အီလက်ထရွန်းနစ်ဆားကစ်များနဲ့ တည်ဆောက်ထားတဲ့မြို့

yyl-018.jpg

အသက် (၁၇)နှစ်အရွယ် ဇင်ဘာဘွေနွယ်ဖွား ဇေရ် မန့်ခ်(Zayd Menk)ဆိုတဲ့ လူငယ်တစ်ဦးဟာ အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်တဲ့ မတ်ဟတ်တန်(Manhattan) မြို့ရဲ့ ပုံစံငယ်တစ်ခုကို စွန့်ပစ်ကွန်ပြူတာဆားကစ်များ (Computer Circuits)အသုံးပြုပြီး တည်ဆောက်ပြခဲ့ပါတယ်။

သူဟာ စီပီယူ(CPU) ၁၁လုံး၊ ကွန်ပြူတာမားသားဘုတ်(Computer Motherboard) ၂၇လုံး၊ ဘက်ထရီ(Battery)၁၅လုံး ၊လက်ပတ်နာရီ ၄လုံး ၊တိုင်ကပ်နာရီ ၂လုံး အစရှိတဲ့ စွန့်ပစ်ပစ္စည်းများထဲမှ စက်ကိရိယာတွေ၊ ဆားကစ်ပြားတွေနဲ့ ကော်ဗူးပေါင်း ၂၆၃ ဘူးကို အသုံးပြူပြီး ၃လခန့် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် ဒီ ဆားကစ်ပစ္စည်းလေးတွေမြင်တိုင်း မြို့တစ်မြို့မှာရှိတဲ့ အထပ်မြင့်အဆောက်အဦးတွေနဲ့ ပုံစံတူတယ်ဆိုတဲ့အတွေး ခဏခဏ ဝင်လာလို့အခုလို ဖန်တီးဖြစ်တာပါ”

“ပထမဦးဆုံး မတ်ဟတ်တန်(Manhattan) မြို့အတွင်းမှာရှိတဲ့ အဆောက်အဦး မိုးမျှော်တိုက်တွေရဲ့ အရွယ်အစား တည်နေရာကိုရရှိဖို့အတွက် Wikipediaနဲ့ Google Map တို့ကိုအသုံးပြူပြီး အချက်အလက်များရှာဖွေခဲ့ရပါတယ်။ အအောက်အအုံတွေရဲ့ တည်နေရာ အမြင့်တွေရရှိလာတဲ့အခါ သတ်မှတ်ထားတဲ့စကေးအရွယ်အစား( ၀.၀၆၃၅ : ၁ ) ရရှိဖို့ ဆားကစ်ပြားတွေကို လိုအပ်သလို ဖြတ်တောက်ပြီးတည်ဆောက်ခဲ့ရပါတယ်”လို့ ဇေရ် မန့်ခ်(Zayd Menk)က ပြောကြားခဲ့ပါတယ်။

ဇေရ် (Zayd) ဟာ ပထမအစတုန်းက သူနေထိုင်တဲ့ ဇင်ဘာဘွေ (Zinbabwe) က မြို့တစ်မြို့ရဲ့ ပုံစံငယ်ကိုဖန်တီးဖို့ ရည်ရွယ်ခဲ့ပေမယ့် လိုအပ်တဲ့အချက်အလက်များအတိအကျမရရှိနိုင်တာကြောင့် မတ်ဟတ်တန်(Mahattan) မြို့ပုံစံငယ်ကိုပြောင်းလဲဖန်တီးခဲ့တာ ဖြစ်တယ္လို့ဆိုပါတယ်။

Paradise(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top