Mytel ၏ (၁) နှစ်ပြည့်ကံစမ်းမဲအစီအစဉ်၏ဆုကြီးများစွာကို နောက်ဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့် ကြေညာပေးသွားမည်

image_1yearluckydraw1.jpg

ဆက်သွယ်ရေးအော်ပရေတာ Mytel ၏ (၁) နှစ်ပြည့်အထိမ်းအမှတ်ကံစမ်းမဲအစီအစဉ် “ဒေတာကြီးကြီး ဆုကြီးကြီး” မှ နောက်ဆုံးအကြိမ်ကံထူးရှင်များကို ဩဂုတ်လ (၄) ရက်နေ့ မနက် (၁၀) နာရီအချိန်တွင် Mytel Myanmar Facebook Page မှ တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ပေးသွားမည်ဖြစ်သည်။

နောက်ဆုံးအနေဖြင့်ကျန်ရှိသည့် လိမ္မော်ရောင် SUZUKI SWIFT GLX ကား၊ Samsung Smart TV၊ Apple Airpods 2၊ MYTEL FTTH အင်တာနက်ဝန်ဆောင်မှုကို အကန့်သတ်မဲ့ (၁) နှစ်အခမဲ့အသုံးပြုခွင့်နှင့် Bphone အဆင့်မြင့်စမတ်ဖုန်းတို့ကို တိုက်ရိုက်ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။ ကံထူးရှင်များကို (၃) ကြိမ် ဆက်တိုက် ဖုန်းခေါ်ဆိုပေးသွားမည်ဖြစ်ပြီး (၃) ကြိမ်ပြည့်သည့်တိုင် ဖြေကြားခြင်းမရှိပါက နောက်ထပ်ကံထူးရှင် အသစ်ကို အစားထိုးရွေးချယ်သွားမည်ဖြစ်ပါသည်။ ကြည့်ရှုသူများအနေနှင့်လည်း တိုက်ရိုက်ထုတ်လွှင့်ခြင်း၏ တစ်စိတ်တဒေသဖြစ်သည့် အပြန်အလှန်ပါဝင်နိုင်သည့်အစီအစဉ်တွင် ပါဝင်ကစားနိုင်သည့် အခွင့်အရေးအား ရရှိမည်ဖြစ်သည်။

မေလ (၂၆) ရက်နေ့မှစတင်ခဲ့သော Mytel ၏ (၁) နှစ်ပြည့်အထိမ်းအမှတ် ကံစမ်းမဲအစီအစဉ်တွင်ပါဝင်ရန်အတွက် သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာ လစဉ်ဒေတာ pack နှင့် bundle pack များဝယ်ယူခြင်းဖြင့် ကံစမ်းမဲကုဒ်နံပါတ်တစ်ခုရမည်ဖြစ်ပြီး အစီအစဉ်သို့ဝင်ရောက်ဆင်နွှဲနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် 100 MB၊ 1 GB၊ 10 GB နှင့် 100 GB တို့ကို နေ့စဉ်ရရှိနိုင်မည့်အခွင့်အရေးကိုလည်း ရနိုင်မည်ဖြစ်ပါသည်။ ပရိုမိုရှင်း ကာလမှာ၂၀၁၉ မေ (၂၉) ရက်မှစ၍ ဇူလိုင် (၃၁) ရက်နေ့အထိဖြစ်သည်။

အစီအစဉ် –  Mytel တစ်နှစ်ပြည့် ကံစမ်းမဲအစီအစဉ် Live ထုတ်လွှင့်ပြသခြင်း
နေ့ရက် – ဩဂုတ်လ (၄)ရက် (တနင်္ဂနွေနေ့)
အချိန် – မနက် (၁၀) နာရီ
နေရာ – Mytel Myanmar Facebook Page
Link –  https://www.facebook.com/events/349942119033838/

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top