သင့် နှလုံးသွေးကြော မပိတ်ဆို့မီ ခန္ဓာကိုယ်က ပြနေတဲ့ လက္ခဏာ (၇) ခု

red-and-white-blood-cells-in-the-vein-leukocyte-GY5WAD2.jpg

တီဗီနဲ့ ရုပ်ရှင်တွေမှာ တွေ့ရတဲ့ နှလုံးသွေးကြော ပိတ်ဆို့ခြင်း ဝေဒနာခံစားရတဲ့ လက္ခဏာတွေက ရင်ဘတ်တွေ တင်းကြပ်လာတာမျိုးတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်အပြင်မှာတော့ (အထူးသဖြင့်) အမျိုးသမီးတွေမှာ ရင်ဘတ်နာကျင်တာတွေ မဖြစ်ဘဲ နှလုံးသွေးကြောပိတ်ဆို့တာသာ ဖြစ်တတ်တာပါ။

သွေးတိုးတာနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းနာကျင်မှုတွေလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ ခေါင်းမူးခြင်း၊ မအီမသာဖြစ်ခြင်း၊ အဝလွန်ခြင်းတွေကလည်း ရောဂါရဲ့ တခြား လက္ခဏာတွေ ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေထဲက တချို့ဖြစ်နေပြီဆိုရင် ဆရာဝန်ကိုပြဖို့ တုံ့ဆိုင်းမနေပါနဲ့တော့။

သွေးဖိအားမငြိမ်ခြင်း

အမေရိကန် နှလုံးရောဂါ အသင်းအဖွဲ့က ထုတ်ပြန်ထားတဲ့ နှလုံးသွေးကြော ပိတ်ဆို့ခြင်း လက္ခဏာတွေရဲ့ ပထမဆုံး ခံစားရနိုင်တဲ့ လက္ခဏာကတော့ သွေးဖိအား မတည်ငြိမ်တာ၊ ညှစ်လိုက်သလို ခံစားရခြင်း ဒါမှမဟုတ် ရင်ဘတ် အလယ်တည့်တည့်က နာကျင်တာဖြစ်ပါတယ်။ ဒီလိုဖြစ်တာဟာ တစ်ကြိမ်မှာ တစ်မိနစ်ထက်ပိုပြီး ဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်အပေါ်ပိုင်းနာကျင်မှု

ဒါပေမဲ့ ရင်ဘတ်ကလွဲလို့ တခြားနေရာတွေမှာလည်း နာကျင်မှု ဖြစ်နိုင်ပါသေးတယ်။ နှလုံးမှာ အဆုံးသတ် အာရုံကြော အများကြီး မရှိပါဘူး။ ဒါကြောင့် အာရုံကြောနဲ့ ဆက်နွယ်နေတဲ့ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေ နောက်ကျော၊ ပုခုံး၊ လက်မောင်း၊ လည်ပင်း ဒါမှမဟုတ် မေးရိုးမှာလည်း ဖြစ်တတ်ပါတယ်။ တချို့ အမျိုးသမီးတွေဆို သူတို့ကျောပေါ်မှာ ဆင်တစ်ကောင် တက်ထိုင်နေသလို ခံစားရတယ်လို့ ဆိုကြပါတယ်။

မူးဝေခြင်း

နှလုံးလမ်းကြောင်း ပိတ်ဆို့ခြင်းဟာ သင့်ကို ရုတ်တရက် သတိဆုံးရှုံသွားမှာ မဟုတ်ပေမဲ့လည်း နှလုံးနဲ့ ဦးနှောက်ကို အောက်ဆီဂျင် သယ်ဆောင်ပေးနေတဲ့ သွေးကို လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် သင့်ကို ခေါင်းမူးတယ်လို့ ခံစားရစေတာပါ။

အဝလွန်ခြင်း

အိပ်မပျော်တဲ့ညတွေ ဒါမှမဟုတ် စိတ်ဖိစီးမှုများတဲ့နေ့တွေမှာ အားကုန် ပင်ပန်းခြင်းကို ခံစားရတာဟာ သာမန်ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးဦးရေ တစ်ဝက်ကျော်ကျော်လောက်ဟာ နှလုံး သွေးကြောပိတ်ဆို့တဲ့ရောဂါမဖြစ်ခင် တစ်လထက်ပိုပြီး အရမ်းမောပန်းနေတာ ဒါမှမဟုတ် အားနည်းတာတွေ ခံစားရတတ်ပါတယ်။

ချွေးထွက်ခြင်း

အမျိုးသမီးတစ်ယောက်ဟာ သွေးဆုံးအရွယ် ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်ပြီးစအချိန်မှာ ချွေးစေးထွက်တာ ဒါမှမဟုတ် အလွန်အမင်း ချွေးထွက်လွန်းတာဟာ အာရုံကြောစနစ်ကို လှုံဆော်ပေးတဲ့ နှလုံးသွေးကြောပိတ်ဆို့တဲ့ရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

မအီမသာဖြစ်ခြင်း

နှလုံးသွေးကြောပိတ်ဆို့ပြီဆိုရင် မအီမသာဖြစ်တာလည်း ခံစားရနိုင်ပါတယ်။ ဒီလို မအီမသာ ဖြစ်တာဟာ အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာ နှစ်ဆ ပိုပြီး ဖြစ်နိုင်ပါတယ်။ (အများစုကတော့ သူတို့ တုတ်ကွေးရောဂါလည်း ခံစားရတယ်။) သင်စားနေတဲ့ အစားအသောက်ကြောင့် မဟုတ်ဘဲ ရုတ်တရက်နဲ့ ပုံမှန် မအီမသာဖြစ်တယ်ဆိုရင် ဂရုတစိုက်နေထိုင်ဖို့ လိုနေပါပြီ။

အသက်ရှူမဝခြင်း

ကာယလေ့ကျင့်ခန်းဟာ မပြောပြတတ်အောင် ပိုပင်ပန်းနေပြီဆိုရင် ဆရာဝန်ဆီသွားပါ။ လှေကားကို ပြေးတက်လိုက်တဲ့အခါ အသက်ရှူမဝတာမျိုး၊ အိပ်နေရာကနေ နိုးလာတာမျိုး ခံစားရပြီဆိုရင် အရေးပေါ်ဌာနကို ပြသဖို့ လိုနေပါပြီ။

Ref : www.womansday.com

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top