ရယ်ရတဲ့ comment တွေမှာ haha reaction ပေးလို့ ရပြီ

cr.png

သိနှင့်ပြီးတဲ့ သူတွေ ရှိပေမယ့် မသိသေးတဲ့ သူတွေအတွက် ဖြစ်ပါတယ်။

အရင်က facebook မှာ status တွေ၊ ဓာတ်ပုံတွေကို Like၊ Love၊ Haha၊ Wow၊ Sad၊ Angry ဆိုပြီး reaction တွေ ပေးလို့ ရပေမယ့် comment တွေကိုတော့ reaction ပေးလို့ မရခဲ့ပါဘူး။  အခု နောက်ဆုံး ထွက်ထားတဲ့ facebook mobile application အသစ်မှာတော့ comment တွေကို like ပေးတာအပြင် Love၊ Haha စတာတွေကိုပါ ပေးလို့ ရနေပြီ ဖြစ်ပါတယ်။ Browser ကနေ web version နဲ့ ပေးတဲ့ သူတွေလည်း comment တွေကို reaction ပေးနိုင်ပါပြီ။

Reaction ပေးနည်းကလည်း ပုံတွေမှာ ပြထားတဲ့ အတိုင်း comment မှာ ပါလာတဲ့ “Like” နေရာကို နည်းနည်းကြာကြာ ဖိပေးထားရုံနဲ့ ပေးနိုင်တဲ့ reaction တွေကို ဖော်ပြပေးတာပဲ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ပုံတွေမှာ ကြည့်ရှုနိုင်ပါတယ်။

Website မှာ ဆိုရင် comment က like နေရာကို mouse pointer လေး ထောက်ပြထားရုံနဲ့ reaction တွေ ပေါ်လာမှာ ဖြစ်ပါတယ်။

Facebook app version သစ်မှာတော့ like နေရာကို လက်နဲ့ နည်းနည်းကြာကြာ ဖိထားရင် reaction ပေါ်လာပါလိမ့်မယ်။

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top