U.S box office သမိုင်းတစ်လျောက် အခမ်းနားဆုံး စာရင်းဝင်ခဲ့တဲ့ ‘Black Panther’

bp.jpg

အတော်များများ ခန့်မှန်းထားခဲ့တဲ့အတိုင်းပဲ ‘Black Panther’ ဟာ  U.S box office ရဲ့သမိုင်းတစ်လျောက် ဝင်ငွေအကောင်းဆုံး စူပါဟီးရိုး ရုပ်ရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ၂၃ရက် သောကြာနေ့ကနေ ၂၅ရက် တနင်္ဂနွေအထိ Black Panther ဟာခန့်မှန်းချေ ဒေါ်လာဆယ်ခြောက့်ဒဿမခြောက်သန်း ($ 16.6 million) ဝင်ငွေရှိခဲ့ပေမယ့် နောက်ဆုံးရသတင်းတွေအရတော့ ပြည်တွင်းသီးသန့်ဝင် ငွေဒေါ်လာခြောက်ရာ့သုံးဆယ်ဒဿမကိုးသန်း ($ 630.9 million) အထိတိုးခဲ့တာပဲဖြစ်ပါတယ်။ ၎င်းဟာ၂၀၁၂ခုနှစ်မေလကနေ စက်တင်ဘာလအထိ ပြည်တွင်းဝင်ငွေအများဆုံး ဒေါ်လာခြောက်ရာနှစ်ဆယ့်သုံးဒဿမသုံးသန်း ($ 623.3 million) နဲ့စံချိန်တင်နိုင်ခဲ့တဲ့ The Avengers ရှေ့မှ အနည်းငယ် ဦးဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းအထိ ‘Black Panther’ ဟာ အဆိုပါစံချိန်အတိုင်း ရပ်တည်နေသေးပေမယ့် စံချိန်တင်ဝင်ငွေရဲ့ ခန့်မှန်းချေ ဒေါ်လာ ခုနှစ်သန်း ($ 7 million) သာကျသွားခဲ့မယ်ဆိုရင်တော့ Marvel ရုပ်ရှင်တွေထဲမှာ ဒုတိယနေရာကိုရောက်သွားမှာပဲဖြစ်ပါတယ်။ ‘Black Panther’ ရဲ့ဝင်ငွေ အောင်မြင်မှုဟာ Marvel အတွက်တော့ ကြီးမားလှတဲ့ သတိပြုမှတ်သားဖွယ်မှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်။ ‘The Avengers’ ဟာ Marvel ရဲ့ပထမဆုံးသော လူစွမ်းကောင်း အစုအဖွဲ့ကားဖြစ်ပြီး ၎င်းဟာလည်း MCU (Marvel Cinematic Universe) ကို အောင်မြင်မှုအထွတ်အထိပ်ရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။

‘The Avengers’ ထွက်ရှိလာတဲ့အချိန်မှာ MCU (Marvel Cinematic Universe) ဟာ ကနဦးစုစုပေါင်း လူစွမ်းကောင်းဆယ့်တစ်ယောက် ထွက်ရှိထားခဲ့ပြီး Spider-Man ကိုပါဝင်ပွဲဦးထုတ်ခဲ့တဲ့ Civil War ကတော့ နံပါတ်တစ်နေရာနဲ့ အလွန်နီးကပ်ခဲ့တာလည်းဖြစ်ပါတယ်။ ‘The Avengers’ ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်တဲ့ ‘Age of Ultron’ ဟာဆိုရင်လည်း ပြည်တွင်းဝင်ငွေစုစုပေါင်း ဒေါ်လာ လေးရာငါးဆယ့်ကိုးသန်း ($ 459 million) ရရှိခဲ့တာ ဖြစ်ပါတယ်။

Box office အနေနဲ့ ငွေကြေးကို ထည့်သွင်းစဉ်းစားခြင်း မပြုသော်ငြားလည်း ခြောက်နှစ်ကြာအချိန်ကွာဟမှုဟာ Marvel ရဲ့ ထိပ်တန်းရုပ်ရှင်နှစ်ကားကို အပြောင်းအလဲဖြစ်သွားစေနိုင်တာ ဖြစ်ပြီး ‘Black Panther’ ဟာ ဒါကိုလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ‘Black Panther’ ထွက်တာ ခြောက်ပတ်ကျော်သာ ကြာမြင့်သေးတဲ့အတွက်လည်း Box office မှာ သေချာပေါက်ရလဒ်တိုးလာနိုင်သေးတာပဲဖြစ်ပါတယ်။ ‘Black Panther’ အနေနဲ့ ဒီရလဒ်ကိုဘယ်လောက်ကြာကြာထိန်းထားနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

နောက်ထပ် Avengers ရုပ်ရှင်ဖြစ်တဲ့ ‘Infinity War’ ထွက်ရှိဖို့ကလည်း ရက်သတ္တပတ်သာလိုပါတော့တယ်။ ‘The Avengers’ ဟာ Marvel ရဲ့သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံးအနေနဲ့ရပ်တည်နိုင်ခဲ့ပြီး ‘Infinity War’ ထွက်ရှိလာတဲ့အခါမှာ Marvel အတွက်ရလဒ်ကောင်းတွေကိုသာ ယူဆောင်လာပေးဦးမယ်ဆိုတာကလည်း ငြင်းစရာမရှိပါဘူး။ Marvel ရဲ့ ကနဦးရုပ်ရှင်တွေထဲမှာ Tesseract ကို စတင်မိတ်ဆက်လိုက်တာကလည်း MCU ရဲ့အစပိုင်းမှာတင် Marvel ကို တစ်စစအောင်မြင်လာစေတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။

‘Infinity War’ အတွက်တော ‘Black Panther’ နဲ့ ရှေ့ဆင့်နောက်ဆင့်ထွက်လိုက်တာကလည်း သူ့အတွက်အကျိုးအမြတ်ကောင်းကောင်းရစေပါတယ်။ လူမျိုးရေးရော ယဉ်ကျေးမှုပါရောယှက်နေတဲ့ ‘Black Panther’ ဟာ ဝေဖန်ရေးနဲ့ စီးပွားရေးအရ MCU ရဲ့အမြင့်ဆုံးသော အောင်မြင်မှုကြီးတစ်ခုလည်းဖြစ်နေပါတယ်။ ဒီဂယက်ဟာ ‘Infinity War’ အထိပါသွားနိုင်ချေရှိပြီး ထူးကဲတဲ့ Box office မှတ်တမ်းတစ်ခုဖြစ်လာဦးမှာလည်း သေချာသလောက်ပါပဲ။

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top