ဉာဏ်ရည် မြင့်မားသူတွေသာ ပြုလုပ်လေ့ရှိတဲ့ အချက် ၇ ချက်

confident-latino-boy-smiling-at-camera-during-PA76XR2.jpg

သိပ္ပံနည်းကျကျ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ တိုင်းတာမှုကြောင့် ဉာဏ်ရည် ဉာဏ်သွေးဆိုတာ အမြဲတမ်းယှဉ်ပြိုင်နေရတဲ့ အမျိုးအစားတစ်ခုလို ဖြစ်နေပါတယ်။
စာမေးပွဲမှာ အမှတ်ကောင်းကောင်းရတဲ့ ကလေးတွေက အမှတ်နည်းတဲ့ ကလေးတွေထက် ဉာဏ်ရည် ပိုသာတယ်လို့ သတ်မှတ်ခံရသလို စည်းမျဉ်းစည်းကမ်းနဲ့ လိုက်လျောညီထွေ နေတဲ့သူတွေက ကိုယ်ပိုင် ဖန်တီးနိုင်စွမ်း ရှိသူတွေထက် ပိုပြီး အမြော်အမြင် ရှိတယ်လို့ အထင်ခံရပါတယ်။

ဒီလိုမျိုး ဉာဏ်ရည် ညဏ်သွေးဆိုတာကို အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆိုကြတဲ့အပေါ် စာဖတ်သူတို့ကရော ဘယ်လိုမြင်ပါသလဲ။ စာဖတ်သူ ကိုယ်တိုင်ကရော ဉာဏ်ကောင်းတယ်လို့ ကိုယ့်ကိုယ်ကို ယူဆပါသလား။ ဉာဏ်ရည် မြင့်မားတဲ့လူလို့ သတ်မှတ်နိုင်တဲ့ အရည်အသွေး (၇) မျိုးကို ပြောပြပေးမယ်နော်။

၁။ ညည့်နက်မှ အိပ်လေ့ရှိတယ်

ညည့်နက်မှ အိပ်လေ့ရှိသူတွေက စောစောအိပ်သူတွေထက် ပိုဉာဏ်ကောင်းတယ်လို့ ဆိုကြပါတယ်။ ဒီလိုဆိုတော့ ဉာဏ်ကောင်းအောင်လို့ ညဘက်နောက်ကျတဲ့ အထိနေဦးမှလို့တော့ မတွေးနဲ့နော်။ ဆိုလိုချင်တာက ညဉ့်နက်မှ အလုပ်လုပ်ရတာ အာရုံစူးစိုက်မှု ကောင်းတယ်ဆိုတဲ့သူတွေနဲ့ ဉာဏ်ရည်မြင့်ခြင်းကြားမှာ ဆက်စပ်မှုရှိနေတာပါ။

၂။ ဘာသိဘာသာနေတတ်သူ (Introvert) ဖြစ်တယ်

ဘာသိဘာသာနေတတ်သူ လူတွေနဲ့ ဆက်ဆံရမှာကို ရှက်တတ်ပြီး မနှစ်ခြိုက်သူ (introvert) တွေက ဘွင်းဘွင်းပျော်ပျော်သမား (extrovert) တွေထက် ပိုပြီး ဉာဏ်ကောင်းတယ်လို့ ပြောကြပါတယ်။ မွေးရာပါ စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု ဗဟိုဌာန (The Gifted Development Centre) က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ မွေးရာပါ စွမ်းရည်ရှိတဲ့ ကလေးတွေရဲ့ ၆၀ ရာခိုင်နှုန်းက အမူအရာအားဖြင့် Introvert တွေ ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ IQ မြင့်တဲ့ ကလေးတွေကလည်း introvert တွေပဲ ဖြစ်ကြပါတယ်။

၃။ ပျော်ပျော်နေတတ်သူဖြစ်တယ်

တခြားသူတွေကို ရယ်မောနိုင်အောင် လုပ်ပေးနိုင်တယ်ဆိုရင် သင်က တခြားသူတွေထက် ဉာဏ်ရည်မြင့်တာ သေချာနေပါပြီ။ ပျော်ပျော်နေတတ်သူတွေက ဟာသဉာဏ်နဲ့ ဖန်တီးနိုင်စွမ်း ပိုသာတာကြောင့် သူတို့နဲ့ စကားပြောလို့ ပျင်းသွားရတယ်ဆိုတာမျိုး မရှိပါဘူး။

၄။ မသိနားမလည်တဲ့ အရာကို အရှိအတိုင်းလက်ခံတယ်

ဉာဏ်ရည်မြင့်တဲ့သူတွေက တစ်ခုခုကို မသိတဲ့ အခါ ဝန်ခံဖို့ မနှောင့်နှေးတတ်ကြပါဘူး။ အရာရာတိုင်းကို သိချင်ယောင် မဆောင်ပါဘူး။ သူတို့မှာရှိတဲ့ ဗဟုသုတကို အရှိအတိုင်း ကျေနပ်လက်ခံသလို အသစ်အသစ်သော အရာတွေကိုလည်း သင်ယူလေ့လာဖို့ အမြဲ အဆင်သင့်ရှိကြပါတယ်။

၅။ အရာရာကို စူးစမ်းလေ့လာချင်တယ်

အရာရာကို လေ့လာစပ်စုတတ်တယ် ဆိုတာက အခြားသူတွေထက် ပိုဉာဏ်ကောင်းတဲ့ လက္ခဏာကို ပြနေတတ်ပါ။

၆။ စိတ်သဘောထား ပွင့်လင်းသူ ဖြစ်တယ်

စိတ်သဘောထားပွင့်လင်းသူတွေက ဘဝမှာ ကြုံတွေ့ရသမျှကို မတူညီတဲ့ ရှုထောင့် အမျိုးမျိုးကနေ မြင်တတ်ကြတယ်။ ထင်မြင်ချက် အမျိုးမျိုးကိုလည်း လက်ခံနိုင်ပြီး စိတ်ကူးအသစ်တွေကို ရှာဖွေသူတွေလည်း ဖြစ်ပါတယ်။

၇။ တစ်ပါးသူအပေါ် စာနာစိတ်ရှိတယ်

ဉာဏ်ပညာမြင့်တယ်ဆိုတိုင်း ဘယ်သူ့ကိုမှ လူမထင်သလို ဆက်ဆံတဲ့ ဉာဏ်ကျယ် တွေကိုတော့ မဆိုလိုပါဘူး။ တကယ့်ကို ဉာဏ်ရည်မြင့်တဲ့သူတွေက တစ်ပါးသူအပေါ် စာနာစိတ် အပြည့်ရှိပါတယ်။ ဒါကြောင့်မို့လည်း စိတ်ခံစားမှုထောက်လှမ်းရေး (Emotional Intelligence) ဆိုတာက လူတိုင်းရှိဖို့ မလွယ်တဲ့အရာဖြစ်လာတာပါ။
ရိုးရာလေးပရိသတ်တွေကရော အပေါ်မှာပြောထားတဲ့ အချက်တွေနဲ့ ဘယ်နှစ်ချက် ကိုက်ညီနေလဲ ပြောသွားဦးနော်။

Ref: short brains “7 things you don’t know you’re doing because you’re Highly Intelligent”

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top