ထူးခြား ဆန်းသစ်မှုတွေနဲ့ ဒစ်ဂျစ်တယ် ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့ MyID App

Untitled-1.png

အခုနောက်ပိုင်း ဒစ်ဂျစ်တယ်ခေတ်ရေစီးကြောင်း တိုးတက်ပြောင်းလဲလာတာနဲ့အမျှ တစ်ခုခုလုပ်ချင်ရင် “အဲဒီအတွက် ဒီအက်ပလီကေးရှင်းလေးရှိတယ်လေ” ဆိုတဲ့စကားကို မကြာခဏ ကြားရလေ့ရှိမှာပါ။ တကယ်လည်း နေ့စဉ်ဘဝတွေမှာ မိုဘိုင်းအက်ပလီကေးရှင်း မျိုးစုံကိုကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ပိုပြီးသုံးလာတာကို မြင်နေရပါတယ်။ အခုနောက်ပိုင်း တယ်လီကွန်း အော်ပရေတာတွေက သုံးတဲ့သူတွေ ပိုအဆင်ပြေစေဖို့ရည်ရွယ်ပြီး ဝန်ဆောင်မှုအသစ်တွေနဲ့ အက်ပလီကေးရှင်းတွေကို
အပြိုင်မိတ်ဆက် လာကြပါပြီ။

အဲဒီလို ဝန်ဆောင်မှုအသစ်တွေ၊ လုပ်ဆောင်ချက်အသစ်တွေကို အသုံးပြုနိုင်ဖို့အတွက် အက်ပလီကေးရှင်းပေါင်းစုံကို ကိုယ့်ရဲ့ မိုဘိုင်းဖုန်းထဲမှာ ဒေါင်းလုဒ်လုပ်ထားရတာက လက်တွေ့မှာ သိပ်အဆင်မပြေလှပါဘူး။ ဖုန်း storage မလောက်တာတွေ၊ အသုံးပြုနေတဲ့ အချိန်တွေမှာ ဖုန်းလေးတာ အစရှိတဲ့ အဆင်မပြေမှုတွေ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ အဲလိုအခက်အခဲတွေကို လျော့ချနိုင်ဖို့ ထူးခြားဆန်းသစ်တဲ့ ဝန်ဆောင်မှုအမျိုးမျိုးနဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို
တစ်နေရာထဲကနေ လုပ်နိုင်အောင်ပံ့ပိုးပေးနေတဲ့ တယ်လီကွန်းအက်ပလီကေးရှင်း တစ်ခုဖြစ်တဲ့ MyID အက်ပလီကေးရှင်း အကြောင်းကို ဝေမျှပေးချင်ပါတယ်နော်။

MyID ကို အသုံးပြုတဲ့ သူတွေအနေနဲ့ နေ့စဉ်ဘဝမှာ အက်ပလီကေးရှင်းတွေ အများကြီးမလိုတော့ပဲ MyID app တစ်ခုထဲနဲ့ လွယ်ကူရိုးရှင်းစွာ ဖြတ်သန်းနိုင်မှာပါ။ MyID ရဲ့ အဓိကထူးခြားချက်ကတော့ Mytel အသုံးပြုသူတွေသာမက အခြားတယ်လီကွန်း အသုံးပြုသူတွေပါ ဒီအက်ပလီကေးရှင်းကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် app ကို ကြိုက်တဲ့၊ ဖုန်းထဲမှာ ကြိုက်တဲ့ SIM card နဲ့ သုံးလို့ရနိုင်တာမျိုးပါ။ သူ့မှာပါတဲ့ Feature တွေကတော့ Social, Entertainment, Stranger, Selfcare, Loyalty စတဲ့ ကဏ္ဍတွေနဲ့ အခြား အသုံးတည့်တဲ့ ဝန်ဆောင်မှုတွေ အများကြီးပါဝင်ပြီး ကဏ္ဍတစ်ခုချင်းစီတိုင်းက မတူညီတဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်နိုင်ပါတယ်။ စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီလင့်ခ် bit.ly/MyIDApp ကနေ ဒေါင်းလုဒ် လုပ်လို့ရပါတယ်။

MyID နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ နောက်တစ်ချက်ကတော့ သူ့မှာပါဝင်နေတဲ့
နောက်ဆုံးပေါ် ခေတ်အမီဆုံး ဖျော်ဖြေရေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေပါ။ ဥပမာ မြန်မာနိုင်ငံမှာ ရေပန်းအစားဆုံး မိုဘိုင်းဂိမ်းဖြစ်တဲ့ Mobile Legends လို ဂိမ်းနဲ့ ပတ်သတ်တဲ့ သီးသန့်အကြောင်းအရာတွေ၊ အပတ်စဉ် သောကြာနေ့တိုင်းရှိတဲ့ ပွဲစဉ်တွေ သာမက အရှေ့တောင်အာရှထိပ်တန်း ကစားသမားတွေရဲ့ သီးသန့် livestream တွေကို ကြည့်ရှုနိုင်အောင် ပထမဆုံးလုပ်ပေးထားနိုင်တဲ့ အက်ပလီကေးရှင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေအတွက် စိတ်ဝင်စားစရာ ဂိမ်း (၅) မျိုးလောက်ပါတဲ့ MyID ရဲ့ဂိမ်းတွေကို ဆော့ပြီး အပတ်စဉ် ၅ သိန်းကျပ်အထိ ဆုကြေးငွေတွေ ရရှိနိုင်အောင် လုပ်ပေးထားတာကလည်း ဖျော်ဖြေရေးကဏ္ဍရဲ့ ထူးခြားချက်တစ်ချက်ပါ။

ဒါ့အပြင် မကြာသေးခင်က MyID က Viu နဲ့ ပူးပေါင်းပြီး ဖျော်ဖြေရေးကဏ္ဍကို အဆင့်မြှင့်လိုက်တာမို့ အသုံးပြုသူတွေဟာဆိုရင် လစဉ်ကြေးတွေ ထပ်ပေးဆောင်စရာမလိုပဲ ပရီမီယမ်ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေကို အခမဲ့ကြည့်ရှုနိုင်ပါပြီ။ နောက်ထပ် Mytel အသုံးပြုတဲ့ စာဖိတ်ပရိတ်သတ်တွေအတွက် အသုံးဝင်စေမယ့် ကဏ္ဍတစ်ခုကတော့ MyID ရဲ့ Loyalty feature ပဲဖြစ်ပါတယ်။ ဒီကဏ္ဍထဲမှာဆိုရင်တော့ Mytel သုံးတဲ့သူတွေက Mytel ဝန်ဆောင်မှုတွေသုံးရင်း point တွေရမှာဖြစ်ပါတယ်။ ရလာတဲ့ Point တွေကိုစုပြီး တယ်လီကွန်းဆုတွေ ဒါမှမဟုတ် တစ်နိုင်ငံလုံးမှာရှိတဲ့ ထောင်ပေါင်းများစွာသော နာမည်ကြီး brand တွေရဲ့ ကူပွန် voucher တွေကိုလည်း ဆုတွေအနေနဲ့ လဲလို့ရပါတယ်နော်။ နောက်ထပ်လည်း ဒီကဏ္ဍမှာဆိုရင် အသုံးပြုသူတွေအနေနဲ့ အကောင့်လက်ကျန်ငွေကို စစ်ဆေးခြင်း၊ ငွေဖြည့်ခြင်း (သို့) packages များဝယ်ယူခြင်းတွေအပြင်
အကောင့်တွေ အများကြီးကိုလည်း တစ်နေရာတည်းမှာ အလွယ်တကူစီမံနိုင်ပါတယ်။

အခုဇွန်လအတွင်း မကြာသေးခင်ကမှ Mytel (၂) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထပ်မိတ်ဆက်လိုက်တဲ့ “Fight COVID-19 Together” ဆိုတဲ့ ဆုကြေးရွှေ ၂၂ ကျပ်သားကို ကံစမ်းနိုင်မယ့် မွေးနေ့ကံစမ်းမဲ ဂိမ်းအစီအစဉ်သစ်တို့ကြောင့် ဂိမ်းဆော့ရတာ ဝါသနာပါတဲ့ သူတွေအနေနဲ့လည်း MyID အက်ပလီကေးရှင်းတစ်ခုထဲနဲ့ game တွေကို အဆင်ပြေပြေ ကစားနိုင်မှာပါ။ ဒီဂိမ်းအစီအစဉ်မှာ ဆိုရင်တော့ ဆုကြေးရွှေ ၂၂ ကျပ်သားအပြင် ထောင်ပေါင်းများစွာသော ဆုကြေးငွေတွေအပြင် အခြားတယ်လီကွန်းဆုတွေလည်း ပါရှိနေပါတယ်။ ဒီလိုမျိုး အသုံးပြုသူတွေအတွက် အကျိုးရှိစေပြီး တစ်နေရာထဲမှာ သူမတူတဲ့ ဘက်စုံဝန်ဆောင်မှုတွေကို စုံလင်စွာ ပံ့ပိုးပေးနိုင်နေတာကြောင့် MyID အက်ပလီကေးရှင်းဟာ စတင်မိတ်ဆက်ပြီး ပထမလအတွင်းမှာပဲ အသုံးပြုသူပေါင်း (၃) သိန်းကျော်ရှိခဲ့တာပါ။ စတင်မိတ်ဆက်ပြီး (၇) လအကြာ ဒီနေ့မှာဆိုရင် နေ့စဉ်အသုံးပြုသူ (၂) သန်းကျော်အထိရှိလို့နေပါပြီ။

ကဲ… စာဖတ်ပရိသတ်တွေထဲမှာ MyID app ကို စမ်းမသုံးကြည့်ရသေးတဲ့သူရှိတယ်ဆိုရင်
ဖုန်းလေးတာတွေ၊ storage မလောက်တာတွေ အဲဒီလိုအခက်အခဲတွေ လျော့နည်းသွားအောင်
အသုံးသိပ်မလိုမယ့် app တွေအများကြီးအစား MyID app ကို install ပြီး စမ်းသုံးကြည့်ကြဖို့
အကြံပြုလိုက်ရပါတယ်နော်..။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top