ဝတ်မှုန်ရွှေရည်ကို Mytel ရဲ့ Brand Ambassador အဖြစ် ထပ်မံခန့်အပ်

yyl-059-1.jpg

နိုင်ငံကျော်သရုပ်ဆောင်မင်းသမီး အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကို Mytel ရဲ့ နောက်ထပ် Brand Ambassador အဖြစ် အသစ်ထပ်မံခန့်အပ်လိုက်တဲ့အပြင် မူလ Brand Ambassador ဖြစ်တဲ့ အကယ်ဒမီ နေတိုးကိုလည်း သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ခန့်အပ်လိုက်ပါတယ်။

”ဝတ်မှုန်ရွှေရည်က Mytel သုံးစွဲသူပရိတ်သတ်တွေနဲ့ အကောင်းဆုံး ဆက်သွယ်ချိတ်ဆက်နိုင်ဖို့ အသင့်တော်ဆုံး Ambassador တစ်ယောက်လို့ ပြောနိုင်ပါတယ်”လို့ Mytel ရဲ့ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြောပါတယ်။

 

မြန်မာနိုင်ငံက ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ Mytel ရဲ့ Brand Ambassador အသစ် ထပ်မံ ခန့်အပ်ခြင်းနဲ့ နေတိုးကို သက်တမ်းတစ်နှစ်ထပ်မံတိုးမြှင့်ခန့်အပ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၇ ရက်၊ မွန်းလွဲပိုင်းက နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

 

”ကစ်အနေနဲ့ Mytel ရဲ့ တစ်စိတ်တစ်ဒေသဖြစ်ခွင့်ရတာကို တကယ်ပဲ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ကစ်ကို ရွေးချယ်ပေးခဲ့တဲ့အတွက်လည်း အထူးပဲကျေးဇူးတင်ပါတယ်။ ကစ်အနေနဲ့ Mytel ရဲ့ Brand Ambassador အဖြစ်နဲ့ အကောင်းဆုံးကြိုးစားသွားပါမယ်”လို့ ဝတ်မှုန်ရွှေရည်က ပြောပါတယ်။

 

အခုလို နောက်ထပ် Ambassador ထပ်မံခန့်အပ်လိုက်တာက Gender Equality ကြောင့်ဖြစ်ပါတယ်။ မူလ ရှိနေပြီးသား Brand Ambassador နေတိုးက အမျိုးသားဖြစ်နေတဲ့အတွက် အမျိုးသမီးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကို နောက်ထပ် Brand Ambassador အဖြစ် ထပ်မံရွေးချယ်လိုက်တာပဲ ဖြစ်ပါတယ်။

 

”ဝတ်မှုန်အနေနဲ့ Mytel မှာ ပါဝင်လာတာ တကယ်ကို ကောင်းမွန်တဲ့ ပေါင်းစည်းမှုတစ်ခုလို့ ယုံကြည် ပါတယ်။ Mytel ရဲ့ အားပေးသူတွေကို သူ့ရဲ့ စွမ်းဆောင်ရည်တွေ၊ ယုံကြည်မှုတွေနဲ့ လွှမ်းမိုးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်”လို့ နေတိုးက ပြောပါတယ်။

 

Brand Ambassador ကို မြန်မာလို ကုန်အမှတ်တံဆိပ်သံတမန်လို့ ခေါ်ဝေါ်ကြပြီးတော့ အဲဒီကုန်အမှတ် တံဆိပ်နဲ့ သုံးစွဲသူ အများပြည်သူအကြား ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေဖို့ တစ်ဖက်တစ်လှမ်းကနေ ကူညီပံ့ပိုး ပေးသူတွေဖြစ်ပါတယ်။

Mytel ဟာ ၂၀၁၆ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ ဆက်သွယ်ရေးဈေးကွက်ကို နောက်ဆုံးမှ ဝင်ရောက်လာတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီပဲ ဖြစ်ပါတယ်။
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top