ဖေ့စ်ဘုတ်အကောင့် တစ်ခုလုံးကို မဖျက်ပစ်ဘဲ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဘယ်လိုဖျက်မလဲ

mark.jpg

ကမ်းဘရစ်ခ်ျ အင်နာလက်တစ်ကာ (Cambridge Analytica) က အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို သိရှိနိုင်တယ်ဆိုတာ သိရပြီးတဲ့နောက် ဖေ့စ်ဘုတ်အသုံးပြုသူတွေဟာ သူတို့ အသုံးပြုထားတဲ့ အချက်အလက်တွေကို ဖျက်ပစ်ချင်နေကြပါတယ်။

ဒီအချက်အလက်တွေကို စိတ်ပညာအထူးပြု တက္ကသိုလ် ဆရာ အလက်ဆန်ဒါ ကိုဂန် (Aleksandr Kogan) က အယ်ပလီကေးရှင်း တစ်ခုကို အသုံးပြုပြီး ရယူခဲ့တယ်လို့ ဖေ့စ်ဘုတ်က ပြောကြားထားပါတယ်။ သူတီထွင်ထားတဲ့ အပ်ပလီကေးရှင်းကို လူပေါင်း ၂၇၀,၀၀၀ က ဒေါင်းလော့ဆွဲယူ အသုံးပြုကြတယ်ဆိုပြီးလည်း သိရပါတယ်။ အလက်ဆန်ဒါက အဲဒီ အချက်အလက်တွေကို ကမ်းဘရစ်ခ်ျ အန်နာလက်တစ်ကာကို လွှဲပြောင်းပေးပြီး ၂၀၁၆ခုနှစ် ရွေးကောက်ပွဲအတွက် မဲပေးမှုတွေမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်သိ။

WhatsApp ကို တွဲဖက်တည်ထောင်သူ (Brian Acton) ကပါ #DeleteFacebook ဆိုတဲ့စာသားကို တင်ပြီး လူတွေကို ဖေ့စ်ဘုတ် အကောင့်တွေကို ဖျက်ပစ်ဖို့ ပြောကြားထားပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘုတ်အကောင့်ကို ဖျက်ပစ်လိုက်တာက ကောင်းမွန်လှတဲ့ ဖြေရှင်းမှုတော့ မဟုတ်လှပါဖူး။ အဲဒီအစား ဖေ့ဘုတ်ပေါ်မှာ ရှိတဲ့ ကိုယ်ရေးအချက်အလက်တွေကိုသာ ဖျက်ပစ်လိုက်သင့်ပါတယ်။ ဖေ့စ်ဘုတ်ဟာ အသုံးပြုသူတွေရဲ့ များစွာသော အချက်အလက်တွေကို သိမ်းဆည်းထားပါတယ်။ အများစုကတော့ အသုံးပြုသူတွေရဲ့ ဓာတ်ပုံတွေ၊ ရေးတင်ထားတဲ့ စာသားတွေ၊ ပေးစာ/ပို့စာတွေ၊ သူငယ်ချင်းတွေ၊ ဗီဒီယိုတွေ၊ မှတ်ချက်တွေနှင့် အခမ်းအနားတွေ အကြောင်း ဖြစ်ပါတယ်။

ကျန်တဲ့ အချက်အလက်တွေကိုတော့ ဖေ့စ်ဘုတ်က နောက်ကွယ်ကနေ တိတ်တိတ်လေး မှတ်ယူ သိမ်းဆည်းနေတာဖြစ်ပါတယ်။ ဝက်ဆိုက် အသုံးပြုတဲ့ မှတ်တမ်းလိုမျိုးတွေ၊ တည်နေရာကို ပြတဲ့ အချက်အလက်မျိုးတွေအပြင် ဖေ့စ်ဘုတ် စာမျက်နှာကို ကြည့်ဖို့ အသုံးပြုတဲ့အချိန်တွေက အစ မှတ်သားထားပါသေးတယ်။ ဖေ့စ်ဘုတ်အကောင့်ကိုသာ ဝင်ထားမယ်ဆိုရင် ကျွန်တော်တို့ အသုံးပြုမိတဲ့ တခြား ဝက်ဆိုဒ်တွေကိုလည်း ဆိုရှယ်နက်ဝက်က တစ်ဆင့် သိနိုင်နေမှာဖြစ်တယ်လို့လဲ သိရပါတယ်။ ဖေ့စ်ဘုတ်ရဲ့ လိုက် သို့မဟုတ် ရှယ် ခလုတ် ပါဝင်နေတဲ့ ဝက်ဘ်ပေ့ခ်ျ တစ်ခုကို ကျွန်တော်တို့ ဝင်ရောက်လိုက်တဲ့အချိန်တိုင်းမှာ ဖေ့စ်ဘုတ်က အသင့်အနေအထားနဲ့ ရှိနေတော့တာပါပဲ။

ဖေ့စ်ဘုတ်အကောင့် တစ်ခုလုံးကို ဖျက်စရာမလိုဘဲ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုပဲ ဖျက်ပစ်ဖို့ လွယ်ကူ ရိုးရှင်းပြီး အသုံးဝင်မယ့် နည်းလမ်း ၂ ခု ကို ပြောပြလိုပါတယ်။

ပထမတစ်နည်းကတော့ Facebook ရဲ့ Setting ကို ပထမဆုံး ဝင်ရောက်လိုက်ပါ။ အဲဒီကတစ်ဆင့် Account Setting ဆိုတာကို ထပ်မံဝင်လိုက်ပါ။ ထိုအခါ Apps လို့ ရေးထားတာကို တွေ့ရပါမယ်။ Apps က Websites and Games ဆိုတာထဲကို ဝင်ပြီး Turn off ဆိုတာကို နှိပ်လိုက်ရုံပါပဲ။ အဲဒီလို လုပ်လိုက်ပြီဆိုရင်တော့ တခြားသော ပလက်ဖောင်းတွေ (ဥပမာ – အင်စတာဂရမ်) က၊ ဖေ့စ်ဘုတ်က တစ်ဆင့် အချက်အလက်တွေကို စုစည်းတာမျိုးတွေ လုပ်လို့မရတော့ပါဘူး။

နောက်ထပ် တစ်နည်းကတော့ ပထမနည်းနဲ့ အဆင့် အနည်းငယ် တူပါတယ်။ ပထမနည်းအတိုင်း Setting က တစ်ဆင့် Account Setting, ထိုမှတစ်ဆင့် Apps ထဲ ဝင်လိုက်ပါ။ အဲဒီအခါ Logged in with facebook ဆိုတာထဲကို ထပ်ဝင်လိုက်ပါ။ အဲဒီထဲမှာ ကိုယ်ရဲ့ အချက်အလက်တွေကို ပေးမကြည့်စေချင်တဲ့ အယ်ပလီကေးရှင်းတွေ မှန်သမျှကို အမှန်ခြစ် ဖြုတ်ပစ်လိုက်ပြီး ဖျက်လိုက်ရုံပါပဲ။

အားလုံးပဲ လူမှုကွန်ရက်ကို ဘေးကင်းကင်း သုံးနိုင်ကြပါစေ…

Ref: TopBuzz

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top