ဒီတစ်ပတ်မှာ ကြည့်စရာရုပ်ရှင်

ကဲ.. ရိုးရာလေး ပရိသတ်ကြီး.. ပိတ်ရက်မှာ ဘာတွေလုပ်ကြမလဲ? ကျွန်တော်တော့ မိုးအေးအေးနဲ့ ရုပ်ရှင်ကြည့်မလို့ဗျ… ဘာကားတွေလဲဆိုတော့ ကြည့်စရာတွေက အများသားရယ်…

ဒါပေမဲ့ အဲဒီထဲကမှ ကြည့်လို့ အဆင်ပြေနိုင်မယ့် ဇာတ်ကား (၂) ကားကို ပြောပြမယ်ဗျာ… အကောင်းတကာ့ အကောင်းဆုံးတွေပေါ့…။

၁။ Catch Me If you Can

ကဲ.. သိတယ်ဟုတ်? လီယိုနာဒို ဒီကာပရီယိုနဲ့ တွန်ဟန့်ခ်စ်နဲ့ ရိုက်ထားတဲ့ကား… နာမည်ကြီးချက်တစ်ပေါက် လျှမ်းလျှမ်းကို တောက်နေတာပဲဗျို့… ကောင်းတာကလည်း မပြောနဲ့လေ… ဒီကားက တကယ့်အဖြစ်မှန်ကို ရိုက်ထားတာကိုး… ကြားဖူးတယ်မဟုတ်လား… ဖြစ်ရပ်မှန်တွေက ဝတ္ထုတွေထက် ဆန်းကြယ်တယ်ဆိုတာ… ဒီအဖြစ်အပျက်ကလည်း ဒီလိုပါပဲ… ဇာတ်လမ်းကတော့ ဒီလိုဗျ…

ဆယ်ကျော်သက်ကောင်လေး တစ်ယောက်ရှိတယ်ပေါ့ဗျာ.. အဆင်မပြေတဲ့ ကိစ္စတချို့ကြောင့် အိမ်ကနေ ထွက်လာတယ်ပေါ့… ဦးနှောက်လေးကလည်း ကောင်းလိုက်တာမှ လှစ်လှစ်လေး… သူများတကာ မအိပ်မနေကြိုးစားဖြေရတဲ့ စာမေးပွဲမျိုးကို သူက တစ်ပတ်လောက် စာဖတ်လိုက်တာနဲ့ အောင်သွားတာမျိုး.. (လိုချင်လိုက်တာ အဲသလို ဦးနှောက်မျိုး) ဒါပေမဲ့ ဒီလို ထူးချွန်တဲ့ ဦးနှောက်လေးကို သူက အကောင်းဘက်က မသုံးဘဲ လိမ်တဲ့နေရာမှာ သုံးရောဗျ… ငယ်ဂုဏ်လေးကလည်းရှိ၊ ရူပါလေးကလည်း ဖြောင့်၊ အပြောကလည်း ကောင်း၊ အကွက်တွေကလည်း ဆန်းတဲ့အပြင် ပိကလည်း ပိရိတော့… တစ်နိုင်ငံလုံး ရှိသမျှ စုံထောက်နဲ့ ရဲတွေဆိုတာလေ ရူးခါနေရောပဲ… ဒီထဲက မဖြစ်မနေ ရအောင်ဖမ်းမယ်ဆိုတဲ့ စုံထောက်တစ်ယောက်နဲ့လည်း တွေ့ရော….

ငွေရောင်ပိတ်ကား အဲလေ တီဗီမှာ ဆက်ကြည့်ပေါ့ဗျာ...။

၂။ The Terminal

ဒါလည်း မင်းသားကြီး တွန်ဟန့်ခ်စ်ရဲ့ နာမည်ကြီး ရုပ်ရှင်ပဲဗျ… ကျွန်တောတို့ ပြောနေကျ စကားရှိတယ်။ တွန်ဟန့်ခ်စ်နဲ့ ဘယ်သောအခါမှ ခရီးမထွက်လေနဲ့… ရည်မှန်းတဲ့နေရာကို ရောက်မှာကို မဟုတ်ဘူးဆိုတာ :D သူကလည်း ရိုက်လိုက်တဲ့ကားတော်တော်များများမှာ သင်္ဘောစီးလည်း ဓားပြတိုက်ခံရတယ်၊ လေယာဉ်စီးလည်း ခရီးမရောက်ဘူး ဆိုတာမျိုးကိုး… ဒီဇာတ်ကားကလည်း ဒီလိုပါပဲ။

နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက်ပေါ့ဗျာ.. ခရီးထွက်လာရင်း နယူးယော့ခ်လေဆိပ်ကြီးကို ရောက်တုန်း သူတို့နိုင်ငံက စစ်ဖြစ်ပါရောလား… စစ်ပွဲမှာ သူတို့နိုင်ငံက တခြားနိုင်ငံ လက်အောက်ကို ရောက်သွားရော… ချက်ချင်းကြီးနော်… နယူးယော့ခ်လေဆိပ်ရောက်နေတဲ့ ဘဲက သေရောပေါ့… သူ့နိုင်ငံမရှိတော့ဘူးလေ.. သူကိုင်ထားတဲ့ နိုင်ငံသားကဒ်ကြီးက အလကား ဖြစ်သွားရော… အင်္ဂလိပ်စကားကလည်း မပြောတတ်၊ လေဆိပ်ကနေလည်း ဘယ်မှ ထွက်မရ… ဟုတ်တယ်လေ.. ဗီဇာမှမရှိတာ၊ ကိုယ့်နိုင်ငံကိုလည်း ပြန်မရ… ဒုက္ခအကြီးအကျယ်ရောက်ပေါ့… ပြန်လို့လည်းမရ၊ အပြင်ထွက်လည်းမရ၊ ပြောမရ၊ ဆိုမရ၊ ဘာမှလုပ်မရတော့ တစ်နပ်စာ မှန်မှန်စားနိုင်ဖို့အရေး လေဆိပ်မှာ ရှိရာအလုပ်လေးတွေ ဝင်လုပ်ရတော့တာပေါ့… လေဆိပ်က တာဝန်ရှိသူကလည်း ကြာတော့ ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိတဲ့အဆုံး လေဆိပ်အပြင်ကို အကြံအစည်နဲ့ ပေးလွှတ်မယ်ပေါ့… ခက်တာက ဟိုဘဲကလည်း ငါထွက်လို့ မရလို့ မထွက်ဘူးဆိုတော့ ဒုက္ခတွေရောက်…

ပြောနေကြာပါတယ်ဗျာ.. ဝယ်သာကြည့်လိုက်… မိုက်သမှ သိပ်မိုက်ပဲ… ပိတ်ရက်လေးတွေမှာ ပျော်နိုင်ကြပါစေနော်…။

Angelic Demon (ရိုးရာလေး)