အစားအသောက်တွေအတွက် ၅ စက္ကန့်စည်းမျဉ်း

121111048.jpg

စားစရာတစ်ခုခု ကြမ်းပြင်ပေါ်ဖြစ်ဖြစ်၊ စားပွဲပေါ် ဖြစ်ဖြစ် ပြုတ်ကျသွားတဲ့အခါ ၅ စက္ကန့်အတွင်း ကောက်ယူနိုင်ရင် စားလို့ရသေးတယ်ဆိုပြီး သူငယ်ချင်းတွေကြားမှာ စနောက်ကြတာ ရှိပါတယ်။ ဒီကိစ္စဟာ အပျော်သဘော ပြောနေကြတာဖြစ်ပေမယ့် တချို့သိပ္ပံပညာရှင်တွေက စမ်းသပ်မှုတွေ ပြုလုပ်တဲ့အခါမှာ အခြေခံအားဖြင့် မှန်နေတာကို တွေ့ရတယ်။ သူတို့က ခေါက်ဆွဲဖတ်၊ သကြားလုံး၊ ဘီစကစ်၊ ပေါင်မုန့်မီးကင် စတဲ့ မုန့်အမျိုးမျိုးကို ကြမ်းပြင်ပေါ်မှာ သုံးစက္ကန့်ကနေ စက္ကန့် သုံးဆယ်ကြား ထားပြီး စမ်းသပ်ကြည့်ပါတယ်။ အဲဒီမုန့်တွေကို ပြန်လည်ကောက်ယူပြီး ဓာတ်ခွဲခန်းမှာ စမ်းသပ်ကြည့်တဲ့အခါ ကြမ်းပေါ်မှာ တင်နေချိန် ကြာတဲ့အခါမှသာ အစားအသောက်တွေကို ဘတ်တီးရီးယားပိုးတွေကူးစက်လာတာဖြစ်ပြီး ခဏသာတင်နေရင်တော့ ဘတ်တီးရီးယားလုံးဝမရှိတာမျိုးတောင် ဖြစ်နိုင်ပါသတဲ့။

အချိန်ထက်ပိုအရေးကြီးတာက မုန့်ပြုတ်ကျတဲ့ ကြမ်းပြင်ရဲ့ သန့်ရှင်းမှုအနေအထား ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုထပ်တွေ့ရှိတာက မွှေးပွကော်ဇောတွေကို ကျွန်တော်တို့က သန့်ရှင်းမှုမရှိဘူး၊ အဲဒီအပေါ် မုန့်တွေပြုတ်ကျရင် စားလို့မရဘူးလို့ သိထားပေမဲ့ တကယ်တမ်းကျတော့ ကော်ဇောတွေဟာ  အစားအသောက်ပြုတ်ကျတဲ့အခါ ပိုးမွှားကူးစက်နိုင်ချေအနည်းဆုံး၊ အသန့်ရှင်းဆုံးကြမ်းပြင်အလွှာတွေထဲမှာ ပါဝင်နေတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အစကတည်းက ပြုတ်မကျအောင် သတိထားစားတာကတော့အကောင်းဆုံးပါပဲ။

Ref: TIME : “Science Confirms the Five-Second Rule Is Actually a Real Thing”
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top