အစာစား​နေတုန်းမှာ ​ရေ​သောက်​သင့်သလား

yyl-008.jpg

အစာစား​နေတုန်​း ​ရေ​သောက်​ရင်​ အစာအိမ်​အချဉ်​ဓာတ်​ကို ​လျော့​စေပြီး အစာမ​ချေ​တော့ပါဘူးတဲ့.. ပိုဝလာမယ်​တဲ့.. ဒါဆို လူ​တွေ​ပြော​နေကြတ​ဲ့ ​ဒီအချက်​​တွေကို မှန်​ မမှန်​ စစ်​​ဆေး​ကြည်​့ရ​အောင်​ပါ။

အရင်​ဆုံး လူ​႔အစာအိမ်​ရဲ့ အစာ​ချေဖျက်​စနစ်​ပုံစံကို ​ပြောပြပါမယ်​။ အစာကိုဝါးလိုက်​ပြီဆိုတာနဲ့ ခံတွင်​းထဲက တံ​တွေးဂလင်​း​တွေက​နေ တံ​တွေးရည်​​တွေ ထုတ်​​ပေးပြီး အစာကို ​ပျော့ညက်​​စေပါတယ်​။ ဒီတံ​တွေးရည်​မှာ အစာ​ခြေဖို့အတွက်​ ထိ​ရောက်​​စေတဲ့ အင်​ဇိုင်​း​တွေပါဝင်​တယ်​။ ​ကျေညက်​သွားတဲ့ အစာဟာ အစာအိမ်​ထဲကို ​ရောက်​ပြီး အက်​ဆစ်​ရည်​နဲ့ ထပ်​ပြီး​ရော​နှောသွားပြန်​္​တယ်။ ဒီအစာကို အရည်​ဖြစ်​​အောင်​ ​ချေဖျက်​ဖို့ အစာအိမ်​က ​လေးနာရီကြာ အချိန်​ယူရပါတယ်​။ ​ချေဖျက်​ပြီးအစာ​တွေ အူလမ်​း​ကြောင်​းထဲ​ရောက်​ချိန်​မှာ ခန္ဓာကိုယ်​အတွက်​ လိုအပ်​တဲ့အာဟာရဓာတ်ကို ထုတ်​​​ပေးပါတယ်။

​ရေက​တော့ ဒီလိုမဟုတ်​ပါဘူး။ ​ရေ ၁၀ ​အောင်​စ ပမာဏဟာ အစာအိမ်​ထဲမှာ ၁၀ မိနစ်​ထက်​ ပိုမ​နေပါဘူး။ ဒါ​ကြောင်​့ အစာစား​နေတုန်း​ ​ရေ​သောက်​တာဟာ အစာအိမ်​ထဲမှာ ​ရေ​လှောင်​ကန်​ကြီးလို ဖြစ်​မသွားစေပါဘူး။ ​ရေက ဝါးထားတဲ့အစာ​တွေကို လျင်​လျင်​မြန်​မြန်​ပဲ ဖြတ်​ပြီး အစာအိမ်​ဆီကို ​ရောက်​သွားမယ်​။ ​ရေဓာတ်​ဖြည်​့​ပေးပြီး အစာအိမ်​ကနေ ချက်​ချင်​းထွက်​ပါတယ်​။

​ကျွန်​တော်​တို့ရဲ့ ​​အစာအိမ်ထဲက ​အက်​ဆစ်​ဓာတ်​ဟာ ​ရေ​သောက်​တာ​ကြောင်​့ အ​စာ​ချေဖျက်​​ပေးဖို့ ​အက်​ဆစ်​​ဓာတ်​​လျော့သွားတယ်​ ဆိုတာမျိုးလည်း မရှိပါဘူး။ အစာအိမ်​က သူ့အ​ကြောင်​း သူသိပါတယ်​။ အစာတစ်​ခုခုကို ​ချေဖျက်​ဖို့ခက်​လာရင်​ အင်​ဇိုင်​း​တွေ ပိုထုတ်​တယ်​။ အက်​ဆစ်​ဓာတ်​ကို ပိုထုတ်​တယ်​။ ဒါက အလိုအ​လျောက်​စနစ်​ပါပဲ။သ​ဘောက​တော့ ​ရေဂါလံဝက်​​လောက်​​သောက်​လည်​း အ​စာ​ခြေဖို့အက်​ဆစ်​ဓာတ်​ မ​လျော့သွားပါဘူး။ ဒါ​ကြောင်​့ ​ရေမှာ အစာ​ချေဖျက်​နှုန်​း​ကို ​နှေး​ကွေး​စေတဲ့ သက်​​ရောက်​မှုရှိမနေပါဘူး။

ဒါကြောင့် ဆောင်းပါးခေါင်းစဉ်က မေးခွန်းအတွက် အ​ဖြေက​တော့ အစာစား​နေစဉ်​ ​ရေကို​သောက်​လို့ရပါတယ်တဲ့ ​ခင်​ဗျ။ ဘာဆိုးကျိုးမှ မဖြစ်​နိုင်ပါဘူး။ တစ်​ခုပါပဲ။ ဝါး​နေတဲ့အစာ​ကို မျိုချပြီး​နောက်​မှသာ ​ရေကို​သောက်​​ရမှာပါ။ အစာအိမ်​ဆီသွားမယ်​့ အစာထဲမှာ တံ​တွေးနဲ့ အင်​ဇိုင်​းဓာတ်​ အလုံအ​လောက်​ပါသွားဖို့ လိုအပ်​တာ​ကြောင်​့ဖြစ်​ပါတယ်​။

​ကောင်​းကျိုးတစ်​ခုရှိတာက​ အစာစား​နေစဉ်​ အချိန် ခြားခြားပြီး ရေ​သောက်​​ပေးရင်​ အစာစားချင်​စိတ်​ကို ​လျော့နည်​း​စေပြီး ဝိတ်​ချ​နေတဲ့သူ​တွေအတွက်ဆို​ အဆင်​​ပြေ​စေမှာပါ။ အစာစားရင်း လက်​ဖက်​ရည်​​သောက်​တာဟာလည်​း ​ရေသောက်တာနဲ့ သဘောချင်းအတူတူပါပဲ….. ဘာပြဿနာမှ မရှိနိုင်ဘူးလို့ ဆိုထားပါတယ်။

 

Ref: brightside.me “Can we drink while we eat?”

AI (ရိုးရာ​လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top