အောင်မြင်ချင်တယ်ဆိုရင် မိမိကိုယ်မိမိ ယုံကြည်မှုထားပါ

confident-businessman-PPB7F9J-e1566025235809.jpg

ဘယ်အလုပ်မှာမဆို၊ ဘယ်အရာကိုမဆို တစ်ခုခု လုပ်တော့မယ်ဆိုရင် ယုံကြည်မှုရှိခြင်းက သင့်ကို ခရီးတွင်စေပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှုရှိခြင်းဟာ ဖန်တီးယူလို့ရတဲ့ အရည်ချင်းကောင်းတစ်ခုပါ။

မိမိကိုယ်မိမိယုံကြည်မှု လို့ဆိုရာမှာ (၃) မျိုးခွဲခြားထားပါတယ်

မိမိကိုယ်မိမိ ယုံကြည်မှု အလုံအလောက်မရှိခြင်း (Under Confidence) ပါ

အလုပ်တစ်ခုကို စလုံးရေစတောင် မစရသေးဘူး ငါနဲ့ အဆင်ပြေပါ့မလား၊ ငါလုပ်နိုင်ပါ့မလားလို့ တွေးနေရင်တော့ သေချာပေါက် အောင်မြင်နိုင်ခြေ နည်းပါတယ်။ မကျွမ်းကျင်တဲ့ နယ်ပယ်တစ်ခုပဲဖြစ်ဖြစ်၊ အခုမှ စတင်လုပ်ဆောင်တဲ့ လုပ်ငန်းတစ်ခုပဲဖြစ်ဖြစ် ယုံကြည်မှုရှိရှိနဲ့သာ လုပ်ဆောင်သင့်ပါတယ်။ သင့်ကိုယ်သင် ယုံကြည်မှုရှိနေရင် သင် ခရီးတစ်ဝက် ရောက်နေပါပြီ။ ကျန်ခရီးတစ်ဝက်ကိုတော့ ကံ၊ ညဏ်၊ ဝီရိယနဲ့အတူ ကြိုးစားအားထုတ်ဖို့တော့ လိုအပ်ပါတယ်။

မိမိကိုယ်မိမိ ယုံကြည်မှု လွန်ကဲခြင်း (Over Confidence) ပါ

ဒါကေ ယုံကြည်မှု နည်းပါးတာထက်တော့ သာလွန်ကောင်းမွန်တယ်ဆိုပေမဲ့ ငါဘာလုပ်လုပ် ဖြစ်ကိုဖြစ်ရမယ်၊ ငါလုပ်လို့မဖြစ်တာ မရှိဘူး၊ အကုန်ဖြစ်ရမယ်ဆိုပြီး ယုံကြည်မှုတွေ လွန်ကဲနေမယ်ဆိုတာက အမြဲတမ်း အဆင်မပြေနိုင်ပါဘူး။ ထင်ထားသလို အောင်မြင်မှုတွေ မရရှိဘဲ ရှုံးနိမ့်မှုတွေ တွေ့ကြုံရတဲ့အခါ အထိနာပါလိမ့်မယ်။ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုပေမယ့် လောကမှာ သင်လိုက်မလုပ်နိုင်တာတွေ၊ မဖြစ်နိုင်တာတွေ အမှန်တကယ်ရှိပါတယ်။

ရှိသင့်ရှိထိုက်တဲ့ ယုံကြည်မှု (Self Confidence) ပါ

အလုပ်တစ်ခုကို ယုံကြည်မှုမရှိဘဲ လုပ်ကိုင်ခြင်းဟာ အောင်မြင်နိုင်ခြေနည်းသလို ယုံကြည်မှု လွန်ကဲသွားရင်လည်း သတိလက်လွတ်ဖြစ်ခြင်း၊ ပေါ့ဆခြင်းတို့နဲ့အတူ မမျှော်လင့်ထားတဲ့ ရှုံးနိမ့်မှုများစွာ တွေ့ကြုံလာနိုင်ပါတယ်။ဒါကြောင့် ဘယ်အလုပ်ပဲလုပ်လုပ် ယုံကြည်ချက်ရှိရှိ အောင်မြင်အောင် ကြိုးစားသင့်ပြီး ရှုံးနိမ့်မှုတွေ တွေ့ကြုံတဲ့အခါမှာလည်း စိတ်ဓာတ်မကျဘဲ ပြန်လည်အားတင်းဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ရှိသင့်ရှိထိုက်တဲ့ ယုံကြည်မှုတစ်ခုနဲ့သာ အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်မှာပါ။ ကြိုးတန်းတစ်ခု ပြုလုပ်ရာမှာ အရမ်းတင်းလွန်းအားကြီးရင်လည်း ပြတ်တောက်သွားနိုင်သလို လျော့တိလျော့ရဲဆိုရင်လည်း အောက်ကိုအိကျပြီး အဆင်ပြေမှု မရှိနိုင်ပါဘူး။ မလျော့လွန်း မတင်းလွန်း အခြေအနေမှသာ ပြတ်တောက်ခြင်းမရှိဘဲ အသုံးပြုရ အဆင်ပြေမှာ ဖြစ်ပါတယ်။

ဘယ်အရာမဆို ဖြစ်မှဖြစ်ပါ့မလားဆိုပြီး စိုးရိမ်သောက ရောက်နေစရာလည်းမလိုပါဘူး။ ငါလုပ်ရင်ဖြစ်တယ် ဆိုပြီးယုံကြည်မှု လွန်ကဲနေစရာလည်း မလိုပါဘူး။ အောင်မြင်ဖို့အတွက် ယုံကြည်ချက် အပြည့်ရှိတယ်။ အားအင် အပြည့်နဲ့ ကြိုးစားရမယ်ဆိုတဲ့ စိတ်ကို ထည့်ထားပြီး ကြိုးစားမယ်ဆိုရင်တော့ သင်အလိုရှိတဲ့ အောင်မြင်မှုပန်းတိုင်ကို မျှော်လင့်ထားတာထက် ပိုပြီး စောစောရောက်နိုင်မှာပါ။

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top