A Man Called Ove ဆိုတဲ့ ဟာသကားမှာ ပြန်လည် သရုပ်ဆောင်မယ့် Tom Hanks

tom.jpg

နိုင်ငံတကာမှာ ရောင်းအား အကောင်းဆုံး စာရင်းဝင်ခဲ့တဲ့ ဖရတ်ဒရစ် ဘက်ခ်မန်းရဲ့ ဝတ္ထု A Man Called Ove မှာ တွမ်ဟန့်ခ်စ် သရုပ်ဆောင်သွားမှာပါ။

အဆိုပါရုပ်ရှင်ကို 2015 ခုနှစ်မှာ ဆွီဒင်က ဒါရိုက်တာ Hannes Holm က ဆွီဒင် သရုပ်ဆောင်တွေနဲ့ ရိုက်ကူးခဲ့ပြီး ဆုတွေလည်းရရှိခဲ့ကာ အော်စကာ စကာတင်စာရင်းထဲလည်း ပါဝင်ခဲ့ပါသေးတယ်။ အခုတစ်ခေါက်မှာတော့ တွမ်ဟန့်ခ်စ်နဲ့ ပြန်လည်ရိုက်ကူးသွားမှာပဲ ဖြစ်ပါတယ်။

ဖရက်ဒရစ် ဘက်ခ်မန်း ရဲ့ ကျော်ကြားတဲ့ စာအုပ်ကို အခြေခံထားတဲ့ ဇာတ်လမ်းမှာ အဓိက ဇာတ်ကောင်ကတော့ စိတ်ညစ်နေတဲ့ မုဆိုးဖိုတစ်ယောက်ပဲဖြစ်ပြီး သူနေထိုင်တဲ့ ရပ်ကွက်ထဲက လူမှုအဖွဲ့ ခေါင်းဆောင်အဖြစ် ရုတ်တရက် ခန့်အပ်ခံလိုက်ရတဲ့အခါ စိတ်ပိုညစ်လာရတဲ့အကြောင်းပဲဖြစ်ပါတယ်။ ထို့နောက် သူ့ရဲ့အလုပ်ကနေပါ အတင်းအကျပ်အနားယူခိုင်းခံရ (အဖြုတ်ခံရ) တဲ့အခါမှာတော့ သူဟာ ကိုယ့်ကိုယ်ကိုသတ်သေဖို့ နည်းမျိုးစုံနဲ့ စတင် ကြိုးစားလာပြီးနောက် အဲ့သလို သတ်သေဖို့ ကြိုးစား လိုက်တိုင်းမှာလည်း အကူအညီ လိုအပ်နေတဲ့ သူငယ်ချင်း သို့မဟုတ် အိမ်နီးချင်းတစ်ယောက်ကို ကူညီမိရက်သား ဖြစ်ဖြစ်လာတဲ့အခါ ၊ ဘဝအပေါ် သူ့ရဲ့အမြင်တွေ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ အကြောင်း ဖြစ်ပါတယ်။

တွမ်ဟန့်ခ်စ်အနေနဲ့ ဒါရ်ိုက်တာ Steven Spielberg ရိုက်ကူးတဲ့ The Post မှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး အဆိုပါရုပ်ရှင်ကတော့ လာမယ့် ဇန်နဝါရီမှာ ရုံတင်သွားမှာပါ။ ဒါ့ပြင် 2019 ဇွန်လမှာ ရုံတင်သွားဖို့ဖို့ရှိတဲ့ Toy Story 4 မှာလည်း တွမ်ဟန့်ခ်စ် ရဲ့ အအောင်မြင်ဆုံး ဇာတ်ကောင်တွေထဲက တစ်ခုဖြစ်တဲ့ Woody အဖြစ် ပြန်လည်တွေ့မြင်ရဦးမှာပါ။
Ref: Empire Magazine: Tom Hanks Starring In Comedy Remake A Man Called Ove

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top