local_05-2.jpg

ဂုတ်တွင်းယာယီဘေလီတံတားနဲ့အပြိုင် နှစ်လမ်းသွားသံကူကွန်ကရစ်တံတားအသစ်တစ်စင်း ထပ်မံ တည်ဆောက်သွားမယ့်သတင်း

မြောက်ပိုင်း ၃ ဖွဲ့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သော်လည်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည့် ဂုတ်တွင်းယာယီဘေလီတံတား၏ နံဘေးတွင် နှစ်လမ်းသွား သံကူကွန်ကရစ်တံတားအသစ်(၁)စင်းကို ထပ်မံ တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါတံတားသစ်ကို အမြန်ဆုံးတည်ဆောက်သွားမည်ဖြစ်သည့်အပြင် ပျက်စီးသွားသော ဂုတ်တွင်း တံတားဟောင်း၏ ကျိုးသွားသည့် သံကူကွန်ကရစ်ယက်မများအစားထိုးခြင်းနှင့်…

local_04-2.jpg

လွိုင်ကော်ကနေ မန္တလေးကို ပို့မယ့် ပွိုင့် ၂၂ ကျည် ၁၅၀၀ တောင့်နဲ့ စိတ်ကြွဆေးပြား ၁၁၁ ပြားကို ဖမ်းဆီးရမိခဲ့တဲ့သတင်း

လွိုင်ကော်မြို့မှ မန္တလေးမြို့သို့ ပို့ရန်ရည်ရွယ်ထားသည့် ပွိုင့် ၂၂ ကျည် ၁၅၀၀ တောင့်နှင့် စိတ်ကြွဆေးပြား ၁၁၁ ပြားတို့ကို သြဂုတ် ၂၇ ရက်၊ ညနေပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။ လွိုင်ကော်အဝေးပြေးကားကွင်း ရွှေရာဇာကားဂိတ်တွင်…

local_03-2.jpg

ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းတွေကို မြှင့်တင်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ပြောကြားခဲ့တဲ့သတင်း

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ရာသီဥတုပြောင်းလဲမှုများအရ ရေအားလျှပ်စစ်တစ်မျိုးတည်းကိုသာ ရေရှည်မှီခိုရန် မဖြစ်နိုင်သည့်အတွက် ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဆိုလာစီမံကိန်းဖြစ်သည့် မင်းဘူးဆိုလာစီမံကိန်းကို ဖွင့်လှစ်နိုင်ခဲ့သည့်အပြင် မာန်အောင်ကျွန်းနှင့် ကိုကိုးကျွန်းဒေသများတွင်…

local_02-2.jpg

လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေအတွက် ဖွင့်လှစ်ထားတဲ့ ဧဒင်မြန်မာပရဟိတအဖွဲ့ရှိရာသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့ သတင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တာဝန်ရှိသူများနှင့်အတူ လူကုန်ကူးခံရ သည့် အမျိုးသမီးများအား ပြန်လည်ပြုစုပျိုးထောင်ပေးပြီး ရေရှည်အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်အတွက် ကမာရွတ်မြို့နယ်၊ ဟံသာရိပ်မွန်လုံးချင်းအိမ်ရာဝင်းအတွင်း ဖွင့်လှစ်ထားသည့် ဧဒင်မြန်မာပရဟိတအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်မှုများကို သြဂုတ် ၂၁ ရက်က သွားရောက်ကြည့်ရှုခဲ့သည်။ ထိုသို့…

local_01-2.jpg

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများအရေးကိစ္စနဲ့ပတ်သက်ပြီး တရုတ်ရဲ့ မူဝါဒရပ်တည်ချက်ကို ပြောကြား ခဲ့တဲ့သတင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအရေးကိစ္စနှင့်စပ်လျဉ်း၍ ယင်းကိစ္စသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား နှစ်နိုင်ငံချင်းသာဖြေရှင်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မစ္စတာဝမ်ယိတို့သည် သြဂုတ် ၂၇ ရက်က တရုတ်နိုင်ငံ၊…

local01.jpg

အိမ်ရာနှင့် အိမ်ခြံမြေ သတင်းအချက်အလက်စနစ် ထူထောင်မည်

အိမ်ရာနဲ့ အိမ်ခြံမြေဆိုင်ရာ သတင်းအချက်အလက်တွေကို တစ်စုတစ်စည်းတည်း ဖော်ပြနိုင်မယ့် စနစ် တစ်ခုကို ထူထောင်ဖို့အတွက် အကြိုလေ့လာဆန်းစစ်မှုတွေကို အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုကနေ စတင်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ အမေရိကန်အခြေစိုက်ကုမ္ပဏီဖြစ်တဲ့ LexisNexis တို့ဟာ သြဂုတ် ၂၈…

local_01.jpg

ရန်ကုန်တက္ကသိုလ်ရာပြည့်အကြို အသုံးချဒဿနအမြင်ပြပွဲနဲ့ ဒဿနစကားဝိုင်း

ရန်ကုန်တက္ကသိုလ်ရဲ့ ရာပြည့်အကြို (၉၉)နှစ်ပြည့်အထိမ်းအမှတ် အသုံးချဒဿနအမြင်ပြပွဲနဲ့ ပညာရှင်များရဲ့ဒဿနစကားဝိုင်းကို သြဂုတ် (၂၆) ရက်၊ နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ်၊ အပန်းဖြေရိပ်သာ (RC) ခန်းမမှာ ကျင်းပနေပါတယ်။ ဒီပြပွဲနဲ့ စကားဝိုင်းကို သြဂုတ် (၂၇) ရက်ထိ နှစ်ရက်ဆက်တိုက်ကျင်းပသွားမှာဖြစ်ပြီး…

local_05.jpg

လူနာတွေဘေးကင်းလုံခြုံဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ Sing Health အဖွဲ့တို့ သဘောတူညီမှုစာချွန်လွှာလက်မှတ်ရေးထိုး

ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးကောင်းမွန်မှုနှင့် လူနာဘေးကင်းလုံခြုံမှုလုပ်ငန်းစဉ်များအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် စင်ကာပူနိုင်ငံမှ Sing Health အဖွဲ့၊ Temasek Foundation တို့အကြားသဘောတူညီမှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို သြဂုတ် ၁၉ ရက်၊ နံနက်ပိုင်းကနေပြည်တော်တွင် ပြုလုပ်ခဲ့ကြသည်။ ယခုကဲ့သို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိဆေးရုံပေါင်း ၄၀…

local_04.jpg

လားရှိုးမြို့တိုက်ပွဲရှောင်ပြည်သူတွေနဲ့ နောင်ချို၊ ဂုတ်တွင်းဖြစ်စဉ်မှာကျဆုံးသွားသူ (၁၄) ဦးကို သွားရောက်ထောက်ပံ့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးသည် သြဂုတ် ၁၉ ရက်ကလားရှိုးမြို့ရှိတိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်(၆၅)အိတ်၊ ငါးသေတ္တာ (၂၆၈)ဘူး၊ ဆီ(၆၇)ပိသာ၊ ကလေးငယ်များအတွက် အာဟာရမုန့်နှင့် အရုပ်များ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ရင်ခွင်မဲ့ကလေး(၃၂၂)ဦးအတွက် စောင်(၃၂၂)ထည်တို့ကိုသွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီး…

local_03.jpg

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အထက်မြန်မာနိုင်ငံစာပေပညာရှင်တို့တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၆ ရက်၊ ညနေပိုင်းက မန္တလေးမြို့ သိပ္ပံလမ်းရှိ မန္တလေးကွန်ဗင်းရှင်းစင်တာ(MCC)တွင် အထက်မြန်မာနိုင်ငံမှ စာပေပညာရှင် ၈၅ ဦးနှင့် တွေ့ဆုံကာစာပေနှင့် နှီးနွယ်သည့် အကြောင်းအရာများကိုအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အတိုင်ပင်ခံပုဂ္ဂိလ်…