COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် SHARK Energy Drink မှ ငွေကျပ်သိန်း (၅၀၀) တန်ဖိုးရှိ ပစ္စည်းများကို ဆေးရုံကြီး (၄) ခုအား ပေးအပ်လှူဒါန်း

Medical-Officials-from-the-Yangon.jpg

မြန်မာနိုင်ငံ၏ ထိပ်တန်း စွမ်းအားဖြည့်အချိုရည်ဖြစ်သော SHARK Energy Drink မှ နိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသော COVID-19 ရောဂါထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် ပူးပေါင်းပါဝင်သည့်အနေဖြင့် ငွေကျပ်သိန်း (၅၀၀) တန်ဖိုးရှိ တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေး ပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီး (၄) ခုအား ပေးအပ်လှူဒါန်းခဲ့ပါသည်။

SHARK Energy Drink မှ နှာခေါင်းစည်းအခုရေ (၄၀၀,၀၀၀)၊ PPE ဝတ်စုံ အစုံ (၂,၀၀၀)၊ ဆေးရုံသုံးလက်အိတ် (၅,၀၀၀) ခု၊ လက်သန့်ဆေးရည် (၂,၁၀၀) ဘူးနှင့် SHARK Energy Drink cans ပေါင်း (၂,၄၀၀) တို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အထူးကု ဆေးရုံသစ်ကြီး (JICA) ၊ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီး တို့အား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ မှစတင်ပြီး COVID-19 အတည်ပြုလူနာ အရေအတွက် များပြားလာသည့်အတွက် SHARK Energy Drink ၏ #DOGOOD အစီအစဉ်အရ ကာကွယ်ရေးပစ္စည်းများနှင့် အထောက်အပံ့ပစ္စည်းများ လှူဒါန်းလိုက်ခြင်းသည် အဆိုပါ ဆေးရုံကြီး (၄) ခုတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများအတွက် လူနာများအား စောင့်ရှောက်၊ ကုသမှု ပေးအပ်ရာတွင် မိမိကိုယ်ကို ဘေးကင်းလုံခြုံမှုရှိစေရန် ရောဂါကာကွယ်ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်ပါသည်။ လူနာများနှင့် လူနာစောင့်များအား နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်ကဲ့သို့သော ပစ္စည်းများ ပေးအပ်သွားမည် ဖြစ်သောကြောင့် COVID-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ကူညီအားဖြည့်ပေးနိုင်မည် ဖြစ်ပါသည်။

ကာကွယ်ရေးပစ္စည်းများနှင့် အထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို အိုဆော့စပါးလွယ်ဟိန်းကုမ္ပဏီမှ SHARK ကိုယ်စား Head of Trade Marketing – Myanmar ဖြစ်သူ ဒေါ်ခိုင်မီမီကြည်၊ Head of Marketing – Myanmar ဖြစ်သူ ဒေါ်ချိုဇင်မော်နှင့် Head of HR – Myanmar ဖြစ်သူ ဒေါ်နေခြည်မြဦး တို့မှ သက်ဆိုင်ရာ ဆေးရုံအသီးသီးတွင် ကျင်းပပြုလုပ်ခဲ့သည်။ လှူဒါန်းသည့် ပစ္စည်းများကို ဆေးရုံမှ တာဝန်ရှိသူများ ဖြစ်ကြသော – ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ကြီး၊ ရန်ကုန်အထူးကု ဆေးရုံသစ်ကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာ ညွှန့်ညွှန့်ဝေ၊ သင်္ဃန်းကျွန်း စံပြဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သန်းလှနှင့် မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းသန္တာဖြူတို့မှ လက်ခံရယူခဲ့ပါသည်။

ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကျန်းမာရေးဝန်ထမ်းများမှာ လူနာများအား စောင့်ရှောက်ကုသ ကာကွယ်ပေးရန် ကြိုးပမ်းနေကြပါသည်။ ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများအား စံနမူနာယူကာ အရေးကြီးသော လုပ်ငန်းဆောင်တာများ ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများကို ကူညီထောက်ပံ့ပေးကြရန်အတွက် SHARK Energy Drink မှ ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး မေတ္တာရှေ့ထား ဆောင်ရွက်သည့် အပြုအမူများကို ဝေမျှနိုင်ရန် #DOGOOD အစီအစဉ်တစ်ခုကို စတင်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်ကို ဦးဆောင်သည့်အနေဖြင့် SHARK Energy Drink မှ ဆေးရုံများအတွက် မရှိမဖြစ် လိုအပ်သော တစ်ကိုယ်ရေကာကွယ်ရေး ပစ္စည်းများ လှူဒါန်းကာ COVID-19 ရောဂါ ကုသရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် တတ်အားသရွေ့ ပါဝင်ကူညီပံ့ပိုးပေးခြင်း ဖြစ်ပါသည်။

မကြာသေးမီက SHARK Energy Drink သည် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သူရဲကောင်း ကျန်းမာရေးဝန်ထမ်းများအတွက် ပရဟိတ အဖွဲ့အစည်းတစ်ခုဖြစ်သည့် We Love Yangon ထံသို့ SHARK Energy Drink cans ပေါင်း (၄,၈၀၀) ကိုလည်း ပေးအပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါထုတ်ကုန်များကို We Love Yangon မှတဆင့် ထောက်ပံ့မှု လိုအပ်နေသော အိမ်ထောင်စုများနှင့် စေတနာ့ဝန်ထမ်းများထံသို့လည်း ဖြန့်ဖြူးပေးခဲ့ပါသည်။

Team (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top