တရုတ်လူမှုကွန်ရက်မှာ လူပြောအများဆုံးဖြစ်ရပ်အတွက် လူ ၉ ယောက်ကို ဖမ်းဆီးထား

အမျိုးသားတစ်စုက အမျိုးသမီးတွေကို ရက်ရက်စက်စက် ရိုက်နှက်နေတဲ့ ရုပ်သံမှတ်တမ်း ပျံနှံ့ခဲ့ပြီးနောက် လူ ၉ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေရှိနေသလားဆိုတဲ့ စကားစစ်ထိုးပွဲကိုလည်း တစ်ကျော့ပြန် အရှိန်မြင့်စေခဲ့ပါတယ်။ တရုတ်နိုင်ငံ တန်ရှန်းမြို့ စားသောက်ဆိုင်မှာ အမျိုးသားတစ်ယောက်က အမျိုးသမီးရဲ့ ကျောကို ကိုင်ခဲ့ရာကနေ အခုလို ဖြစ်ပွားခဲ့တာပါ။ ကျောကိုင်ခံရတဲ့ အမျိုးသမီးက ပြန်တွန်းလွှတ်လိုက်တာကို မကျေနပ်လို့ အဲဒီအမျိုးသားက ထိုးကြိတ်ခဲ့သလို သူ့ရဲ့ အပေါင်းအဖော်တွေကလည်း အမျိုးသမီးကို ဆိုင်အပြင်ဘက် ဆွဲထုတ်လာပြီး ထိုးကြိတ်ကန်ကျောက်ခဲ့ပါတယ်။ အဲဒီလူစုဟာ အမျိုးသမီးနဲ့အတူ ညစာစားနေသူတွေကိုပါ တိုက်ခိုက်ခဲ့ကြတာပါ။ ဒီဖြစ်ရပ်မှာ အမျိုးသမီး ၂ ယောက် ဆေးရုံ ရောက်ခဲ့ပေမဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်ပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိပါဘူး။ … Continue reading တရုတ်လူမှုကွန်ရက်မှာ လူပြောအများဆုံးဖြစ်ရပ်အတွက် လူ ၉ ယောက်ကို ဖမ်းဆီးထား