စိတ်ဖိစီးမှုများတဲ့အခါ မက်တတ်တဲ့ အိပ်မက်များအကြောင်း

d.gif

စိတ်ဖိအားများစေတဲ့ အခြေအနေကြား ရောက်နေတဲ့အခါမျိုးတွေ၊ ပူပန်နေတတ်တဲ့အခါမျိုးတွေ၊ အစိုးရိမ်လွန်နေတဲ့အခါမျိုးတွေမှာ လူတော်တော်များများ မက်တတ်တဲ့အိမ်မက်တွေဟာ ယေဘုယျအားဖြင့် တူညီပါတယ်။ ဒီလိုအိမ်မက်မျိုးတွေက အိမ်မက်ဆိုးတွေလို ကြောက်စရာမကောင်းပေမယ့် အိမ်မက်ဆိုးတွေထက် စာဖတ်သူကိုရင်တုန်စေမှာ အမှန်ပါပဲ။ ဒီအိမ်မက်တွေထဲကမှ အမက်အများဆုံး အိမ်မက် ၅ ခုအကြောင်း လေ့လာကြရအောင်။

၁။ အမြင့်က ပြုတ်ကျခြင်း

ဟိုးအမြင့်ကြီးက ပြုတ်ကျသလိုခံစားရကာ ချွေးတွေရွှဲပြီး လန့်နိုးလာဖူးပါသလား။ ဒီအိမ်မက်က ကိုယ့်ကိုယ်ကိုယ်မလုံခြုံသလို ခံစားနေရတဲ့ လက္ခဏာဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး၊ အလုပ်၊ ကျန်းမာရေးတွေမှာ ဆုံးရှုံးရမှာတွေ၊ စိုးရိမ်မှုတွေ သိပ်များနေရင် မက်လေ့ရှိတတ်ပါတယ်။

၂။ တစ်ခုခု အနောက်ကအလိုက်ခံရခြင်း

ပြေးတော့ပြေးနေတာပဲ။ ဘယ်အရာမှန်းတော့ သေချာမသိဘူး။ ကိုယ့်မှာ မောကြီးပန်းကြီးနဲ့ တစ်ခုခုလိုက်နေတာကို အသည်းအသန်ပြေးနေရသလို မြင်မက်ဖူးပါသလား။ ဒါကတော့ လက်တွေ့ဘဝမှာ သင်ဟာတစ်ခုခုကို ရှောင်ပြေးချင်နေပြီး အဲ့ဒီအရာကိုလည်း မျက်နှာချင်းဆိုင်ဖို့ မဝံ့မရဲဖြစ်နေခြင်းကို ပြသပါတယ်။

၃။ သွားကျိုးခြင်း

သွားဆိုတာ လူတစ်ယောက်ရဲ့စွမ်းအားလို့ အဓိပ္ပါယ်ဖော်ပါတယ်။ သွားကျိုးတယ် သို့မဟုတ် သွားဆရာဝန် ဒါမှမဟုတ် တစ်ယောက်ယောက်က သွားကိုဆွဲနှုတ်လိုက်တယ်လို့ အိမ်မက်မက်တယ်ဆိုရင် သေချာတာက သင့်မှာရင်ဆိုင်ရမယ့် ကိစ္စအကြီးကြီးတစ်ခုရှိနေပြီး သင်ကဒါကိုရင်ဆိုင်ဖို့ အသင့်မဖြစ်သေးဘူးလို့ ကိုယ့်ကိုယ်ကို ထင်နေတာပါ။ ရှောင်လို့မရဖြစ်နေပြီး ကိုယ့်ကိုယ်ကိုလည်း အင်အားအလုံအလောက်မရှိဘူးလို့ ထင်နေပါတယ်။

၄။ တစ်ခုခုချိန်းထားတာနောက်ကျပြီးမှ ရောက်ခြင်း

ဒီအိမ်မက်မက်ရင်တော့ ဘဝမှာ လျှောက်လှမ်းဖို့ ဖြတ်ကျော်ဖို့ချမှတ်ထားတဲ့ ခြေလှမ်းတွေအတွက် ကိုယ်ကိုယ်ကိုယ် ဘာမှမပြင်ဆင်ရသေးဘူးဆိုပြီး စိတ်ဖိအားများနေတာကို ဆိုလိုပါတယ်။

၅။ အဝတ်ဗလာဖြစ်နေခြင်း

ဒီကိစ္စကတော့ သင့်မှာ ဖွင့်ပြောလို့အဆင်မပြေတဲ့ အရှက်ရစရာကိစ္စတစ်ခုခုရှိနေတာကို ရည်ညွှန်းပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း အားနည်းနေပြီး စိုးရိမ်စိတ် များလွန်းနေပါတယ်တဲ့။

Ref : Truestressmanagement : Stress dreams and what they say about you

Sophia(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top