Mytel ကြောင့် e-SIM ကို မြန်မာနိုင်ငံမှာ ပထမဆုံးစမ်းသပ်အသုံးပြုနိုင်ပြီဖြစ်

E-Sim-Image_1.jpg

ကမ္ဘာနဲ့တစ်ဝှမ်းမှာ နည်းပညာတိုးတက်မှုတွေ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေတဲ့အလျောက် တိုးတက်ဆဲနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာဆိုရင်လည်း နိုင်ငံတကာနည်းတူ စမတ်ဖုန်းအသစ်တွေ device အသစ်တွေကို ဝယ်ယူစမ်းသပ် အသုံးပြုနေနိုင်ပြီဖြစ်ပါတယ်။ တချို့နည်းပညာတွေဆိုရင် တခြားနိုင်ငံတွေမှာတောင် ရဖို့ ခက်ခဲတာ၊ မရသေးတာတာတောင် မြန်မာနိုင်ငံသားတွေအသုံးပြုလို့ရနေတဲ့နည်းပညာတွေပါ။ အဲဒီထဲကမှ နိုင်ငံ (၁၀) နိုင်ငံ မှာပဲသုံးလို့ရသေးတဲ့ e-SIM နည်းပညာကို မြန်မာနိုင်ငံသူနိုင်ငံသားတွေ စမ်းသပ်အသုံးပြုနိုင်အောင် Mytel က ယူဆောင်လာပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါဆိုရင် e-SIM ဆိုတာဘာလဲ.. ဘယ်လိုသုံးရမှာလဲ

e-SIM ဆိုတာက embedded SIM လို့လည်းခေါ်သလို electronic ဖုန်းထဲမှာ ဆင်းကတ်ထည့်စရာမလိုပဲ QR Code Scan ဖတ်ပြီး set up လုပ်လိုက်တာနဲ့ ဖုန်းခေါ်ဆိုတာတွေ Internet အသုံးပြုတာတွေကို ပြုလုပ်နိုင်တဲ့ ကတ်စနစ်ဖြစ်ပါတယ်။ ဖုန်းထဲမှာထည့်သွင်းထားပြီးသား အီလက်ထရောနစ်ဆင်းကတ်ဖြစ်တဲ့အတွက် physical ဆင်းကဒ်မလိုပဲ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သိမ်းဆည်းနိုင်မှာလည်းဖြစ်ပါတယ်။

e-SIM ရဲ့ကောင်းတဲ့အချက်တွေကို ပြောမယ်ဆိုရင်တော့ ဆင်းကတ်ပျက်စီးသွားတာတွေ၊ အထားမှားပြီး ပျောက်ဆုံးတာတွေ ရှိစေမှာမဟုတ်တော့သလို micro SIM Card ၊ nano SIM Card တွေလိုမျိုး size မတူလို့ sim card extension အပိုတွေဆောင်ထားနေဖို့လည်းမလိုတော့ပါဘူး။ ဒါ့အပြင် စီးပွားရေးလုပ်ငန်ှးရှင်တွေလိုမျိုး ဆင်းကတ်နှစ်ခုသုံးချင်သူတွေအတွက်လည်း physical ဆင်းကတ်တစ်ခုထည့်သုံးချင်ရင် သုံးလို့ရ သေးတဲ့အတွက် စီးပွားရေးသုံးဖြစ်စေ၊ ကိုယ်ရေးကိုယ်တာအတွက်ဖြစ်စေ အဆင်ပြေလွယ်ကူစွာ အသုံးပြု နိုင်မှာဖြစ်ပါတယ်။

နိုင်ငံခြားကို ခဏခဏခရီးသွားရတဲ့ ခရီးသွားတွေအတွက်ပဲဖြစ်ဖြစ်၊ စီးပွားရေးသမားတွေအတွက်ပဲဖြစ်ဖြစ် roaming သီးသန့် e-SIM ထည့်ထားလို့ရတာကြောင့် နိုင်ငံတစ်နိုင်ငံရောက်တိုင်း လေဆိပ်မှာ ဆင်းကတ် အသစ်ဝယ်၊ ကိုယ့်ဆင်းကတ်အဟောင်းကိုထုတ်၊ အဲဒီနိုင်ငံဆင်းကတိကိုထည့်ရတဲ့ ကိစ္စမျိုးလည်း မဟုတ်တဲ့အတွက် မကြာခဏခရီးသွားတတ်တဲ့သူတွေနဲ့တော့ အံ့ကိုက်ပါပဲ။

ဒါဆိုရင် Mytel e-SIM ကို ဘယ်လိုဖုန်းတွေမှာ သုံးလို့ရပြီလဲ

လောလောဆယ် Mytel e-SIM သုံးလို့ရတဲ့ device တွေကတော့ iOS 12.1 နဲ့ အထက် iPhone XS၊ XS Max နဲ့ XR တို့အပြင် Google Pixel 3 နဲ့ 3XL တို့မှာပါသုံးလို့ရမှာဖြစ်ပြီး နောက်ဆိုရင်တော့ Device တိုင်းလိုလိုမှာ သုံးလို့ရလာနိုင်မှာဖြစ်ပါတယ်။

ပြီးတော့ ကိုယ့်ဖုန်းမှာ physical ဆင်းကတ်တစ်ခုနဲ့ e-SIM တစ်ခုထပ်မက ထည့်ထားလို့လည်းရပါတယ်။ physical ဆင်းကတ်ကို primary ထားပြီး e-SIM ကို secondary ထားလို့ရပြီး dual sim card slot မလိုဘဲ dual sim card လိုမျိုး သုံးလို့ရမှာပါ။ physical ဆင်းကတ် မထည့်ဘူးဆိုရင်လည်း physical ဆင်းကတ်မပါပဲ e-SIM ကိုပဲ primary ဒါမှမဟုတ် secondary ထားပြီး သုံးလည်းရပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက ကိုယ်သုံးတဲ့ device ရဲ့ နည်းပညာပေါ်မူတည်ပြီး e-SIM နှစ်ခုလုံးကို တစ်ပြိုင်တည်းသုံးလို့ရတဲ့ device တွေရှိသလို သုံးလိုမရတဲ့ device တွေလည်းရှိနိုင်ပါတယ်။

နည်းပညာရေစီးကြောင်းရဲ့ တိုးတက်လာမှုတွေကို မြန်မာနိုင်ငံသားတွေ အမီလိုက်နိုင်အောင် ဆောင်ရွက်ပေးနေတဲ့ Mytel ရဲ့ eSIM ကိုအသုံးပြုသူတွေအနေနဲ့ မကာအို၊ အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကနေဒါနဲ့ အခြားနိုင်ငံပေါင်း (၁၂) နိုင်ငံက eSIM နည်းပညာထောက်ပံ့ပေးနိုင်တဲ့ ဆက်သွယ်ရေးကွန်ရက်တွေကို အလွယ်တကူ ပြောင်းလဲချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာ Mytel ဟာ ဆက်သွယ်ရေးဈေးကွက်ကို နောက်ဆုံးမှဝင်ရောက်ပေမဲ့လည်း အချိန်တိုအတွင်းမှာပဲ သုံးစွဲသူ (၅) သန်းကျော် အခိုင်အမာရရှိထားတဲ့ အော်ပရေတာတစ်ခုပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top