Suzuki GLX ကားသစ် (၆) စီးရရှိနိုင်မည့် Mytel ၏ တစ်နှစ်ပြည့်အထိမ်းအမှတ် ကံစမ်းမဲအစီအစဉ်

57572800_609791479432777_6152348099546185728_n.jpg

မြန်မာနိုင်ငံဈေးကွက်တွင် အသက်သာဆုံးဝန်ဆောင်မှုများ၊ အကောင်းဆုံးဒေတာအစီအစဉ်နှင့်နှူန်းထားများ ပေးစွမ်းနေသော မြန်မာဆက်သွယ်ရေးအော်ပရေတာ Mytel သည် တစ်နှစ်တာပြည့်မြောက်သွားသည့် အထိမ်းအမှတ်အနေဖြင့် ကံစမ်းမဲအစီအစဉ်အသစ်တစ်ခုအား စတင်မိတ်ဆက်ခဲ့ပါသည်။ ဤအစီအစဉ်တွင် Suzuki GLX ကားအသစ် (၆) စီးပေးအပ်သွားမည်ဖြစ်ပြီး Samsung Smart TV များ၊ Mytel FTTH၊ Apple Airpods များနှင့် အခြားမြောက်များစွာသောဒေတာလက်ဆောင်များကိုပါ ထည့်သွင်းပေးအပ်သွားမည်ဖြစ်သည်။

သုံးစွဲသူများသည် ယခု အစီအစဉ်တွင် လစဉ်သုံး ဒေတာ pack ဝယ်ယူခြင်းဖြင့် ကံစမ်းမဲ ကုဒ်နံပါတ်တစ်ခု ရရှိမှာဖြစ်ပြီး အစီအစဉ်သို့ ဝင်ရောက်ဆင်နွှဲနိုင်ပါသည်။ထိုသို့ပြုလုပ်ခြင်းဖြင့် 100 MB ၊ 1 GB ၊ 10 GB နှင့် 100 GB တို့ကို နေ့စဉ်ရရှိနိုင်မည့်အခွင့်အရေးတို့ကိုပါ ရရှိနိုင်မည်ဖြစ်ပါသည်။ ပရိုမိုရှင်း ကာလမှာ၂၀၁၉ မေ ၂၉ ရက်မှစ၍ ဇူလိုင် ၃၁ ရက်နေ့အထိ ဖြစ်သည်။

Mytel သည် မြို့နယ်ပေါင်း (၃၃၀) ကို အကျယ်ပြန့်ဆုံး 4G ကွန်ရက်ဖြင့်လွှမ်းခြုံထားကာ နေ့စဉ်ပုံမှန်သုံးစွဲသူ (၅) သန်းကျော်ဖြင့် တစ်နှစ်မပြည့်မီအချိန်အတွင်း တတိယမြောက် ပုံမှန်အသုံးပြုမှုအများဆုံးရှိသည့်ဆက်သွယ်ရေး အော်ပရေတာအဖြစ် ရပ်တည်နေပါပြီး သုံးစွဲသူများ၏ အမူအကျင့်များ၊ လိုအပ်ချက်များကို အစဉ်အမြဲ နားလည်နိုင်ရန် ဂရုစိုက်လေ့လာလျက်ရှိပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top