Hellboy ရုပ်ရှင်သစ်မှာ ပါဝင်သရုပ်ဆောင်မယ့် Deadpool ရဲ့ ဗီလိန် Francis

e2.jpg

Deadpool ရုပ်ရှင်မှာ အဓိက ဗီလိန် သရုပ်ဆောင် ဖရန်စစ် (Francis) အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Ed Skrein (အက်ဒ် စခရိန်း) က Hellboy စူပါဟီးရိုးရုပ်ရှင် အသစ်မှာ ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Hellboy ရုပ်ရှင်တွေကတော့ Hellboy (2004) နဲ့ Hellboy II: The Golden Army (2008) ဆိုပြီး နှစ်ကား ထွက်ရှိခဲ့ပြီး အခု ဆက်လက်ရိုက်ကူးမယ့် တတိယမြောက် Hellboy ရုပ်ရှင်ရဲ့ နာမည်ကိုတော့ Rise Of The Blood Queen လို့ ပေးထားတယ်လို့ သိရပါတယ်။

အခုရိုက်ကူးမယ့် Hellboy ရုပ်ရှင်မှာတော့ အက်ဒ် စခရိန်း အနေနဲ့ Major Ben Daimio ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Ref: Empire Magazine: Ed Skrein On For The New Hellboy
Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top