Mytel နှင့် Viettel အတူ ဒီဂျစ်တယ် မြန်မာနိုင်ငံအား ဆောက်တည်

yyl-2-10-024.jpg

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံးနှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel သည် Viettel နှင့် အတူတစ်ကွ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ် ဂေဟစနစ်အား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒီဂျစ်တယ်မြန်မာနိုင်ငံအား ဆောက်တည်ရန် အဆင်သင့်ရှိနေပြီ ဖြစ်သည်။ Mytel အနေဖြင့် မြန်မာနိုင်ငံအား ဒီဂျစ်တယ်နိုင်ငံသို့ ပြောင်းလဲရာတွင် ဦးဆောင်၍ Viettel မှ ယူဆောင်လာသော အဆင့်မြင့်နည်းပညာနှင့် ရှေ့ပြေးတီထွင်မှုများကို အသုံးချပြီး ခံ့ညားထည်ဝါပြီး ခေတ်မီဆန်းပြားသော နည်းပညာအဆောက်အအုံများနှင့် ဝန်ဆောင်မှုအသစ် များအား ပေးအပ်ရန် အစဉ်အမြဲကြိုးပမ်းလျက်ရှိသည်။

မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာသည့် အချိန်မှစ၍ Mytel သည် နိုင်ငံ၏ ဒုတိယအကြိမ် ဆက်သွယ်ရေး ကဏ္ဍ ပြောင်းလဲဖြစ်တည်ရေးကို အစပြုရန် Viettel နှင့် အတူ ကြိုးပမ်းရွက်ဆောင်ခဲ့သည်။ Mytel သည် မြန်မာနိုင်ငံသို့ဝင်ရောက်လာသည့် တစ်ပြိုင်တစ်နက် မြန်မာနိုင်ငံ၏ ဒေတာဈေးနှုန်းများမှာ ယခင်ဈေးနှုန်းထက် ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ Mytel သည် Viettel ၏ နိုင်ငံပေါင်း ၁၁ နိုင်ငံ ဈေးကွက်အတွေ့အကြုံ အပေါ်မူတည်၍ သုံးစွဲသူများအတွက် အကောင်းဆုံးနှင့် အချိုသာဆုံးဈေးနှုန်းကိုသာ ယူဆောင်လာပေးပြီး ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုအရည်အသွေးအား မြှင့်တင်ပေးခဲ့သည်။ Mytel သည် ဈေးနှုန်းနှင့် လုပ်ဆောင်မှုအချိုး၊ bandwidth ထိရောက်မှုနှင့် ယုံကြည်စိတ်ချနိုင်မှုတို့အား အကောင်းဆုံးပေးအပ်နိုင်ခဲ့ပြီး ကုန်ကျစရိတ် ထိရောက်မှု အပေါ်လည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့ရင်းနှီးမြှပ်နှံခြင်းဖြင့် မိုဘိုင်းဒေတာ ဈေးနှုန်းများဟာ သိသိသာသာကျဆင်းသွားစေပြီး သုံးစွဲသူများအပေါ် များစွာအကျိုးပြုခဲ့ခြင်း ဖြစ်သည်။

“Mytel က မိခင် ကုမ္ပဏီ Viettel ရဲ့ လမ်းစဉ်တွေအတိုင်းလိုက်ပြီး မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ပြောင်းလဲမှုကို ရှေ့တန်းကနေ ဦးဆောင်ပြီး လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ မြန်မာနိုင်ငံဆက်သွယ်ရေးဦးစီးဌာနရဲ့ ရည်မှန်းချက်အရ တစ်နိုင်ငံလုံး မိုဘိုင်းသုံးစွဲနိုင်မှုအတိုင်းအတာကို ၉၉ ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်ဖို့ ကြိုပမ်းဆောင်ရွက်နေတုန်း Mytel က Viettel ရဲ့ အကူအညီနဲ့ ဝေးလံခေါင်းပါးတဲ့ ကျေးလက်ဒေသများပါမကျန် တစ်နိုင်ငံလုံးအတိုင်းအတာ တိုင်းပြည်အတွက် လိုအပ်နေတဲ့ ဆက်သွယ်ရေးအဆောက်အဦတွေကို ဆက်လက် ဆောက်လုပ်ပေးပြီး ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ” ဟု Mytel မှပြင်ပဆက်ဆံရေးတာဝန်ခံအရာရှိချုပ် ဦးဇော်မင်းဦးမှပြောသည်။

Mytel ၏ ကနဦးအစီအစဉ်မှာ ဈေးကွက်သို့ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဒေါ်လာ ၂ ဘီလီယံခန့် အား လုပ်ငန်းရင်းနှီးငွေအဖြစ် ရင်းနှီမြုပ်နှံရန် စီစဉ်ထားပြီး base transceiver stations ပေါင်း ၅,၀၀၀ ကျော် နှင့် ကီလိုမီတာ ၃၀,၀၀၀ ကျော် ရှည်လျားသော fibre-optic ကြိုးများဖြင့် ကွန်ရက်တစ်ခု တည်ဆောက်ရန် ဖြစ်သည်။ ယခုအခါတွင်မူ Mytel သည် ဈေးကွက်တွင် ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြုပ်နှံထားပြီဖြစ်ပြီး ကီလိုမီတာပေါင်း ၃၆,၀၀၀ ခန့်ရှည်လျားသော fibre-optic ကွန်ရက်နှင့်အတူ 4G base transceiver stations ပေါင်း ၈,၀၀၀ ကျော်ကိုလည်း တည်ဆောက်ထားပြီးဖြစ်သည်။ ထိုသို့တည်ဆောက်ထားပြီး ဖြစ်သော Mytel အနေဖြင့်လည်း မြန်မာနိုင်ငံအား broadband နိုင်ငံတော်ကြီးဖြစ်လာစေရန် fibre-optic ကွန်ရက်တည်ဆောက်မှုနှုန်းကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ၂၀၁၈ ခုနှစ် နှစ်ကုန်အထိ စစ်တမ်းကောက်ယူမှုအရ မြို့နယ်ပေါင်း ၃၃၀ တွင် 4G ကွန်ရက်ကို ၁၀၀ ရာခိုင်နှုန်းအထိ ဖြန့်ကျက်ထားနိုင်ခဲ့ပြီး ထိုကွန်ရက်များအား ခြောက်လအချိန်အတွင်း တည်ဆောက်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ဈေးကွက်ထဲကို နောက်ဆုံးမှ ဝင်ရောက်ခဲ့သော်လည်း မကြာမီကပင် Mytel မှ 5G ကို မြန်မာနိုင်ငံသို့ ယူဆောင်လာပေးနိုင်ခဲ့သော ပထမဆုံးဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်လာခဲ့ပါသည်။ ယခုကဲ့သို့ နည်းပညာသစ်ကြီးအား Mytel မှ မြန်မာနိုင်ငံ သို့ ယူဆောင်လာပေးနိုင်ခဲ့သလို နောင်အနာဂတ်များတွင်လည်း Mytel မှ ဆန်းသစ်သော နည်းပညာများ နှင့် ထူးခြားကောင်းမွန်သော တိုးတက်မှုများကို ဆောင်ကျဉ်းပေးနိုင်ရန် အစဉ် ကြိုးစားလျက်ရှိပြီး ခေတ်မီအဆန်းသစ်ဆုံး တီထွင်မှုများကို သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါသည်။ Mytel သည် ယခင်တစ်နှစ်တာ ကာလအတွင်းမှာပင် ခေတ်မီဆန်းသစ်သော နည်းပညာများဖြစ်သည့် e-SIM၊ VoLTE နှင့် MytelPay တို့ကိုယူဆောင်လာနိုင်ခဲ့ပြီး ရှေ့ပြေးတီထွင်သူအဖြစ် ရပ်တည်လျက်ရှိပါသည်။ ရှေ့ဆက်ပြီး Mytel သည် e-wallets၊ OTT TV နဲ့ e-commerce အစရှိသော သာလွန်ထူးခြား၍ ခေတ်မီသော ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် ထပ်မံ တိုးချဲ့နေဦးမည်ဖြစ်သည်။ ဆက်လက်၍လည်း ကောင်းမွန်ပြည့်စုံသော ကြိုတင်ပြင်ဆင်မှုများနဲ့အတူ Mytel ဟာ D-A-T-A နည်းဗျူဟာများချမှတ်ကာ ဒစ်ဂျစ်တယ်အသွင်ပြောင်း ခေတ်ရေစီးကြောင်းကို ဦးဆောင်လမ်းပြနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာနိုင်ငံ၏ နည်းပညာဂေဟစနစ်အား နိုင်ငံတကာမှအသိမှတ်ပြုစေရန် တစ်ဖက်တွင်လည်း နိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းများနှင့် ICT အခြေခံအဆောက်အဦများကို သုံးစွဲသူများ၏စိတ်ကျေနပ်မှုထက် သာလွန်သော ဝန်ဆောင်မှုများကိုသာ ပေးနိုင်ရန် တသမတ်တည်း ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top