အိမ်သုံးဆားနဲ့ အသားအရေ ထိန်းသိမ်းခြင်း

salt-macro-Z7CUNHQ.jpg

ဒီနေ့တော့ ရိုးရာလေး ပရိသတ်တွေအတွက် အိမ်သုံးဆားနဲ့ပတ်သတ်ပြီးတော့ မသိသေးတဲ့ အသုံးဝင်ပုံလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။ အိမ်သုံးဆားလို့ ဆိုလိုက်တာနဲ့ ဟင်းလျာတွေ ချက်ပြုတ်ရာမှာ အရသာရှိစေဖို့ အသုံးပြုတဲ့ ဟင်းခပ်ပစ္စည်းတစ်ခု လို့ပဲသိကြပါတယ်။ ဒါ့အပြင် အိမ်သုံးဆားကို အသားအရည် ထိန်းသိမ်းရာမှာလည်း အသုံးပြုနိုင်တယ်ဆိုတာရော သိပါသလား?

လူ့ခန္ဓာကိုယ်ဟာ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တို့ကို နေ့စဉ် လိုအပ်ပါတယ်။ အဲ့ဒီဓာတ်တွေကိုသာ ပုံမှန်မရဘူးဆိုရင် အသားအရည် ခြောက်သွေ့ပြီး အရည်ပြား ပျက်စီးခြင်း၊ ယားယံခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။ အိမ်သုံးဆားကို အသုံးပြူပြီး အသားအရည် စိုပြေ ချောမွေ့အောင် ပြုလုပ်လို့ရတယ်ဆိုတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။

အိမ်သုံးဆားကို သံလွင်ဆီ၊ အုန်းဆီတို့နဲ့ သမအောင် ရောမွှေပြီး ရေချိုးနေစဉ်အတွင်း ခန္ဓာကိုယ်အနှံ့ကို သုတ်လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ ဆဲလ်အသေများ ကွာကျလာပြီး အသားအရည်ကို နဂိုမူလထက် ပိုမိုစိုပြေလာစေမှာ ဖြစ်ပါတယ်။

တစ်နေ့တာ ကုန်ဆုံးသွားတဲ့ ရေပမာဏကိုလည်း ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဆားကို ပျားရည်နဲ့ရောပြီး မျက်နှာပြင်ပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅မိနစ်လောက်ကြာအောင်ထားပြီး ရေနွေးလေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ ညစဉ်ညတိုင်း ပြုလုပ်ပေးခြင်းဖြင့် အဆီပြန်ခြင်းမှ ကင်းဝေးစေပြီး အမြဲတမ်း စိုပြေနေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာပါ။

ဝက်ခြံပေါက်ခြင်း၊ မျက်နှာ အဆီပြန်ခြင်း၊ ရေဓာတ် ခန်းခြောက်ခြင်းတို့ကို ကာကွယ်ရန်အတွက် တိုနာ (Toner) ကို အသုံးပြူကြရပါတယ်။ အိမ်သုံးဆားကိုလည်း တိုနာအဖြစ် သုံးလို့ရတယ်ဆိုရင် အံ့ဩသွားမလား။ အိမ်သုံးဆား အနည်းငယ်ကို ရေနွေးနဲ့ ပျော်ဝင်အောင်မွှေပြီး စပရေးဘူးထဲကိုထည့်ကာ အသုံးပြုနိုင်ပါတယ်။

ကွန်ပြူတာ အချိန်ကြာမြင့်စွာ အသုံးပြုခြင်း၊ အာရုံစူးစိုက်ရခြင်းတို့ကြောင့် မျက်စိပူခြင်း၊ မျက်စိဝါးခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။ အဲ့လို မျက်စိပူခြင်းများအတွက် အိမ်သုံးဆားကို ရေနွေးနဲ့ဖျော်ပြီး ဂွမ်းနဲ့စုပ်ယူကာ မျက်လုံးတစ်ဝိုက်ကို တို့ပေးပါ။ ချက်ချင်းပဲ အခိုးအငွေ့တွေ ထွက်ကာ သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ်။

ဦးရေပြား ယားယံခြင်းနဲ့ ဗောက်ထခြင်းတို့အတွက်လည်း အိမ်သုံးဆားဟာ အသုံးဝင်ပါသေးတယ်။ ခေါင်းမလျှော်မီ ဆားပွင့်လေးတွေနဲ့ ဦးရေပြားအတွင်းကို စိမ့်ဝင်သွားအောင် ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပြီးမှ ခေါင်းလျှော်ရည်နဲ့ ထပ်မံလျှော်ပါ။ တစ်ပတ်တစ်ခါလောက် ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် ဗောက်ထခြင်း သိသိသာသာ ထူးခြား ပျောက်ကင်းသွားပါလိမ့်မယ်။

Ref : www.boldsky.com

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top