ကြာကြာဝါးမည့်သွား အရိုးကြည့်ရှောင်

20161025p_large.png

တစ်ခါတလေမှာ လက်ရှိကြုံနေရတဲ့ ပြဿနာတွေကို ဖြစ်ချင်ရာဖြစ်ဆိုပြီး ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်ချင်ပေမယ့် အဲဒီလိုလုပ်ဖို့ မလွယ်ကူတာတွေ ရှိနေတတ်ပါတယ်။

ကိုယ့်မှာ ငဲ့ကွက်စရာတွေ၊ ဒီထက်ပိုကြီးမားတဲ့ ရည်မှန်းချက်တွေရှိနေတဲ့အခါ လတ်တလော ကိစ္စတွေကို ကြိတ်မှိတ်သည်းခံရတာတွေရှိပါတယ်။ ဒီလိုအချိန်အခါမျိုးတွေအတွက်ဆိုရင် “ကြာကြာဝါးမယ့်(မည့်)သွား အရိုးကြည့်ရှောင် ” ဆိုတဲ့ စကားပုံက လမ်းညွှန်ကောင်းပါပဲ။ ဒီအပြင်လည်း ရေရှည်မျှော်မှန်းချက်ကိုမထိခိုက်အောင် အစစအရာရာ သတိထားဆင်ခြင်သွားသင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လည်း ဒီစကားပုံကို အသုံးပြုကြပါတယ်။

အနောက်တိုင်းဆိုရိုးစကားတစ်ခုကလည်း “စစ်ပွဲကြီး တစ်ခုလုံး အောင်မြင်ဖို့အတွက် တချို့တိုက်ပွဲငယ်တွေမှာ အရှုံးခံသင့်ရင်အရှုံးခံရမယ်” လို့ ဆိုပါတယ်။ ကိုယ့်ရဲ့ အဓိက ပန်းတိုင်ဟာ ဘာလဲဆိုတာကို ကျကျနနသိနေပြီး အဲဒီကိုရောက်ဖို့အတွက် လိုအပ်တဲ့ အားထုတ်မှုတွေ၊ အနစ်နာခံမှု၊ သည်းခံမှုတွေ ပေးဆပ်ရင်း ကြိုးစားသူတွေဟာ အောင်မြင်မှုနဲ့ တကယ်တမ်းထိုက်တန်သူတွေပါပဲ။

ကိုးကား ။ ။ “လှသမိန်” ပြုစုသည့် “မြန်မာစကားပုံ အဘိဓာန်”

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top