မန်စီးတီးအသင်းက အာဆင်နယ်တိုက်စစ်မှုး ဆန်ချက်ဇ်ကို တပတ်လုပ်ခ ပေါင် ၄ သိန်းပေးကမ်းလှမ်းမယ်

yyl-013.jpg

အာဆင်နယ် တိုက်စစ်မှုး ဆန်ချက်ဇ် ဟာ ဇန်နဝါရီအပြောင်းအရွေကာလအတွင်း အသင်းကနေ ထွက် ဖွယ်ရှိနေတယ်လို့သိရပါတယ်။

မန်စီးတီးအသင်း ဟာ ဆန်ချက်ဇ်ကို တစ်ပတ်ပေါင် ၄ သိန်းပေးကာ ခေါ်ယူဖို့ ကြိုးပမ်းနေတာကြောင့် ဆန်ချက်ဇ် ဟာ အသင်းက ထွက်ခွာဖွယ်ရှိနေတာဖြစ်တယ်လို့ ဗြိတိန် mirror ကဖော်ပြခဲ့ပါတယ်။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ ဟာ ချီလီတိုက်စစ်မှုး ဆန် ချက်ဇ်နဲ့အတူ ထမ်မံအလုပ်တွဲလုပ်ဖို့ စိတ်ဝင်စားနေတာကြောင့် ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွေကာလအတွင်းက ဆန် ချက်ဇ်ကိုခေါ်ယူဖို့ တွန်းအားပေးမှုတွေရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွေကာလအတွင်းက မန်စီးတီး ကဆန်ချက်ဇ်အတွက် ပေါင် ၆၀ သန်း နဲ့ခေါ်ယူဖို့ ကမ်းလှမ်းတာကို အာဆင်နယ် ကပယ်ချခဲ့ဖူးပါတယ်။ အာဆင်နယ် ဟာ ဆန်ချက်ဇ်နေရာကို အစားထိုးမယ့်သူ မ ရှိခဲ့တာကြောင့် မန်စီးတီးရဲ့ပေါင် ၆၀ သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။ ဒါအပြင် ပီအက်ဂျီအသင်းကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းအင်အားတောင့်တင်းစေဖို့ အာဆင်နယ်တိုက်စစ်မှုး ဆန်ချက်ဇ်ကို ခေါ်ယူဖို့နိုင်ဖို့ ဇန်နဝါရီလအတွင်းကြိုးပမ်းလာဖွယ်ရှိနေပါတယ်။ မန်စီးတီး ဟာဆန်ချက်ဇ်ကို တပတ်အခြေခံလစာ ပေါင် ၃၂၅၀၀၀ အပြင် ပုံရိပ်အသုံးပြုခအဖြစ်နောက်ထပ် ပေါင် ၇၅၀၀၀ ပေးကာ ကမ်းလှမ်းမှာဖြစ်ပါတယ်။

Ref: espnfc.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top