အန္တရာယ် ကင်းကင်းနဲ့ ပိုင်ဆိုင်နိုင်မယ့် အလှတရား (CRYSTAL TOMATO) လုပ်ငန်းပိုင်ရှင် မခင်ရဲရူပါအေးနဲ့ တွေ့ဆုံခြင်း

P1180063.jpg

၁) တစ်ချိန်တုန်းက အစ်မကလည်း CRYSTAL TOMATO ရဲ့ Customer တစ်ယောက်ပါ။

ဘယ်က စလုပ်ဖြစ်ခဲ့လဲဆိုတော့ ဒီ CRYSTAL TOMATATO က မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်လောက်မှာ စရောက်ခဲ့တာပါ။ ရန်ကုန်ရုံးချုပ်ကို စရောက်တာပေါ့။ ရန်ကုန်ရုံးချုပ်မှာက အစ်မ နဲ့ သိတဲ့ မိတ်ဆွေတွေက အစ်မကို လှမ်းညွှန်တယ် ။ CRYSTAL TOMATO သောက်ကြည့်ပါလားတဲ့။ အစ်မမှာက သားဦးကိုယ်ဝန်ဆောင်တဲ့ အတွက် အသားအရေပေါ်မှာ အမဲစက်တွေ ထွက်လို့ ဆေးကောင်းရှာနေတုန်း CRYSTAL TOMATO ကိုတွေ့ခဲ့ပါတယ်။ အစ်မ အနေနဲ့ကလည်း အဲ့ဒီအချိန်တုန်းက သားသားလေး ကိုယ်ဝန်ဆောင်ထားတော့ ဘာဆေးမှ မသောက်ရဲဘူး ဖြစ်နေတာ ။ သူတို့ကတော့ ရှင်းပြပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေလည်း သောက်လို့ရပါတယ်ပေါ့။ ဒါနဲ့ အစ်မလည်း သူတို့ ရဲ့ CRYSTAL TOMATO အကြောင်းရေးထားတဲ့ စာလေးကို ဖတ်ပြီး ဆရာ ဖြိုးမောင်သော် နဲ့ တိုင်ပင်ကြည့်ခဲ့တယ်။ ဆရာက ကိုယ်ဝန်ဆောင်တွေလည်း သောက်လို့ရတယ် လို့ ပြောပြတာနဲ့ အစ်မလည်း ဒီဆေးလေးကို စသောက်ဖြစ်ခဲ့ ပါတယ်။ ကိုယ်တိုင်သောက်ကြည့်တဲ့ အချိန်မှာ သိသိသာသာထူးခြားမှုလေးတွေ ရှိတာကြောင့် စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ် ဖန်တီးကြည့်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ၂၀၁၄ ခုနှစ် ၆လပိုင်းလောက်မှာ စလေ့လာခဲ့ပါတယ်။ ကိုယ်တိုင်သုံးကြည့်လိုက်ပြီး ကျေနပ် အားရမှု ရခဲ့တဲ့ ဒီ ပစ္စည်းကို လူအများကိုလည်း Sharing လုပ်ပေးချင်တဲ့ ဆန္ဒလည်း ပါတာပေါ့ ။ဒီဆိုင်လေးကိုတော့ ၂၀၁၄ ခုနှစ် ၆ လပိုင်း ၂၇ ရက်နေ့မှာ စဖွင့် ဖြစ်ခဲ့တာပါ ။

၂) CRYSTAL TOMATO က သောက်ဆေးနဲ့ လိမ်းဆေးရယ်လ အမျိုးအစား နှစ်မျိုးကို ခွဲခြားထားပါတယ်။ CRYSTAL TOMATO ဆိုတဲ့ သောက်ဆေးနဲ့ CRYSTAL CLEAR ဆိုတဲ့ လိမ်းဆေးပါ ။ဆေးရဲ့အာနိသင်တွေကတော့ ၂ လလောက် သောက်ပြီးတဲ့ အခါမှာ အသားအရေကို ဖြူသွားစေတာမျိုးတင် မဟုတ်ပဲ သိသိသာသာကြည်သွားစေမှာပါ ။ အမဲစက်ရှိသူတွေဆိုလည်း အမဲစက်တွေ ရော့သွားစေပြီး အသားအရေ မညီတဲ့ သူတွေ၊ အသားကွက်တဲ့သူတွေဆိုလည်း အသားအရေ ညက်ညောသွားစေပါတယ်။ ၂ လလောက်သောက်ပြီးလို့ အသားအရေကြည်ပြီးတဲ့နောက် ၃ လမြောက်လောက်မှာတော့ အသားအရေက ဖြူဝင်းလာစေမှာပါ။ ဒီဆေးက မိန်းကလေးတွေ အတွက် သီးသန့်ထုတ်ထားတာမျိူး မဟုတ်လို့ ယောက်ျားလေးတွေလည်း သောက်သုံးနိုင်ပါတယ်။ စတင်သောက်သုံးနိုင်တဲ့ အရွယ်ကတော့ ခရမ်းချဉ်သီးစစားတတ်တဲ့ အရွယ် ကလေးငယ်တွေကအစ သောက်လို့ ရပါပြီ ။လူကြီးပိုင်းတွေမှာဆိုလည်း သောက်ဆေးရော၊ လိမ်းဆေးရော နှစ်မျိုးလုံးကို ယှဉ်မတွဲသုံးချင်လည်း ရပါတယ်။ အစ်မဆို တင်းတိပ် ၊ မှဲ့ခြောက်နဲ့ နေလောင်ကွက်တွေ မရှိဘူး ။သွေးသားကြောင့်အသားအရေ မညီတာပဲ ရှိတာ။ ဒါကြောင့် လိမ်းဆေးကူပေးစရာ မလိုပါဘူး။ သောက်ဆေးနဲ့ တင်လုံလောက်ပါတယ်။ အမဲစက်တွေ အရမ်းများတဲ့ လူဆိုရင်တော့ လိမ်းဆေးရော ၊ သောက်ဆေးရော နှစ်မျိုးလုံးကို တွဲ သုံးသင့် ပါတယ်။

၃) အသားအရေကို ထိန်းသိမ်းချင်တဲ့ အိမ်ရှင်မတွေ အတွက် အချိန်ပေးစရာမလိုတဲ့ ဆေးကောင်းတစ်လက်ပါ။

အချိန်အများကြီး ပေးနိုင်တဲ့ လူလွတ် ညီမလေး တွေ အပြင် အိမ်ထောင်သည် အစ်မတွေကလည်း အချိန်ပေးရလွယ်ကူစေတဲ့ ဆေးတစ်မျိုးပါ။ အစ်မတို့လို အိမ်ထောင်သည်တွေဆိုတာက ကိုယ့် အသားအရေကို လှချင်တာမှန်ပေမယ့် အချိန်ကျတော့ အများကြီး မပေးနိုင်ဘူးလေ။SPA လုပ်တာမျိုးတွေလို နာရီပိုင်းအထိ အချိန်ပေးစရာမလိုပဲ ဒီဆေးကတော့ တစ်ရက်မှာ ဆေးတစ်ကြိမ်သောက်လိုက်ရုံနဲ့ အသားအရေကို လှပလာစေမှာပါ ။အသားအရေကို ကိုယ်လိုချင်တဲ့ အနေအထားရောက်ရင် ဆေးက်ို ဖြတ်လိုက်န်ိုင်ပါတယ်။ Side-effect လည်းမရှိစေပါဘူး။ နှစ်သက်လို့ ဆက်သောက်မယ်ဆိုလည်းရေရှည် သောက်သုံးနိုင်ပါတယ်။

၄) CRYSTAL TOMATO & CRYSTAL CLEAR ဘက်က သုံးစွဲသူ Customer တွေအတွက် ပေးနိုင်တဲ့ ထောက်ခံချက်တွေက တော့ …

မြန်မာနိုင်ငံ FDA လက်မှတ်ရထားတဲ့ ဆေးတစ်ခုပါ။ ထုတ်လုပ်တဲ့ နိုင်ငံကတော့ USA ကပါ။ USA ကနေ စင်ကာပူကိုဖြန့် တယ်။ စင်ကာပူကနေမှ အာရှကို ပြန်ပြီး ဖြန့်ချီပေးတာပါ ။ အသုံးပြုထားတဲ့ ကုန်ကြမ်းကတော့ အစ္စရေးက ခရမ်းချဉ်သီး အဖြူမျိုးစိတ်ကို အသုံးပြုပြီး အစ္စရေးက ပညာရှင်တွေက ပဲ ဖော်စပ်ပေးထားတာပါ ။ခရမ်းချဉ်သီး အဖြူမျိုးစိတ် အပင်တွေကို ဒီ ကုမ္ပဏီကပဲ Register လုပ်ထားတဲ့ အတွက်ကုန်ကြမ်းပြတ်တောက်တာတို့၊ ဆေးဝယ်ရခက်ခဲတာတို့လည်း မဖြစ်အောင်စီစဉ် ပေးထားပါတယ်။ ခရမ်းချဉ်သီးဖြူ တစ်နေ့ကို ၂လုံးစားပေးရင် လူတစ်ယောက်အတွက် အသားအရေပိုင်းမှာပါ အထူးကောင်းမွန်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။ ဒါပေမယ့် ဒီ ခရမ်းချဉ်သီးဖြူမျိုးကို မြန်မာနိုင်ငံရဲ့ ဘယ်မှာမှ ရှာလို့ မရနိုင်ဘူးလေ။ ဒါပေမယ့် ဒီ CRYSTAL TOMATO ဆေးတစ်လုံးဟာ ခရမ်းချဉ်သီး သုံးလုံးနဲ့ အာနိသင်ချင်းတူညီတဲ့ အတွက် တစ်နေ့ကို ဆေးတစ်လုံးသောက်တာဟာ ခရမ်းချဉ်သီး အဖြူ သုံးလုံးစားပေးသလိုပါပဲ။

၅) အစ်မတို့က CRYSTAL TOMATO ရဲ့ မန္တလေးမြို့ အတွက် တစ်ဦးတည်းကိုယ်စားလှယ်ပါ။

စင်ကာပူက လူတွေထဲက ၅၀% အထက်က ဒီဆေးကို လက်ခံနေကြပါပြီ။ ဒီ CRYSTAL TOMATO ရဲ့ ဖြန့်ချီတဲ့ စနစ်က သက်ဆိုင်တဲ့ ရုံးခွဲတွေနဲ့ အလှအပ ပိုင်းဆိုင်ရာ ကုသပြုပြင်ပေးတဲ့ ဆေးခန်းတွေမှာပဲ ဝယ်ယူလို့ ရနိုင်တဲ့ ပစ္စည်းမျိုးပါ ။ Bussiness ဆန်ဆန် စတိုးဆိုင်တိုင်းမှာ တင်ရောင်းတဲ့ ပစ္စည်းမျိုး မဟုတ်တဲ့ အတွက် အောက်လိုင်းကနေ စင်တူရိုးမှား ပစ္စည်းတူတွေ ဝင်မှာကိုလည်း ကြောက်စရာ မလိုတော့တာပေါ့။ ကုမ္ပဏီက မြို့တစ်မြို့မှာ ဆိုင်တစ်ဆိုင်ပဲ ရောင်းချခွင့် ပေးပါတယ် ။ အစ်မတို့ဆိုရင် မန္တလေး ရဲ့ တစ်ဦးတည်း အရောင်းကိုယ်စားလှယ်ပေါ့။သူတို့ဘက်က အစ်မတို့ကိုတောင်းဆိုတဲ့ စည်းကမ်းချက်ကတော့ အစ်မတို့ ဆိုင်တစ်ဆိုင်လုံးမှာ သူတို့ရဲ့ CRYSTAL TOMATO ကိုပဲ ရောင်းရပါတယ်။

၆) သဘာ၀ Organic ပစ္စည်းစစ်စစ်ဖြစ်တဲ့ အတွက် ဈေးနှုန်းအရတော့ နည်းနည်းမြင့်ပါတယ်။

CRYSTAL TOMATO & CRYSTAL CLEAR ဟာ ၁၀၀% Orginic ပစ္စည်းနဲ့ ထုတ်လုပ်တာ ဖြစ်တဲ့ အတွက်ဈေးနှုန်း အနေအထားအရတော့ နည်းနည်းမြင့်တယ်။ အလုံး ၃၀ တစ်လစာ ပါပါတယ်။ Orginic ပစ္စည်းဖြစ်တဲ့ အတွက် သောက်ဆေးဆိုလည်းသဘာ၀ ဖြည့်စွက်အစာဖြစ်ပြီး လိမ်းဆေးဆိုလည်း အမာရွတ် ၊ အမဲစက်ရှိတဲ့နေရာ လေးကိုပဲ ရွေးလိမ်းပေးရုံပါပဲ ။ မတည့်တဲ့သူရယ်လို့လည်း မရှိစေပါဘူး ။ ဈေးမြင့်တယ်ဆိုလို့လည်း အစ်မတို့ ဘက်က ပစ္စည်းကို ဈေးတင်ရောင်းခြင်းမျိူး မရှိပါဘူး။ ဈေးတင်ခွင့်လည်း မရှိပါဘူး။ရုံးချုပ်က သတ်မှတ်ပေးထားတဲ့ဈေး အတိုင်းကိုပဲ ရောင်းရတာ ဖြစ်ပါတယ်။ စင်္ကာပူမှာ ဝယ်ဝယ်၊ USA မှာပဲ ဝယ်ဝယ် ဒေါ်လာဈေးနဲ့ တွက်ချက်ပြီး ဈေးကို ပုံသေတစ်မျိုးတည်း ထားထားတာပါ ။အစ်မတို့ကိုတော့ ကုမ္ပဏီဘက်က % စနစ်နဲ့ အမြတ်အစွန်းထုတ်ပေးပါတယ်။ နှစ်ချီပြီးရည်ရှည် အလုပ်လုပ်နိုင်မယ့် လူမျိုးုကိုပဲ သူတို့ ဘက်က အရောင်းဆိုင်ဖွင့်ခွင့်ပေးတာပါ ။ နောက်တစ်ခုက Multi Level လက်ခွဲ အရောင်းပြန်ထားလို့ မရပါဘူး။ရည်ရွယ်ချက်ကတော့ ရောင်းသူနည်းနည်း ဝယ်သူများများ ဖြစ်စေချင်တဲ့ အတွက်ပါ ။ရောင်းသူနည်းတော့ အများပြည်သူ ဝယ်ယူ အသုံးပြုသူတွေ ပစ္စည်းကို စိ်တ်ချ လက်ချ ဝယ်ယူနိုင်တာပေါ့။

၇) အများလက်ခံလာတဲ့ အခြေအနေတစ်ခုကမှ လုပ်ငန်းအောင်မြင်တယ်လို့ ယူဆလို့ ရပါတယ်။

လုပ်ငန်းတစ်ခုမှာ အရေးအကြီးဆုံးက အမြတ်အစွန်းပါ။ ရှုံးနေတဲ့ လုပ်ငန်းတစ်ခု ဆက်လက် လုပ်ကိုင်ဖို့ ဆိုတာ မလွယ်လှပါဘူး။ အမြတ်အစွန်းဆိုတာကလည်း ငွေကြေးတစ်ခုတည်းကို ဦးတည်ပြောချင်တာ မဟုတ်ပါဘူး။ ကိုယ်လုပ်လိုက်တဲ့ လုပ်ငန်းကို အများလက်ခံ လာနိုင်တာကလည်း အောင်မြင်ခြင်း တစ်မျိုးပါပဲ။ အစ်မတို့ ဆိုင်အနေနဲ့ ဝန်ဆောင်မှုလေး တစ်ခုကို Customer တွေ အတွက် အထူးစီစဉ်ထားပါတယ်။ ဒီ CRYSTAL TOMATO လုပ်ငန်းနဲ့ ပက်သက်လို့လည်း နောက်ပိုင်းမှာ ရန်ကုန်ရုံးချုပ်နဲ့ ချိတ်ဆက်ပြီး တင်းတိတ်၊ မှဲ့ခြောက်အတွက် အဆင့်မြင့် စက်ကိရိယာတွေကို အသုံးပြုပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ဆက်လက် အဖြေရှာသွားဖို့ အစီအစဉ်လည်းရှိပါတယ်။ နေလောင်ဒဏ် ကာကွယ်တဲ့ Sun Screen ကို ၂၀၁၆ အတွင်း ဈေးကွက်တွင်းသို့ မိတ်ဆက်ပေးသွားမှာပါ။
Valentine နေ့အတွက်ပါ အထူးအစီအစဉ်များ ဆောင်ရွက်နေပါတယ်။

လုပ်ငန်းရှင် အမည် = မခင်ရဲရူပါအေး
ဖုန်း= ၀၉-၉၇၀၇၀၀၁၁၁။
လိပ်စာ= ၇၃ လမ်း × ၃၂ လမ်းထောင့် ။ မန္တလေး မြို့။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top