အာဂျင်တီးနားရဲ့ နိုင်ပွဲအတွက် အောင်ပွဲခံအပြီးမှာ ဆေးရုံရောက်သွားခဲ့တဲ့ မာရာဒိုနာ

yyl-006.jpg

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စု D ရဲ့ နောက်ဆုံး ပွဲစဉ်အဖြစ် အုပ်စုတက်ရေး အဆုံးအဖြတ် ကစားခဲ့ရတဲ့ပွဲမှာ အာဂျင်တီးနားက ၂-၁ နဲ့ နိုင်ဂျီးရီးယားအသင်းကို အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားဂန္တဝင်ကစားသမားကြီး ဒီယေဂို မာရာဒိုနာကိုတော့ အာဂျင်တီးနားရဲ့ အံ့ဩဖွယ် နိုင်ပွဲအပြီးမှာ ဆေးရုံကို ပို့ဆောင်လိုက်ရပါတယ်။

အသက် ၅၇ နှစ်အရွယ် အာဂျင်တီးနားဂန္တဝင်ကစားသမားကြီးဟာ အနိုင်ရရှိခဲ့ပြီးချိန် St Petersburg Stadium ဘောလုံးကွင်းကြီးရဲ့ ခုံပေါ်မှာ မထနိုင်အောင် ဖြစ်သွားခဲ့တာကြောင့် ဆေးရုံကို ချက်ချင်း ရောက်သွားခဲ့တာပါ။

ပွဲပြီးခါနီး ပွဲချိန် ၈၆ မိနစ်မှာ မားကို့စ် ရိုဂျိုက အာဂျင်တီးနားအတွက် အနိုင်ဂိုးသွင်းယူပြီးတဲ့အချိန် မာရာဒိုနာဟာ အကြီးအကျယ်အောင်ပွဲခံခဲ့ပြီး လက်နှစ်ဖက်လုံးနဲ့ လက်ခလယ်ထောင်ပြတဲ့ အမူအရာကိုပါ ပြုလုပ်ခဲ့တာကို ကင်မရာမှာ တွေ့မြင်ခဲ့ရပါတယ်။

ဒီလို လုပ်တာဟာ ရုရှားမြေမှာ မာရာဒိုနာအတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သူဟာ အိုက်စလန်နဲ့ ၁ ဂိုးစီသရေကျပွဲစဉ်မှာလည်း လူမျိုးရေးခွဲခြားတဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

တောင်ကိုရီးယားနဲ့ပွဲစဉ်မှာ တောင်ကိုရီးယား ပရိတ်သတ်တွေက မာရာဒိုနာကို ‘ဒီယေဂို’ လိုအော်ကြတဲ့အခါ သူက ပြုံးပြပြီး လက်ဝှေ့ယမ်းလို့ အနမ်းပုံလုပ်ပြ နှုတ်ဆက်ပေမဲ့ ချက်ချင်းပဲ သူ့ရဲ့ မျက်လုံးတွေကို ဆွဲပြီး မျက်လုံးမှေးတယ်ဆိုတ့ လူမျိုးရေးခွဲခြားတဲ့ အပြုအမူတွေကို ပြုလုပ်ခဲ့ပါတယ်။

မာရာဒိုနာဟာ ၁၉၈၆ မက္ကဆီကို ကမာ႓႕ဖလားမှာတုန်းက အင်္ဂလန်ကို အနိုင်ရရှိခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ “ဘုရားပေးတဲ့လက်” ဆိုပြီး နာမည်ကြီးခဲ့တဲ့ ဂိုးနဲ့တူ နာမည်ဆိုးရှိနေခဲ့သူလည်း ဖြစ်ပါတယ်။

 

Ref: The Independent “Diego Maradona treated by paramedics after appearing to collapse at Argentina vs Nigeria World Cup 2018 game”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top