။

 

ပွဲဆက်ရှည် ကာလအကြာဆုံး ပြိုင်ပွဲစုံ ရှုံးပွဲမရှိ စံချိန် – စတူအာဘူခါရက် 104 ပွဲ

ဒီစံချိန်က 1986 နဲ့ 1989 ကာလတွင်းမှာ စတူအာ ဘူခါရက် အသင်း ရရှိခဲ့တာပါ။ အေစီမီလန် အသင်းရဲ့ 1991 ကနေ 1993 အတွင်း 58 ပွဲဆက် ရှုံးပွဲမရှိ စံချိန်၊ ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်း ရွှေဖလားကိုင်မြှောက်ခဲ့တဲ့ 2003-04 ရာသီက ရှုံးပွဲမရှိ စံချိန်တွေ နဲ့ကို ဘောလုံးလောကရဲ့ အံ့အားသင့်စရာ စံချိန်သစ်တွေက မျက်နှာပန်းလှလွန်းနေပါပြီ။ ဒီအခြေအနေတွေထက် ပိုပြီး အသိအမှတ်ပြုစရာကောင်းနေတဲ့ ရှုံးပွဲမရှိ စံချိန်လည်းရှိနေပါသေးတယ်။ 1980 နှောင်းပိုင်းကာလတွေမှာ ရိုမေးနီးယားရဲ့ အသင်းကြီး စတူအာဘူခါရက်အသင်းက 104 ပွဲဆက်နဲ့ အားလုံး ပါးစပ်အဟောင်းသားဖြစ်စရာ တင်နိုင်ခဲ့တဲ့ စံချိန်ပာ။ ပြည်တွင်းပြိုင်ပွဲတွေမှာ အထူးခြေစွမ်းတွေပြပြီး ဖလားတွေ သိမ်းပိုက်ခဲ့တဲ့အပြင် ရိုမေးနီယားပြည်တွင်းမှာ 104 ပွဲ ဆက် ရှုံးပွဲကင်းခဲ့တဲ့ အသင်းဖြစ်ခဲ့ဖူးပါတယ်။

 

တစ်ရာသီအတွင်း ပြိုင်ပွဲစုံ ဂိုးအများဆုံး စံချိန် – မက်ဆီ ၇၃ ဂိုး

မက်ဆီဟာ ဘယ်လိုလူသားပါလဲ။ သူ့ကို ဘယ်လို အဓိပ္ပါယ် ဖွင့်ရပါ့မလဲ။ သေချာတာက ဘောလုံးလောက ဘောလုံးသမိုင်းမှာ ကိုယ့်နိုင်ငံတော် ကိုယ် ပိုင်ပိုင်နိုင်နိုင် ထူထောင်ခဲ့သူ။ မြက်ခင်းစိမ်းပေါ်မှာ မက်ဆီကိုကြည့်ပြီး စိတ်မလှုပ်ရှားခဲ့ရတဲ့ အခိုက်အတန့်ရယ်လို့များ ရှိခဲ့ဖူးသလား။ ပြန်စဉ်းစားကြည့်လို့မရပါဘူး။ ဘောလုံးမှာပဲ မမှိတ်မသုန်ခဲ့တဲ့၊ ဘောလုံးကလွဲပြီး ဘယ်အရာဆီကိုမှ မသွေဖည်ခဲ့တဲ့ ပါရမီရှင်လို့ ဆိုကြတဲ့ ဘောလုံးလူသား မက်ဆီ။ ဦးနှောက် နဲ့ ခြေထောက် ရဲ့ ပေါင်းစပ်မှုစစ်စစ် ကို မြင်တွေ့နေကြရတာ။ သူ့ကမ္ဘာက အရာရာ ရင်သပ်ရှုမောချင်စရာ။ ကာလတစ်ခု အကြာမှာ စုတ်တသပ်သပ် ပြောနေကြရဦးမှာပါပဲ။ ပါရမီရှင်လို့သာ ဆိုကြရင် သာမန်ပါရမီရှင်သက်သက် မဟုတ်ထပ်ဖြည့်စွက်လိုက်ချင်တာ။ ထိုက်တန်တဲ့တန်ဖိုးဆိုတာ ပါရမီဆိုတဲ့အဆင့်မှာတင် ရပ်နေလို့မရ။ သူလှမ်းတက်စူးစိုက်ခဲ့တဲ့ ကိုယ်ပိုင်တန်ဖိုးဟာ ဦးခိုက်ညွှတ်စရာ။

ဘာစီလိုနာအသင်းရဲ့ မှော်ပညာရှင်ဟာ 2011-12 ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၆၀ ကစားပြီး ၇၃ ဂိုးထိ သွင်းယူခဲ့တယ်။ ကာလရှည် လနဲ့ချီ ကစားရတဲ့ ဘောလုံးရာသီမှာ မက်ဆီဟာ တစ်ပွဲတစ်ဂိုးနှုန်းဆိုတာကို ကျော်လွန်ပြီး စွမ်းဆောင်ပြခဲ့တာပါ။ ဘာထပေ်ပြာစရာရှိပါဦးမလဲ။ ဒီစံချိန်ဟာ အရင်က ဖြစ်မြောက်ခဲ့ဖူးသူ မရှိသလို နောက်ရှိလာဖို့လည်း မလွယ်လှတဲ့ မက်ဆီ စိုက်ထူခဲ့တဲ့ အားစိုက်ထုတ်မှုဆိုတာ အမှန်ပါပဲ။

 

နှစ်ကျော့ပေါင်း သွင်းဂိုးအပြတ်ဆုံး ဥရောပနိုင်ပွဲစံချိန် ရှင် ဘင်ဖီကာ

ဥရောပပြိုင်ပွဲတွေဆိုတာ ဘယ်ပွဲစဉ်မဆို အကြိတ်အနယ် သူတင်ကိုယ်တင်ချည်းပါပဲ။ အလံမလှဲစတမ်း ယှဉ်ပြိုင်ကြရတာပါ။ တစ်ဖက်သတ်ျဖစ်ခဲ့တဲ့ ဘောလုံးပွဲဆိုတာ အတော်လေး ရှားပါတယ်။ အခုပွဲက 1969-66 ကာလတုန်းက ဘင်ဖီကာအသင်းနဲ့ လူဇင်ဘတ်ကလပ် Stade Dudelange အသင်းတို့ ကစားခဲ့တဲ့ ပွဲပါ။ ပထမအကျော့မှာတင် ဆယ်ဂိုး၊ ဒု-ကျော့မှာ ရှစ်ဂိုးသွင်းပြီး နှစ်ကျော့ပေါင်း ရလာဒ်မှာ ဘင်ဖီကာအသင်းက ဆယ့်ရှစ်ဂိုး ဂိုးမရှိ နဲ့ လူဇင်ဘတ်က ကလပ်အသင်းကို ရက်ရက်စက်စက် ချေမှုန်းခဲ့ပါတယ်။ ဒီဖြစ်စဉ်မျိုးက ဥရောပပြိုင်ပွဲကြီးမှာ အဲဒီတစ်ပွဲပဲ ရှိခဲ့ဖူးပါတယ်။ ခေတ်သစ်ဘောလုံးလောကမှာ ထပ်တွေ့လာရဖို့လည်း ခဲယဉ်းနေဦးမှာပါ။

 

ပရီးမီးယားလိဂ်ရဲ့ တန်းဆင်းစံချိန်မှာ အမှတ်အများဆုံးရပြီးမှ တန်းဆင်းခဲ့ရတဲ့ ဝက်စ်ဟမ်းအသင်း (42 မှတ်)
2002-2003 ရာသီက ဖြစ်ခဲ့တာပါ။ အတော် အံ့အားသင့်စရာပါပဲ။ အဲဒီတုန်းက ဝက်စ်ဟမ်း နဲ့ ဘော်လ်တန်အသင်း ၂သင်းက ၄၁ မှတ် ကိုယ်စီ နဲ့ ပြိုင်တူ တန်းဆင်းဇုန်ထဲမှာ ရာသီပိတ် နောက်ဆုံးပွဲကန်ခဲ့ကြပါတယ်။ ဝက်စ်ဟမ်းအသင်းက ကံဆိုးရွားစွာပဲ ဘာမင်ဂမ်ကို သရေကျခဲ့ပြီး ဘော်လ်တန်ကတော့ မစ်ဒယ်ဘရော့ဆီက အနိုင်သုံးမှတ်ယူသိမ်းခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ဂျာမိန်း ဒီဖိုး၊ မိုက်ကယ်ကာရစ်၊ ဂျိုကိုးလ်၊ ဂလင်းဂျွန်ဆင်၊ ဒေးဗစ်ဂျိမ်းတို့လို လူငယ်ခြေတက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းဖြစ်တာကြောင့် အဲဒီရာသီက အန္တရာယ်အရှိနိုင်ဆုံး အသင်းနေနဲ့ အားလုံးရဲ့ အာရုံစိုက်မှုကို ရနေခဲ့တဲ့ ရာသီပါ။ ဝက်စ်ဟမ်းအသင်းဟာ အမှတ်အနေနဲ့တော့ ၄၂ မှတ် ဆိုတဲ့ စံချိန်တင်အမှတ်ကို ပရီးမီးယားလိဂ်သမိုင်းကြောင်းရဲ့ တန်းဆင်းအသင်းတွေထဲမှာ အမှတ် အများဆုံးအနေနဲ့ ရယူခဲ့ပြီး ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။

 

စပိန်လာလီဂါ သွင်းဂိုး ၃၀၀ ပြည့်ဖို့ ပွဲအနည်းဆုံး ကစားခဲ့တဲ့ စံချိန်ရှင် – စီရော်နယ်ဒို (286 ပွဲ)

သူကန်သွင်းတဲ့ ဘောလုံးရဲ့ ပြင်းအားဟာ အဟုန်ပြင်းတဲ့မုန်တိုင်းတစ်လုံးလိုပါပဲ။ ပစ်မှတ်ဆီ တည့်တည့်မတ်မတ်ရောက်လာတဲ့ မြှားတစ်စင်းရဲ့ အလျင်နှုန်းနဲ့ပါ။ မှတ်မိချင်စရာက 2009 ခုနှစ်မှာ မန်ယူအသင်းကနေ စပိန်လာလီဂါ ဘီလူးကြီး တော်ဝင်ရီးရဲမက်ဒရစ်ဆီ ပြောင်းလာတော့ တစ်ကမ္ဘာလုံးက ပါးစပ်ဖျားတိုင်းမှာ သူ့အကြောင်းချည်း ညံနေခဲ့ပါတယ်…။ လှောင်ပြောင်ရယ်မောပစ်လိုက်ဖို့ အားလုံးလက်တွဲ အသင့်ပြင်နေတုန်းမှာပဲ…။

စီရော်နယ်ဒိုဆိုတာ ဂိုးပေါင်း ၃၀၀ ကို လာလီဂါသမိုင်းတစ်လျှောက် အချိန်အတိုဆုံးနဲ့ သိမ်းပိုက်စီးနင်းပြီးပါပြီ။ ဘယ်ကို ရောက်သွားတဲ့ လှောင်ပြောင် သံမျိုးတွေလဲ။ စပိန်မှာ တော်ဝင်မက်ဒရစ်အသင်းနဲ့ ဘောလုံးရာသီ ကိုးရာသီစာ ဂိုးမုန်တိုင်းတွေ တရကြမ်း ထန်ခဲ့တာ ဘယ်သူ့လက်ချက်များပါလိမ့်။ စီရော်နယ်ဒို ဆိုတဲ့ ထိလွယ်ရှလွယ် စိတ်ခံစားလွယ်သူကြီးဟာ ဘယ်အခြေအနေဆိုးအောက်မှာမှ ကိုယ့်ကိုယ်ကိုယ် ပစ်မထားခဲ့။ ပစ်ချမထားခဲ့။ ကမ္ဘာမှာ ကျယ်လောင်ခဲ့တဲ့ လှောင်ရယ်သံတွေ၊ ပြစ်တင်သံတွေဟာ သူပြန်တိုက်ခတ်လာမယ့် မုန်တိုင်းအင်အားစုရဲ့ ပျိုးထောင်မှုတွေ ဖြစ်ခဲ့ရဲ့…။

အခုရော ဘာအသံတွေ ထပ်ရှိလာဦးမလဲ။ စီရော်နယ်ဒို နားစွင့်နေပါတယ်။ သူ့ကိုယ်သူထဲ တိုးဝင်၊ သူ့ကိုယ်သူပျိုးရင်း သူ့ဘာသာ အားထုတ်ရင်း အံ့ဖွယ်သရဲ၊ အချိန်တွေ အတော်ကြာခဲ့အပြီးမှာ အမေးဇင်း စီရော်နယ်ဒို ဆိုပြီး ဖြစ်လာခဲ့။ သူလုပ်ပြခဲ့တဲ့ အရာရာ။ ဂိုး ၃၀၀ တဲ့လား။ အချိန်နဲ့အမျှ တိုးတက်နေသူတစ်ယောက်ကို အချိန်ဟာ မျက်ကွယ်ပြုနိုင်ဦးပါ့မလား။

 

Ref: Topbuzz “7 Records That Will Be Near Impossible to Break”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top