App Review : Best of AudioBooks

Screenshot-11.png

ကဲ..ဒီတစ်ခေါက်မှာတော့ ရိုးရာလေး ပရိသတ်တွေအတွက် အင်္ဂလိပ်စာ လေ့လာဖို့အတွက်ရော၊ စိတ်အပန်းဖြေဖို့ အတွက်ပါ အသုံးဝင်မယ့် application တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အခု မိတ်ဆက်ပေးမယ့် Application ကတော့ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် မိုဘိုင်းအက်ပလီကေးရှင်းတွေ အများကြီးရှိတဲ့အနက် နားထောင်မှုစွမ်းရည် (Listening skill) ကို သိသိသာသာ တိုးမြှင့်ပေးနိုင်မယ့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ သူက အင်္ဂလိပ်စာ လေ့လာဖို့ သက်သက်ပဲ မဟုတ်ပါဘူး။ အင်္ဂလိပ်စာအုပ်ဖတ်ချင်တဲ့သူတွေ အတွက်လည်း တကယ်ကို အသုံးဝင်တဲ့ အရာလေး ဖြစ်မှာပါ။

Appliction နာမည်ကတော့ Best of AudioBooks ဖြစ်ပါတယ်။ Audio Book ဆိုတာက မြန်မာနိုင်ငံမှာ သိပ်ခေတ်မစားသေးပေမယ့် နိုင်ငံတကာမှာတော့ လူသိများပါတယ်။ စာအုပ်တစ်အုပ်ကို ကိုင်ဖတ်စရာမလိုဘဲ အသံသွင်းထားတဲ့ ဖတ်ပြတာကို နားထောင်ရုံပါပဲ။ စာအုပ် ကိုင်ဖတ်ရတာထက်လည်း လူသက်သာသလို နားထောင်မှု စွမ်းရည်လည်း တိုးတက်စေမှာပါ။ စာဖတ်ပြနေတဲ့ အချိန်မှာလည်း စာသားတွေကို ဖတ်လို့ရနေတာမို့ ကိုယ့်ရဲ့ အင်္ဂလိပ်စာ စွမ်းရည်ကို သေချာ တိုးတက်ချင်သူအတွက်ဆိုရင်တော့ ကောင်းကျိုးတွေ အများကြီး ရရှိနိုင်မှာပါ။

Best of AudioBooks အက်ပလီကေးရှင်းဟာ ရိုးရှင်းတဲ့ UI စနစ်ပါဝင်ပြီး ဖတ်ရှုနိုင်တဲ့ စာအုပ်ပေါင်း ရာကျော်ရှိပါတယ်။ နာမည်ကျော် ကလေးပုံပြင်တွေ၊ စွန့်စားခန်းအသားပေး ဝတ္ထုတွေနဲ့ ကမ္ဘာကျော် ဝတ္ထုတို ဝတ္ထုလတ်ပေါင်းများစွာ ပါဝင်တယ်။ သူ့ရဲ့အားသာချက်က စာအုပ်တစ်အုပ်ကို ရွေးချယ်လိုက်ရင် စာအုပ်အကြောင်းကို ရှင်းပြထားသလို Chapter တစ်ခုချင်း ဖတ်သွားလို့ရပါတယ်။ ဒေတာလည်း အများကြီးမကုန်ပါဘူး။ ရင်သွေးလေးတွေကို အင်္ဂလိပ်စာ တိုးတက်စေဖို့ပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင်လေ့လာဖို့ပဲ ဖြစ်ဖြစ် audio book တွေကို အခမဲ့ နားထောင်ချင်ရင်တော့ Best of AudioBooks app ဟာ တော်တော်ကောင်းတဲ့ အခမဲ့ အက်ပလီကေးရှင်း တစ်ခုပါပဲ။

ဒေါင်းလော့ဆွဲပြီး ရယူရန်-
Playstore Link : https://play.google.com/store/apps/details?id=aducompany.com.bestofaudiobooks

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top