မွေထိုင်းမှာ ရှုံးခဲ့ဖူးတဲ့ တူတာဗို့ကို တူးတူး ရှုံးကြွေးဆပ်နိုင်မလား

yyl-038-1.jpg

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာတော့ တောင်ငူခရိုင်အားကစားကွင်းမှာ WLC – 11: Battlebones လက်ဝှေ့ပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။ WLC – 11: Battlebones လက်ဝှေ့ပွဲရဲ့ ခေါင်ပွဲမှာတော့ WLC မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တူးတူးနဲ့ ဥဇဘက်ကစ္စတန်နိုင်ငံသား တူတာဗို့တို့ ထိုးသတ်သွားမှာပါ။ တူးတူးဟာ ၂၀၁၄ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ မွေထိုင်းပွဲစဉ်အဖြစ် တူတာဗို့နဲ့ ရင်ဆိုင်ခဲ့ဖူးပြီး အမှတ်နဲ့ ရှုံးခဲ့ဖူးပါတယ်။ ရိုးရာလက်ဝှေ့နည်းနဲ့ ထိုးသတ်မယ့် အခုပွဲစဉ်မှာ တူတာဗို့ကို တူးတူး ရှုံးကြွေးဆပ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

WLC – 11: Battlebones လက်ဝှေ့ပွဲမှာ တွဲဆိုင်း(၈)ဆိုင်း ပါဝင်မှာဖြစ်ပြီး ဒုတိယခေါင်ပွဲကတော့ တွဲဆိုင်းတွဲနေတုန်းပါပဲ။ စိတ်ဝင်စားစရာကောင်းတဲ့ ခေါင်ပွဲပြီးရင် လူငယ်လက်ဝှေ့ကျော်တွေရဲ့ ပြည်ပလက်ဝှေ့သမားတွေရဲ့ ပွဲစဉ်တွေ ပါဝင်နေပါပြီး လူငယ်လက်ဝှေ့ကျော် စောကောင်းထက်နဲ့ အီတလီသား ဆင်မြူရယ်တော့စ်ကာနို၊ ဟိန်းထွန်းအောင်နဲ့ ကမ္ဘောဒီးယားလက်ဝှေ့ကျော် အေလိဆန်တို့ ရင်ဆိုင်သွားမှာပါ။

ခေါင်ပွဲ

၁။ တူးတူး (မြန်မာ) Vs တူတာဗို့ (ဥဇဘက်ကစ္စတန်)

ဒုခေါင်ပွဲ

၂။ တွဲဆိုင်းရွေးချယ်ဆဲ

၃။ ဆိုရိစ်မန်ဖရက်ဒီ (ပြင်သစ်) Vs ထရန်သီလျူအာ (ဗီယက်နမ်)

၄။ စောကောင်းထက် (မြန်မာ) Vs ဆင်မြူရယ်တော့စ်ကာနို (အီတလီ)

၅။ ဟိန်းထွန်းအောင် (မြန်မာ) Vs အေလိဆန် (ကမ္ဘောဒီးယား)

၆။ ထွန်းလင်းအောင် (ဒို့ရိုးရာ) Vs ရဲသွေးအောင် (အဖြူရောင်သွေးသစ်)

၇။ သားဝင်းထွန်း (ခြင်္သေ့မင်း) Vs ကျားသွေး (ထွန်းထွန်းမင်း)

၈။ လင်းထက်နိုင် (သုဝဏ္ဏဘူမိ) Vs ဇင်ဘို (YFC)

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top