ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်ဖို့

17-7-2020-yyl-005.jpg

ပျော်ရွှင်မှုဟာ ဘဝမှာ အရေးကြီးတဲ့အရာလေးတစ်ခုပါ။ အိမ်သစ်ကြီး၊ကားသစ်ကြီးရှိမှ ပျော်ရွှင်မှုဆိုတာ ရနိုင်မှာ မဟုတ်ပါဘူး။ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ဖို့ ဘာတွေလုပ်သင့်လဲ။

ဝါသနာပါတဲ့ အလုပ်ကို အချိန်ပေးပါ

ဥပမာပြောရမယ်ဆိုရင် သင်ဟာ ဘောလုံးကန်တာကြိုက်သူ တစ်ယောက်ဆိုရင် အဲ့ဒီ့အတွက် အချိန်ပေးဖြစ်အောင်ပေးပါ။

ကူညီပါ

ရိုးရာလေးမိတ်ဆွေတို့လည်း သိကြမှာပါ။ သူတစ်ပါးကို ကူညီလိုက်လို့ ဖြစ်သွားတဲ့ ပီတိက ဘာနဲ့မှလဲလို့ မရပါဘူး။

ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်ပါ

ကိုယ့်လက်ရှိအခြေအနေအထိ ရောက်အောင် ကူညီခဲ့သူများကို ကျေးဇူးတင်ပါ။

မျှဝေပါ

သင့်အမြင်၊ အချိန်၊ စွမ်းရည်တွေကို မျှဝေပါ။ မမျှဝေဘဲ နေရတဲ့ဘဝက ပျင်းစရာ ကောင်းမှာပေါ့။

များများပြုံးပါ

များများပြုံးခြင်းက သင့်ကို ပိုပျော်ရွှင်စေနိုင်မှာပါ။

ဘဝအတွက် လမ်းညွှန်ပြပေးမယ့်လူ ရှာပါ

သင့်ကို အကြံဉာဏ်ပေးဖို့ ဒါမှမဟုတ် မှားနေတာတွေ ထောက်ပြပေးဖို့ လူကတော့ လိုမှာဘဲလေ။

သင်ချစ်သောသူတွေကို အချိန်ပေးပါ

ဘဝဆိုတာ တစ်ယောက်ထဲနေဖို့ တိုတောင်းလွန်းပါတယ်။

သူများတွေကို လိုက်မတုပဲ ကိုယ်ပိုင်စတိုင်(လ်)နဲ့ နေပါ

သူများတွေ လုပ်နေတာတွေကို လိုက်ကြည့်၊ လိုက်တုမနေဘဲ ကိုယ့်ရဲ့ ကိုယ်ပိုင်စတိုင်နဲ့ တိုးတက်အောင် လုပ်ကြည့်သင့်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top