မြောက်ကိုရီးယား ဒုံးကျည်တွေထက် AI တွေက ကြောက်ဖို ပို့ကောင်းတယ်လို့ ဆိုလိုက်တဲ့ အီလွန်မတ်စ်

14826402_G.jpg

လျှပ်စစ်ကား ကုမ္ပဏီ ဖြစ်တဲ့ Tesla နဲ့SpaceX တို့တည်ထောင်သူဖြစ်တဲ့ အီလွန်မတ်စ်ဟာ နိုင်ငံတွေ အပြိုင်အဆိုင် ဉာဏ်ရည်တု (AI) တွေ တီထွင်နေခြင်းက တတိယကမ္ဘာစစ်ကို ဖြစ်ပွားစေနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

အီလွန်မတ်စ်ဟာ Twitter ပေါ်မှာ “တရုတ်၊ ရုရှားနဲ့ တခြားနိုင်ငံတွေက ကွန်ပျူတာ သိပ္ပံပညာမှာ တိုးတက်လာကြပါတယ်။ ဒီလိုနဲ့ AI နည်းပညာကို နိုင်ငံတွေ အပြိုင်အဆိုင် ထုတ်လုပ်ဖို့ ကြိုးစားလာကြရင် တတိယကမ္ဘာစစ် ဖြစ်ပွားလာနိုင်ပါတယ်။” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အီလွန်မတ်စ်ဟာ ဒီ Tweet ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က “AI တွေဟာ ရုရှားတစ်နိုင်ငံ တည်းအတွက်သာ မကဘဲ လူသားများအားလုံးအတွက်  အနာဂတ်ဖြစ်ပါတယ်။ AI နည်းပညာဟာ အလွန်ကြီးမားတဲ့ အခွင့်အရေးတစ်ခုဖြစ်သလို အန္တရာယ်တွေကလည်း များပြားလွန်းပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ AI နည်းပညာကို အကောင်းဆုံး တီထွင်နိုင်တဲ့ နိုင်ငံဟာ ကမ္ဘာကို အုပ်စိုးနိုင်ပါလိမ့်မယ်” လို့ Twitter မှာ တင်ခဲ့အပြီးမှာ ပြောခဲ့တာလည်း ဖြစ်ပါတယ်။

https://www.youtube.com/watch?v=MLTmwztnKX0

ဒါ့အပြင် မတ်စ်ဟာ မြောက်ကိုရီးယားတွေရဲ့ ခြိမ်းခြောက်မှုကို သိပ်စိတ်မပူဘဲ AI နည်းပညာကိုသာ ပိုစိုးရိမ်တယ်လို့ ပြောဆိုခဲ့ပြီး AI နည်းပညာဟာ  မိမိကိုယ်ကို သတ်သေတဲ့ လုပ်ရပ်တစ်ခုပဲလို့ ပြောခဲ့ပါသေးတယ်။ မတ်စ်ဟာ အရင်ကလည်က သေစေနိုင်တဲ့ AI တွေ တီထွင်ခြင်းကို  ကန့်ကွက်လာသူ တစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့လကလည်း မတ်စ်ဟာ ကုလသမဂ္ဂကို AI နည်းပညာလက်နက်တွေ တီထွင်ခြင်းကို ကန့်ကွက်ဖို့ စာတစ်စောင် ပို့ခဲ့ပါသေးတယ်။

“ဒီနည်းပညာသာ တိုးတက်လာခဲ့ရင် AI လက်နက်တွေဟာ လူသားတွေ မလုပ်ဖူးခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြစ်စေလာနိုင်မှာ ဖြစ်ပြီး လူသားတွေတောင် လိုက်မှီမှာ မဟုတ်တော့ပါဘူး။ ဒီတီထွင်ခြင်းတွေဟာ လက်နက်ကိုင် အကြမ်းဖက်မှုတွေ ဖြစ်လာစေမှာ ဖြစ်ပြီး အပြစ်မဲ့သူတွေ များစွာ သေဆုံးနိုင်စေပါလိမ့်မယ်။ ဒီဖြစ်လာဖို့လည်း သိပ်ကြာမှာ မဟုတ်ပါဘူး။ ပန်ဒိုရာ သေတ္တာကို တစ်ခါဖွင့်ပြီးရင် ပြန်ပိတ်ဖို့ ခက်ပါတယ်။” လို့ ဒီစာထဲမှာ ရေးသားထားခဲ့ပါတယ်။ (ပန်ဒိုရာသေတ္တာ = အထဲတွင် လူသားတွေအတွက် ရောဂါအနာဘယ များပါဝင်သော သေတ္တာ)

Ref : Indenpendent News : Elon Musk says AI poses bigger threat than North Korea and could trigger World War Three

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top