အင်ဒိုနီးရှားတွင် အစပြုသည့် လေထုညစ်ညမ်းမှု ဘေးအန္တရာယ် ဖိလစ်ပိုင်နိုင်ငံအထိ ပျံ့နှံ့
အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပေါ်နသော တောမီးလောင်ကျွမ်းမှုကြောင့် စင်ကာပူနှင့် မလေးရှားနိုင်ငံသာမက ယခုဆိုလျှင် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့အထိ မီးခိုးမြူများ ပျံ့နှံ့နေပြီဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ မီးခိုးမြူများသည် ယခုအပတ်အစောပိုင်းကပင် စီဘူးမြို့သို့ စတင်ရောက်ရှိလာသည်ဟု ဖိလစ်ပိုင်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဗျူရို…