နေထိုင်မကောင်းဖြစ်တာနဲ့ ချက်ချင်းလုပ်ဆောင်သင့်တဲ့ အချက်လေးတွေ

sick-woman-with-flu-KPG83JH.jpg

လည်ချောင်းနာခြင်း၊ ကိုယ်ပူခြင်းစတဲ့ ရောဂါ လက္ခဏာတွေပြပြီး နေထိုင်မကောင်း ဖြစ်လာပြီဆိုရင်တော့ အောက်ဖော်ပြပါ နည်းလမ်းလေးတွေ အသုံးပြုပြီးတော့ ပြန်လည်ကျန်းမာအောင် ဆောင်ရွက်ပေးသင့်ပါတယ်။

ရေချိုး၍ အိမ်တွင်း၌နေပါ

နှာခေါင်းပိတ်ခြင်းရဲ့ အခက်အခဲဆုံး ပြဿနာကတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ မသိကြလို့ပါပဲ။ ဒါကြောင့်မို့ ဒီနှာခေါင်းပိတ်တာကို အလျင်မြန်ဆုံး ပျောက်ကင်းသက်သာအောင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ စဉ်းစားရမယ့် အဓိက အချက်ပါပဲ။ ရာသီကူးပြောင်းခြင်း၊ ဓာတ်မတည့်မှုကြောင့် ဖြစ်ရတဲ့ ပြဿနာဆိုရင်တော့ ရေလေးချိုးပြီး အိမ်တွင်းမှာပဲ နေထိုင်ခြင်းဟာ သက်သာရာ ရစေမှာပါ။

လုပ်လက်စအလုပ်တွေကို ရပ်ပစ်ပြီး ကောင်းမွန်စွာအိပ်လိုက်ပါ

လုံလုံလောက်လောက် မအိပ်ရတဲ့အခါ ကိုယ်ခံအား လျော့နည်းသွားတာကြောင့် ကူးစက်ရောဂါတွေ၊ ဗိုင်းရပ်စ်တွေဟာ သင့်ခန္ဓာကိုယ်တွင်းကို ပိုပြီးတော့ အလွယ်တကူ ဝင်ရောက်လွယ်ပါတယ်။ တကယ်လို့ ကိုယ်ဟာ အအေးမိနေပြီးသားဆိုရင်တောင်မှ အလုပ်တွေကိုရပ်လိုက်ပြီး ကောင်းမွန်စွာ အိပ်စက်လိုက်မယ်ဆိုရင်တော့ သင့်ရဲ့ ဖျားနာမှု ဝေဒနာဟာ ပြင်းထန်မှု လျော့နည်းလာမှာပါ။

ရေဓာတ်ဖြည့်တင်းပါ

ရေဓာတ်ပြည့်ခြင်းဟာလည်း အရေးကြီးတဲ့အရာ တစ်ခုပါပဲ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ဟာ ဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက်နေချိန်၊ နေထိုင်မကောင်း ဖျားနာနေချိန်မှာဆိုရင် ရေဓာတ်ဟာ ပိုပြီးတော့တောင်မှ အရေးကြီးပါသေးတယ်။ အရည်များများသောက်ပေးခြင်းဟာ အအေးမိခြင်းကို ကာကွယ်ပေးပြီးတော့ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါတွေဟာ ရေဓာတ် ခမ်းခြောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေပါ။ ဒါကြောင့်မို့လို့ ဖျားနာ နေမကောင်း ဖြစ်နေချိန်မှာ ရေကို ခါတိုင်းထက်ပိုပြီးတော့ သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ရေဓာတ်ပြည့်ဝအောင် နေထိုင်ခြင်းဟာ မိမိကိုယ်ကို ကျန်းမာနေစေတဲ့ အရေးအကြီးဆုံး အရာများထဲက တစ်ခုပဲဖြစ်ပါတယ်။

နနွင်းပြုတ်ရည်သောက်သုံးပါ

နနွင်းမှုန့်ဟာ ကျန်းမာရေးအတွက် ထိရောက်မှုရှိတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပြီး နနွင်းမှုန့်မှာ ယောင်ယမ်းခြင်းကို လျော့ကျစေနိုင်တဲ့ သတ္တိတွေ ရှိနေပါတယ်။ နနွင်းကြက်ပြုတ်ရည်ဟာ သိပ်ပြီးတော့ အရသာရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း နနွင်းပြုတ်ရည်ဟာ အနာရောဂါ ပျောက်ကင်းစေတဲ့ အိမ်တွင်းဆေးတစ်မျိုး ဖြစ်ပါတယ်။ မနက်စောစော အိပ်ရာထချိန် ဒီစွပ်ပြုတ် တစ်ခွက်သောက်ခြင်းဟာ မြန်မြန်ကျန်းမာလာစေဖို့အတွက် ဆေးတစ်ခွက် ဖြစ်စေမှာပါ။

ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ

တုပ်ကွေးရာသီမှာ တကယ်ပဲ ဖျားနာလာပြီဆိုရင်တော့ ဆရာဝန်ဆီသွားရောက် ပြသကြည့်သင့်ပါတယ်။ လူငယ်အများစုဟာ တုပ်ကွေးရောဂါ လက္ခဏာတွေကို ဆရာဝန်ဆီ သွားရောက်မပြသဘဲ လျစ်လျူရှုမိလို့ ရောဂါဟာ ပိုဆိုးဝါးလာတာတွေ ဖြစ်တတ်ပါတယ်။ ပြန်လည်ကျန်းမာစေဖို့အတွက် သင့်ရဲ့ဆရာဝန်က အကောင်းဆုံးနည်းလမ်းတွေနဲ့ ကုသပေး နိုင်ပါတယ်။

Ref : Knowledge : As Soon As You Start Feeling Sick

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top