ကားတွေ ဖုန်းတွေ ငွေသားဆုမဲတွေ ကံထူးနိုင်ဖို့ နေ့တိုင်းရှိတ်လိုက်ကြစို့

shake-more-mytel.jpg

ဒီနေ့မှာ စာဖတ်ပရိသတ်တွေအားလုံးကို ဝေမျှပေးချင်တာကတော့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို သုံးရင်း ကားတွေ၊ ဖုန်းတွေနဲ့ ငွေသားဆုမဲအပါအဝင် ကံစမ်းမဲဆုအကြီးကြီးတွေကို ကံထူးနိုင်မယ့်အကြောင်းအရာလေးပဲဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ တယ်လီကွန်အော်ပရေတာတွေက မိမိတို့ရဲ့ဝန်ဆောင်မှုကို အသုံးပြုသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပရိုမိုရှင်းတွေ၊ ကံစမ်း အစီအစဉ် တွေကို မကြာခဏပြုလုပ်ပေးနေကြတာကို တွေ့ရမှာပါ။ ဒီလိုအစီအစဉ်တွေကလည်း တစ်မျိုးနဲ့တစ်မျိုုးမတူညီအောင်ဆွဲဆောင်နိုင်လို့ သုံးစွဲသူတွေကြားမှာ တော်တော်လေးခေတ်စားလာပါတယ်။ သုံးစွဲသူတွေဘက်ကဆိုရင်လည်း ပုံမှန်သုံးနေကြဝန်ဆောင်မှုတွေအပြင် ကံစမ်းမဲဆုကြေးတွေကိုလည်း ကံစမ်းနိုင် မယ့် အခွင့်အရေးတွေလည်း ရှိနေတာမို့လို့ အရမ်းကိုအကျိုးရှိစေပါတယ်။

အဲဒီလိုပရိုမိုရှင်းတွေ၊ ကံစမ်းအစီအစဉ်တွေအပြိုင်အဆိုင်ပြုလုပ်နေတဲ့ကြားကမှ အခုဆိုရင် ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ Mytel က လူတိုင်း ကြိုက်နှစ်သက်ခဲ့တဲ့ Shake အစီအစဉ်မှ Shake More အစီအစဉ်အဖြစ်နဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်ဖို့အတွက် တစ်ဖန်ပြန်လည်စတင်လိုက်ပြီလို့ သိရ ပါတယ်။ ဒီအစီအစဉ်မှာဆိုရင် သုံးစွဲသူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာလက်ဆောင်တွေဖြစ်တဲ့ Suzuki GLX ကားဆုတွေ ၊ VSmart ဖုန်းဆုတွေ အ ပြင် နေ့တိုင်းနေ့တိုင်း သိန်း (၃၀) အထိ ကံစမ်းနိုင်မယ့် MytelPay E-money တွေနဲ့ အခြား ဒေတာနှင့်ဖုန်းခေါ်ဆိုမှုအပိုဆုတွေကိုလည်း မိမိတို့ရဲ့ ဖုန်းကို shake လိုက်ရုံ၊ လှုပ်ခါလိုက်ရုံနဲ့ ရယူနိုင်မှာပါနော်။

Shake More ဂိမ်းကို Apple user ပဲဖြစ်ဖြစ် ၊ Andriod user ပဲဖြစ်ဖြစ် Mytel သုံးတဲ့ ဘယ်သူမဆို Apple Store ဒါမှမဟုတ် Google Play Store က နေ MyID App ကိုဒေါင်းပြီး ဆော့လို့ရပါတယ်နော်။ သုံးစွဲသူတွေအနေနဲ့ ဆုတွေကို ရယူနိုင်ဖို့ဆိုရင် MyID App ထဲဝင် Shake More ဂိမ်းကို ဖွင့်ပြီး ဖုန်း ကို ရှိတ်လိုက်တာနဲ့ ကံစမ်းနိုင်ပြီပဲ ဖြစ်ပါတယ်။ တစ်နေ့ကို (၅) ခါအထိ ရှိတ်လို့ရမယ့်အပြင် သုံးစွဲသူတွေက တကယ်လို့ Facebook မှာ share တာပဲ ဖြစ်ဖြစ် ၊ သူငယ်ချင်းအသစ်တွေကို ဖိတ်ခေါ်တာပဲဖြစ်ဖြစ်လုပ်ခဲ့တယ် ဆိုရင်တော့ နောက်ထပ်ရှိတ်ခွင့်တွေကို ရဦးမှာပါ။

ဒါတွေအပြင် Shake More ဂိမ်းမှာ ထူးထူးခြားခြားအစီအစဉ်လေးထည့်ပေးထားပါတယ်။ အဲဒီအစီအစဉ်လေးကတော့ သုံးစွဲသူတွေက shake လုပ်ရင်းနဲ့ ရမှတ်တွေကို ရရှိနိုင်မှာဖြစ်တာကြောင့် သုံးစွဲသူအကုန်လုံးရဲ့ ရမှတ်ပေါင်းကို BIG POINT မှာ ပေါင်းထည့်သွားမှာဖြစ်ပါတယ်။ အဲဒီလိုပေါင်းထည့် သွားရ တာက အဲဒီရမှတ်စုစုပေါင်းကနေ သတ်မှတ်ထားတဲ့အမှတ်တစ်ခုထိ အတိအကျရောက်သွားတဲ့အချိန်မှာ သုံးစွဲသူတစ်ယောက်ယောက်က ကိုယ့်ရဲ့ဖုန်းကို ရှိတ်လိုက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားရင်တော့ အဲဒီရမှတ်စုစုပေါင်းနဲ့ ညီမျှတဲ့ E-money ကို ရမယ့်အခွင့်အရေးပါပဲ။ ဥပမာပေးရရင် သတ်မှတ်ထားတဲ့ အ မှတ်က ၁၀,၀၀၀ ဖြစ်ခဲ့ရင် မိမိက အဲဒီအမှတ် ၁၀,၀၀၀ အရောက်မှာ shake လုပ်ခဲ့တယ်ဆိုရင် ၁၀,၀၀၀ ကျပ်ကို မိမိရဲ့ MytelPay အကောင့် ကနေ တစ် ဆင့်ရမှာဖြစ်ပါတယ်။

ဒီ Shake More ဂိမ်းက ၂၀၁၉၊ အောက်တိုဘာလ (၁) ရက်နေ့ ကနေပြီး ၂၀၁၉၊ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ ဆော့လို့ရမှာပါ။ နောက်ပိုင်းမှာတော့ Mytel Myanmar Official Facebook Page ကနေ Live-stream (၂) ကြိမ်လွှင့်ပြီး Suzuki ကားတစ်စီးနဲ့ V Smart Phone (၄) လုံးရဲ့ ကံထူးရှင်တွေကို ဖုန်းခေါ် ဆိုပြီး ကြေငြာပေးမှာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် Live-stream ကို နိုဝင်ဘာလ (၂) ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ဖုန်းကို တစ်နေ့ (၅) ကြိမ်လောက် ရှိတ်လိုက်တာနဲ့ အခုလိုမျိုး ဆုမဲအကြီးကြီးတွေ၊ ဆုမဲကောင်းကောင်းတွေကို လွယ်လွယ်ကူကူရမှာဆိုတော့ စာဖတ်သူတွေထဲမှာ Mytel သုံးတဲ့သူတွေရှိရင် ဒီအခွင့်အရေးကို လက်မလွှတ်ရအောင် ဝေမျှပေးလိုက်ပါတယ်နော်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top