iPhone XS နဲ့ XS Max တွေမှာ ဖုန်းအားသွင်းမရတဲ့ ပြဿနာကြုံတွေ့နေ

iphone-xs-lightning.jpg

လတ်တလော ထွက်ရှိထားတဲ့ Apple ရဲ့ ဖုန်းမော်ဒယ် အသစ် iPhone XS နဲ့ XS Max တွေမှာ ဖုန်းအားသွင်းတာနဲ့ ပတ်သတ်ပြီး ပြဿနာရှိနေတယ်လို့ သိရပါတယ်။

ဖုန်းအားသွင်းတဲ့အခါ ဖုန်းရဲ့ မျက်နှာပြင် (Screen) ပွင့်နေမှသာ အားဝင်လေ့ရှိပြီး မျက်နှာပြင် ပိတ် (Sleep) နေချိန်မှာ အားမဝင်တဲ့ ပြဿနာကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဈေးကွက်ထဲ ရောက်ရှိလာခါစ ရက်ပိုင်းအတွင်းမှာပဲ အခုလို ဖြစ်နေတယ်ဆိုတာကို အသုံးပြုသူတွေဆီက ကြားသိခဲ့ရပြီး တချို့အသုံးပြုသူတွေကလည်း ဒါဟာ iPhone ရဲ့ USB Accessory Setting နဲ့ သက်ဆိုင်တယ်လို့ ဆိုနေကြပါတယ်။

iOS 12 ကို တင်လိုက်တာကြောင့် လို့ ဆိုနေကြပြီး iOS 12 မှာ ဖုန်း Screen ကို ပိတ်ထားချိန် ဖုန်းထဲက အချက်အလက် (Data) တွေကို လွယ်လွယ် ယူလို့မရအောင် ပြုလုပ်ထားတာကြောင့် အခုလို ဖြစ်နေတာလို့လည်း ယူဆနေကြပါတယ်။

Apple ဟာ iOS 12 ရဲ့ Feature တစ်ခုကြောင့် လွဲမှားတဲ့ Contact တွေဆီကို စာတို (Message) တွေ မှားယွင်း ပေးပို့နေတယ်ဆိုတဲ့ ပြဿနာကို လတ်တလော ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ ဒီကိစ္စကိုလည်း Apple ဘက်က ဖြေရှင်းချက် တစ်စုံတစ်ရာပေးခြင်း မရှိသေးပါဘူး။

ဒါပေမယ့် iPhone XS နဲ့ XS Max တွေကို ပြန်လည်သိမ်းရမယ့် အခြေအနေမျိူးထိတော့ မဟုတ်သေးပါဘူး။ ဒီပြသာနာကို Apple က ဘယ်လို ဖြေရှင်းသွားမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

Ref : techrader & Hypebeast “Apple users report Iphone XS and XS Max Charging Issues”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top