စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်း (၁၂-၆-၂၀၂၂ မှ ၁၈-၆-၂၀၂၂) ရက်နေ့အထိ

6-6-2022-yyl11.jpg

တနင်္ဂနွေ

တနင်္ဂနွေသားသမီးများ ယခုတစ်ပါတ်အတွင်း စီးပွားရေးနှင့်ပါတ်သက်ပြီး ကံကောင်းခြင်းတွေ ဆက်တိုက်ဆိုသလိုကြုံတွေ့ရတတ်ပါတယ်။ မဖြစ်ဘူးထင်ထားတဲ့ကိစ္စတွေ အဆင်ပြေပါလိမ့်မယ်။ အထူးသဖြင့် ရေလုပ်ငန်း၊ရေထွက်ပစ္စည်းလုပ်ငန်းနှင့် အရည်ပါသောကုန်ပစ္စည်းလုပ်ငန်းများ အတွက်အကျိုးဖြစ်မည်။ ပြည်ပမှ အကူအညီအဆက်အသွယ်ကိစ္စများ ထင်သလောက်မဖြစ်ပါဘူး။ စပ်တူလုပ်ငန်းများ သတိထားပြီးလုပ်ကိုင်းရင်းနှီးပါ။ ကောက်ပဲစီနှံသမားများ အရင်းမရဖြစ်မည်၊ လုပ်အားဆုံးနေမည်။

ကျန်းမာရေးအနေနှင့် ခါးနာခြင်း၊ခါးရိုး ထိခိုက်မိခြင်းများဖြစ်မည်။ အချစ်ရေး ကံကောင်းပါသည်။ အိမ်ထေင်ရေးအခြေအနေမှာ အိမ်ထောက်ဘက် ကျန်းမာရေးကြောင့် စိတ်ပူရမည်။ ပညာရေးသမားများ ဘာသာစကားနှင့်ဆိုင်သော သင်တန်းများတက်ရောက်ပါ။ မိမိစုဆောင်းထားသော ရွှေများ ရင်းနှီးရန်အတွက် ရောင်းချရတတ်သည်။ နိုင်ငံဝန်ထမ်းများ စိတ်ချမ်းသာရမည်။၂၀၂၂ ခုနှစ် ၆ လပိုင်း ၁၅ ရက်ကျော်ပါက ထီထိုးလိုက်ပါ။ ငွေဝင်နိုင်ပါသည်။

အကျိုးပေးဂဏန်း – ၁ ၊ ၅ ၊ ၉။
ယတြာ – တနင်္ဂနွေနေ့တွင် သက်ကြီးအဖိုး-အဖွားများကို အုန်းသီးပါသော အဟာရတစ်ခုခု ဒါနပြုပေးပါ။

တနင်္လာ


ယခုအပတ်အတွင်း တနင်္လာသားသမီးများ စီးပွားနေအနေနှင့် အတိုက်အခံများနှင့် ရင်ဆိုင်ရပြီး ခက်ခဲနေလိမ့်မည်။မြေလုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်းတို့မှ အာမခံခြင်းတို့ကို အခြေခံသော ငွေကြေးဆိုင်ရာ ပြသနာတစ်ခုဖြစ်မည်၊ သတိထားရမည်၊တရားရင်ဆိုင်ရတတ်သည်။ လယ်၊ယာလုပ်ငန်းနှင့် ဆေးပစ္စည်းလုပ်ငန်းများ ကံကောင်းနေပါမည်။ ကျောက်မျက်ရတနာ ထူးဖော်ခြင်းကို လုပ်ကိုင်သူများကတော့ ယခုတစ်ပါတ်တွင်လည်း သတိထားရမည်။၂၀၂၂ ခုနှစ် ၇ လပိုင်းကျော်မှကောင်းမည်။

ကျန်းမာရေးအနေနှင့် သွေးနှင့်ပါတ်သက်သော ရောဂါများ သတိထားပါ၊ ဆီး၊ကျောက်ကပ်ဖြစ်ပါက ဆေးရုံးအမြန်ပြသပါ။ အချစ်ရေးတွင် ကံကောင်းနေသော်လည်း ချစ်သူနှင့် တစ်နယ်စီဝေးကွာနေရမည်။ အိမ်ထောင်သည်များ ခရီးသွားရမည့်ကိန်းဖြစ်သည်၊ တစ်ကျက်ကျက်ဖြစ်နေမည်။ ပညာရေးလိုက်စားသူများ နိုင်ငံခြားဘာသာကို အထူးလေ့လာပါ။ ရွှေထည်ပစ္စည်း၊ကျောက်မျက်ရတနာပစ္စည်းကို အကြောင်းပြုပြီး ကိစ္စပေါ်တတ်သည်။ နိုင်ငံဝန်ထမ်းများ မိမိလုပ်ကိုင်သော ဌာနတွင် မီးအထူးသတိပြုပါ။

အကျိုးပေးဂဏန်း – ၂ ၊ ၅၊ ဝ။
ယတြာ –ငှက်ကလေးများကို အစာကြွေးပြီး လိုရာဆုတောင်းပါ။

အင်္ဂါ


ယခုအပတ်အတွင်း အင်္ဂါသားသမီးတို့အနေဖြင့် စီးပွားရေးအတွက် ကံကောင်းပြီး ဘာလုပ်လုပ် အဆင်ပြေနေမည့်အချိန်ဖြစ်သည်။ဒီအချိန်မှာ စီးပွားရေးလုပ်ငန်းတွေစတင်လိုက်ပါ၊လုပ်ငန်းတွေတိုးချဲ့လိုက်ပါ၊ အထူးသဖြင့် ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်နေသူများ၊ရတနာပစ္စည်းတူးဖော်နေသူများ ကံကောင်းတဲ့အချိန်ပါ။ ရွှေတူးဖော်နေသူများ အဆင်ပြေပါလိမ့်မည်။ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအနေနှင့် လေကြောင်းဆိုင်ရာလုပ်ငန်း လုပ်ကိုင်သူများ အနည်းငယ်ညံ့ပါသည်။

ကျန်းမာရေးအနေနှင့် နှလုံးရောဂါအခံရှိသူတို့ ဆေးရုံ၊ဆေးခန်းပြရမည်၊ သက်သာမည့်အခြေအနေဖြစ်သည်။ အချစ်ရေးအတွက် ကံကောင်းသည်၊ ချစ်သူထံမှ အဖြေရမည်၊ အိမ်ထောင်သည်များလည်း ကံကောင်းပါသည်၊ ပြည်တွင်း၊ပြည်ပခရီးသွားရမည်၊ ငွေကုန်မည်။ ပညာရေးအနေနှင့် နည်းပညာသင်တန်းတစ်ခုခုကို တက်ရောက်ပါ။ လက်ဝတ်ရတနာများ ရတတ်သည်။ နိုင်ငံဝန်ထမ်းများ စတိုနှင့်ပါတ်သက်သူများ တာဝန်ယူဖြေရှင်းရမည့်ကိစ္စရှိနေပါသည်။

အကျိုးပေးဂဏန်း – ၃ ၊ ၆ ၊ ဝ။
ယတြာ – လူအများကို ရေသန့်ဗူးများ ကုသိုလ်ပြုပါ။

ဗုဒ္ဓဟူး


ဗုဒ္ဓဟူးသားသမီးများအတွက် ယခုတစ်ပါတ်အတွင်း စီးပွားရေးဆိုင်ရာကိစ္စရပ်များ ပြန်လည်ကောင်းမွန်စဖြစ်လာပြီဖြစ်သည်။ လုပ်လက်စများလည်း ပြန်လည်အသက်ဝင်လာပြီဖြစ်သည်။လုပ်ငန်းသစ်များ တွင် အာရုံစိုက်ပါ။ စားသောက်ဆိုင်၊ထမင်းဆိုင်လုပ်ငန်းများ ကံကောင်းမည်။အထူးသဖြင့် ပြည်ပမှတင်သွင်းသော ကုန်ပစ္စည်းကုန်သည်များ ကံကောင်းလာမည်။

ကျန်းမာရေးအနေနှင့် ဦးခေါင်းနှင့်ဆိုင်သောရောဂါ၊ ခေါင်းကိုက်ခြင်းနှင့် ဦးဏှောက်သွေးကြောနှင့် ပါတ်သက်သောရောဂါ နှင့် အထူးသဖြင့် ရုတ်တရက် လေဖြတ်ခြင်းအထိဖြစ်မည်၊သတိပြုပါ။ အချစ်ရေးတွင် မိမိအား တိပ်တခိုးချစ်နေရသူရှိမည်၊ အဆင်ပြေမည်၊ အိမ်ထောင်ရေးအနေနှင့်တော့ အဆင်မပြေဖြစ်မည်။ ပညာရေးအနေနှင့် စာရင်းအင်းပညာကို ဆည်းပူးရမည်။ ယခုအချိန်တွင် မြေဝင်မည်။ နိုင်ငံဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု။ ။ရာဟုသားသမီးများ ယခုတစ်ပါတ်အတွင်း ကံကောင်းပါသည်။ ကား၊ဆိုင်ကယ် ကိုအကြောင်းပြုပြီး ငွေကြေးများ မြတ်စွန်းမည်။။ အချစ်ရေးကံညံ့ပါသည်။ ကျန်းမာရေးအနေနှင့် မတော်တဆ ထိခိုက်မိတတ်သည်။၂၀၂၂ ခုနှစ် ၇ လပိုင်းကျော်ပါက ထူးခြားငွေဝင်မည်။ ထို့ကြောင့် ယခုအချိန်မှစပြီး ကြိုးစားထားပါ။

အကျိုးပေးဂဏန်း – ၄ ၊ ၇ ၊ ၉။
ယတြာ – လက်ဖက်ရည်များ ဒါနပြုပါ

ကြာသပတေး

ကြာသာပတေးသားသမီးတို့အနေဖြင့် ယခုတစ်ပါတ်အတွင်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် မိသားစုဝင်တစ်ဦး(သို့) အစုရှယ်ယာဝင်တစ်ဦးကို အကြောင်းပြုပြီး လုပ်သင့်သည့်အလုပ်ကို မလုပ်ရဘဲ စီးပွားရေးလုပ်ငန်းကြီးတစ်လုလုံး အခြေအနေမလှဖြစ်မည်။ ဆုံးဖြတ်ချက်အမှားတစ်ခုကို ချမှတ်လိုက်ခြင်းဖြစ်သဖြင့် ပုံမှန်အခြေအနေရောက်ရန် အတော်လေးပြန်ကျိုးစားရမည်။ ယခုအချိန်သည် အစုအစပ်လုပ်ငန်းတွင် ကံညံ့ပြီး ငွေကြေးကိစ္စများ အထူးရှုပ်ထွေးကုန်ပါလိမ့်မည်။

မိမိချေးငွေပြန်မဆပ်နိုင်သလို မိမိရင်းနှီးချေးငှါးပေးထားသည့်ငွေလည်း ပြန်မရနိုင်ပါ။ ကျန်းမာရေးအနေနှင့် အူမကြီးရောဂါ၊အမျိုးသမီးများ သားအိမ်ရောဂါများ အထူးသတိပြုပါ။ အချစ်ရေးအနေနှင့် ချစ်သူနှင့် ဝေးနေရတတ်သည်၊ စိတ်သောကရောက်ရမည်။ အိမ်ထောင်ရေးတွင် ကံကောင်းပါသည်။ ပညာရေးသမားများ အထူးသဖြင့် နည်းပညာဆိုင်ရာကို လိုက်စားသင့်သည်။ နိုင်ငံဝန်ထမ်းများ နေရာပြောင်းရတတ်သည်၊ကောင်းပါသည်။ ယခုတစ်ပါတ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနှင့် အကြောင်းပေါ်ပါက ဆေးခန်းအမြန်ပြပါ။ သွေးအားနည်းရာမှ ကလေးထိခိုက်မိနိုင်သောကာလဖြစ်သောကြောင့်ဖြစ်သည်။

အကျိုးပေးဂဏန်း – ၂ ၊ ၅ ၊ ၇။
ယတြာ – ငါးလွတ်ပြီး လိုရာဆုတောင်းပါ။

သောကြာ

သောကြာသားသမီးများအနေနှင့် ယခုတစ်ပါတ်အတွင်းလည်း ကံကောင်းနေသဖြင့် လုပ်လက်စ စီးပွားရေးလုပ်ငန်းကိုသာ ကြိုးစာပြီး ဆက်လက်လုပ်ကိုင်သင့်ပါသည်။ ဝရိယ၏အကျိုးကို ခံစားရတော့မည်။ ကြိုးစားခဲ့သမျှ ယခုအချိန်တွင် အမြတ်ထွက်မည်စြစ်သည်။ စားသောက်ကုန်လုပ်ငန်းလုပ်သူများ ယခုအချိန်သည် အချိန်ကောင်းဖြစ်သည်။ ဝန်ထမ်းများအား အထူးသတိထားပါ၊ ဝန်ထမ်းကြောင့် လုပ်ငန်းများ ရပ်ဆိုင်းရမည့်အခြေအနေသို့ ဆိုက်ရောက်နိုင်ပါသည်။

အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်း၊ လောင်စာဆီလုပ်ငန်း လုပ်ကိုင်သူများ အကျိုးများမည့်အချိန်ဖြစ်သလို ဆုံးဖြတ်ချက်မှားပါကလည်း ဒုက္ခရောက်တတ်သည့် အချိန်ဖြစ်သည်။ ကျန်းမာရေအနေနှင့် အဆုတ်၊လေရှုခြင်းနှင့်ပါတ်သက်သောရောဂါ၊အရိုးရောဂါများ သတိပြုရမည်၊ မတော်တဆ အရိုးထိခိုက်မိပါက ကုသရန်ခက်ပါလိမ့်မည်။ အချစ်ရေးတွင် ကံကောင်းပါသည်၊ ချစ်သူကို အချိန်ပေးပါ။အိမ်ထောင်ရေးကံကောင်းပါသည်၊ မိသားစုကို အချိန်ပေးပါ။ ပညာရေးလိုက်စားသူများ ဘာသာစကား သင်ပါက ကံကောင်းချိန်ဖြစ်သည်။ အစိုးရဝန်ထမ်းများ စိတ်ချမ်းသာရမည်။

အကျိုးပေးဂဏန်း – ၁ ၊ ၆ ၊ ၉။
ယတြာ – သစ်ပင်များကို ရေလောင်းပါ။

စနေ


ယခုတစ်ပါတ်အတွက် စနေသားသမီးတို့စီးပွားရေးလုပ်ရာတွင် အဆင်မပြေခြင်းများနှင့်ဆက်လက်ကြုံတွေ့နေရမည်။ သစ်လုပ်ငန်း၊သစ်တောထွက်ပစ္စည်းများနှင့် ပါတ်သက်သူများအနေဖြင့် ကံအနည်းငယ်ညံ့ချိန်ဖြစ်သဖြင့် သတိထားလုပ်ငန်းလုပ်ဆောင်ပါ။ လုပ်ငန်းတွင် တာဝန်ယူထားသည့် ငွေရေးကြေရေးကိစ္စတွင် မိမိအား ငွေပေးမည့်သူမှာ ရှောင်နေမည်ဖြစ်သည်၊ ထိုအတွက် သင်ဖြေရှင်းရမည်၊ အခက်အခဲကြားမှသာ အဆင်ပြေမည်။ တောင်ယာလုပ်ငန်းများ ၊ပဲ၊ကြက်သွန် လုပ်ငန်းများ အနည်းငယ် ကျဆင်းမည်၊ ကားလုပ်ငန်းသမားများ အခက်ကြုံရတတ်သည်။

ကျန်းမာရေးအနေနှင့် ခြေထောက်တွင် ဒဏ်ရာရတတ်သည်။ အဆုတ်နှင့်ပါတ်သက်ပြီး ဒီတစ်ပါတ်လည်း ဆက်လက် သတိထားပါ။ အချစ်ရေးတွင် အလွန်နားလည်ပေးနိုင်သော ချစ်သူကို ရရှိမည်၊ ဘဝလက်တွဲဖော်အဖြစ်သင်ရွေးချယ်သင့်ပါသည်။အိမ်ထောင်ရေးတွင် အဆင်ပြေပါလိမ့်မည်။ ပညာရေးသမားများ ၊အထူးသဖြင့် ရာထူးစာမေးပွဲဖြေမည့်သူများ ဗဟုသုတများရန်လိုပါသည်။ နိုင်ငံဝန်ထမ်းများ ကံကောင်းသော်လည်း ငွေမဝင်ဖြစ်မည်။

အကျိုးပေးဂဏန်း – ၇ ၊ ၆ ၊ ၉။
ယတြာ – ဘုရားတွင် ဂုဏ်တော်ပုတီးစိတ်ပါ။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top