လူမှုကွန်ရက်၏ အကျိုးတရားများကို မီးမောင်းထိုးပြသပေးသည့် Social Media Forum 2019 အတွက် Mytel က ပါဝင်ပံ့ပိုးပေးခဲ့

Image_1.jpg

မြန်မာဆက်သွယ်ရေးအော်ပရေတာ Mytel သည် နိုင်ငံတော်သမ္မတရုံးမှဦးစီးကျင်းပသော Social Media Forum 2019 အား Gold Sponsor အဖြစ်ပံ့ပိုးကူညီခဲ့ပါသည်။ ဇွန်လ (၂၉) ရက်၊၂၀၁၉ က Pan Pacific Hotel တွင်ကျင်းပခဲ့သော အဆိုပါဆွေးနွေးပွဲ၌ “၂၀၂၀နှင့် လူမှုကွန်ရက်ဂရက်” ခေါင်းစဉ်ဖြင့် နယ်ပယ်အသီးသီးမှ ပတ်သက်သူများနှင့် ပညာရှင်အသီးသီးတို့က ဆွေးနွေးပြောဆိုခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် လူမှုကွန်ရက်မှရိုက်ခတ်လာနိုင်သည့်ကောင်းကျိုးများကိုမြှင့်တင်ရန်၊ ဆိုးကျိုးများကို လျှော့ချရန်နှင့် ပြဿနာဖြေရှင်းရန်နည်းလမ်းများကို အဓိကထားဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲပထမပိုင်းတွင် မြန်မာ့လူမှုကွန်ရက်၏ကောင်းကျိုး၊ ဆိုးကျိုးစိန်ခေါ်မှုများနှင့် ဖြေရှင်းရန်အဆိုပြုချက်များအား အကယ်ဒမီ အေးမြတ်သူ၊ မိတ်ကပ်ပညာရှင် မထက်၊ Aisa Model Star Award 2019 နှင့် Miss Myanmar World 2018 သရဖူပိုင်ရှင် ဟန်တီနှင့် Social Influencer များဖြစ်ကြသော မဖြိုးဖြိုးအောင်နှင့် အရည်ကြိုတို့ တက်ရောက် ဆွေးနွေးပေးခဲ့ကြပါသည်

ဒုတိယပိုင်းတွင် မြန်မာ့လူမှုကွန်ရက်ပေါ်၌ အပြုသဘောကို မည်သို့မြှင့်တင်မည်ဆိုသည့် ခေါင်းစဉ်အား Information Matrix ၏ အမှုဆောင်အရာရှိချုပ် ဦးသောင်းစုငြိမ်း၊ AYA Bank ၏ Managing Director ဦးချစ်ထွန်းဖေ၊ Rakuten Viber ၏ Business Development Manager ဦးနေရဲအောင်၊ မှုခင်းရဲတပ်ဖွဲ့မှ ရဲမှူး ကျော်သူဝင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါ်မော်မော်အေးတို့က ဆက်လက်ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံအား ဒီဂျစ်တယ်နိုင်ငံတစ်ခုအဖြစ်သို့ပြောင်းလဲရာတွင် Mytel က တစ်ထောင့်တစ်နေရာမှပါဝင်ပေးနေပြီး နိုင်ငံ၏အဓိကအချက်အခြာကိစ္စဖြစ်သော လူမှုကွန်ရက်၏အကျိုးတရားများအား ပြည်သူများသိရှိအောင် ရည်ရွယ်ထားကြောင်းသိရပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top