မြန်မာနိုင်ငံမှ နိုင်ငံ (၁၂) နိုင်ငံကို ဖုန်းခေါ်ဆိုရာမှာ ပြည်တွင်းဖုန်းခေါ်ဆိုမှုအတိုင်း ကောက်ခံသွားမယ့် Mytel

Mytel-International-Call-Pic-1-e1554264877554.jpeg

မြန်မာနိုင်ငံရဲ့ ခေတ်မီအဆန်းသစ်ဆုံး နှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel ဟာ မြန်မာနိုင်ငံမှ ခရီးသွားတွေ မကြာခဏ သွားရောက်လေ့ရှိတဲ့နိုင်ငံ (၁၂) ခု ကို မြန်မာနိုင်ငံမှ ဖုန်းခေါ်ဆိုရာမှာ ပြည်တွင်းဖုန်းခေါ်မှု နှုန်းထားတွေအတိုင်း ကောက်ခံသွားမှာဖြစ်ပါတယ်။

သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ အန္ဒိယ၊ မလေးရှား၊ စင်္ကာပူ၊ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုရှိ Mytel သုံးစွဲသူထံ မြန်မာနိုင်ငံက Mytel သုံးစွဲသူတွေမှ နိုင်ငံရပ်ခြားခေါ်ဆိုမှုပြုပါက တစ်မိနစ်လျှင် (၂၅) ကျပ် ကောက်ခံသွားမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ ဂျပန်နဲ့ ထိုင်းသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် (၄၀) ကျပ် ကောက်ခံသွားမှာဖြစ်ပါတယ်။ နိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှုတွေကို (၆၀) စက္ကန့်နှုန်းထားနဲ့ ကောက်ခံသွားမှာဖြစ်ပြီး ဖုန်းခေါ်ဆိုတဲ့မိနစ်အလိုက် ကောက်ခံသွားမှာဖြစ်ပါတယ်။

Mytel သုံးစွဲသူတွေအနေနဲ့ မိမိတို့ ဆက်သွယ်မဲ့ကာလပေါ် မူတည်ပြီး ဝန်ဆောင်မှုနှစ်မျိုးအား ရယူနိုင်ပြီး အပတ်စဉ် (၇) ရက်အတွက် (၁၅၀) ကျပ် (အခွန်ပါပြီး) နဲ့ လစဉ် (၃၀) ရက်အတွက် (၄၀၀) ကျပ် (အခွန်ပါပြီး) ဝန်ဆောင်မှုတွေကို ရယူနိုင်ပြီဖြစ်ပါတယ်။ Mytel သုံးစွဲသူတွေအနေနဲ့ ဝန်ဆောင်မှုတွေရယူထားပါက နိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှုတွေအတွက် အထူးသက်သာသောဈေးနှုန်းတွေနဲ့ ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။

Mytel သုံးစွဲသူများအနေနဲ့ ဝန်ဆောင်မှုကို ရယူလိုပါက 966 သို့ HW25 ဟု စာတိုပေးပို့၍သော်လည်းကောင်း၊ 96655# သို့ ဖုန်းခေါ်ဆို၍သော်လည်းကောင်း သို့မဟုတ် Mytel အက်ပလီကေးရှင်းမှတဆင့် ဝန်ဆောင်မှုကို ဝင်ရောက်ရယူနိုင်မှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top