အင်စတာဂရမ်မှာ ကြက်ဥတစ်လုံးရဲ့ အသာစီးရယူမှုကို ခံလိုက်ရတဲ့ ကိုင်လီဂျန်နာ (Kylie Jenner)

most-liked-image-on-instagram_tcm25-554802.jpg

အင်စတာဂရမ်မှာ နာမည်ကြီးလို့ ဆိုလိုက်ရင် ကိုင်လီဂျန်နာ (Kylie Jenner) ကိုပဲ ပြေးမြင်မိလိုက်မှာပါ။ ကိုင်လီ တင်တဲ့ပုံတိုင်းဟာလည်း အင်စတာဂရမ်မှာ လူကြိုက် အများဆုံးပုံတွေချည်း ဖြစ်ပါတယ်။ ဒီလိုဆို ကိုင်လီရဲ့ ဓာတ်ပုံ တစ်ပုံနဲ့ ကြက်ဥ တစ်လုံးရဲ့ ဓာတ်ပုံမှာ ဘယ်ပုံက လူကြိုက် အများဆုံး ဖြစ်နိုင်ပါမလဲ…။

စာဖတ်သူအနေနဲ့ အခုကိစ္စကိုကြားရင် အံ့ဩသွားမှာတော့ သေချာပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေမနက်ပိုင်းကမှ စအသုံးပြုတဲ့ world record egg ဆိုတဲ့အကောင့်ကနေတင်လိုက်တဲ့ ကြက်ဥတစ်လုံးရဲ့ပုံဟာ အဲဒီနေ့ညနေပိုင်း အရောက်မှာပဲ မယုံနိုင်လောက်စရာ like အရေအတွက် ၁၈.၂ သန်းထိ ရခဲ့ပြီး ကိုင်လီရဲ့ like အများဆုံး ရရှိထားမှု စံချိန်ကို ချိုးဖျက်ပစ်လိုက်ပါတယ်။

ဒီအကောင့်ကနေ “like ၁၈ သန်းနဲ့ မှတ်တမ်းတင်ထားတဲ့ ကိုင်လီရဲ့ စံချိန်ကို ချိုးဖျက်ပြီး အတူတူ မှတ်တမ်းသစ် တင်ကြရအောင်..ငါတို့ ရကိုရစေမယ်” လို့ ကြွေးကြော်ထားခဲ့တာဖြစ်ပြီး အခု တကယ်လည်း လုပ်ပြနိုင်ခဲ့တာပါ။ ဒါ့အပြင် “အင်စတာဂရမ်မှာ like အများဆုံး ရရှိထားတဲ့ပုံအဖြစ် ကမ္ဘာ့သိ မှတ်တမ်းဝင်သူများ” လို့လည်း ရေးတင်ထားလိုက်ပါသေးတယ်။

ဒီကြက်ဥပုံက နောက်ကောက်ချတာကို မခံရသေးခင်အထိတော့ ကိုင်လီဟာ သူ့ရဲ့ မွေးကင်းစသမီးလေး ဓာတ်ပုံ (Feb 7 2018) နဲ့ အင်စတာဂရမ်မှာ like အများဆုံး ရတဲ့ပို့စ်အဖြစ် မှတ်တမ်းဝင်ထားတာပါ။ အရင်တစ်ခါတုန်းကလည်း ကိုင်လီဟာ ဘီယွန်းစေး ကိုယ်ဝန်ဆောင်စက တင်တဲ့ပို့စ်ရဲ့ နောက်ကောက်ချမှုကို ခံထားရဖူးပါသေးတယ်။

ဒီလိုအံဩစရာကောင်းတဲ့ လုပ်ဆောင်မှုကို ဘယ်သူတွေ ဖန်တီးခဲ့သလဲဆိုတာကိုတော့ အခုထိ ရေရေရာရာ မသိရသေးပါဘူး။ ကိုင်လီကတော့ ကြက်ဥတစ်လုံးကို ခွဲပစ်နေတဲ့ ဗီဒီယိုဖိုင်မှာ “ဒီကြက်ဥကို ရှင်းပစ်လိုက်ပြီ” ဆိုတဲ့စာတပ်ပြီး အင်စတာဂရမ်မှာ တင်ရင်း သူ့ကို နောက်ကောက်ချသွားတဲ့ ကြက်ဥကို လက်စားချေ တုံ့ပြန်ထားပါတယ်။

ကြက်ဥပုံကတော့ အခုလက်ရှိမှာ like အရေအတွက် ၃၇.၃ သန်းထိတောင် ရရှိထားတာကိုလည်း တွေ့ရပါတယ်။ အဲဒီကြက်ဥပုံကို တင်တဲ့ အင်စတာဂရမ်အကောင့်ကို အောက်က လင့်ခ်ကနေ တစ်ဆင့် သွားရောက် ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/2H9GZKw

Ref: TIME “An Egg Has Beaten Kylie Jenner’s Record for the Most Liked Photo on Instagram”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top