Category: Video

LGBT ကိုယ်စားလှယ်တစ်ဦးဖြစ်ချင်သူ

လူကြီး၊ လူငယ်၊ ကျား၊ မ ဆိုတာ အသက်အရွယ်၊ လိင်အင်္ဂါကွာခြားမှုတစ်ခုသာဖြစ်ပြီး လူတစ်ဦးတစ်ယောက်ရဲ့ စွမ်းရည်ကို အဲဒီအရာတွေနဲ့တိုင်းတာလို့မရဘဲ လုပ်ဆောင်ချက်စွမ်းရည်နဲ့သာ တိုင်းတာနိုင်တယ်ဆိုတာ ကိုအောင်သန့်တစ်ဖြစ်လဲ မရှင်းသန့်ဘဝက ဖော်ပြနေပါတယ်။

Category: Video

မျှော်လင့်ချက်မဲ့စွာနဲ့ ဘဝကို ဖြတ်သန်းနေရသူ

ဆင်းရဲချမ်းသာ လူ့သဘာဝ လို့ဆိုပေမဲ့ ဒေါ်မြင့်မြင့်ခိုင် (ခ) အပျိုကြီးမခိုင်ရဲ့ဘဝမှာတော့ ချမ်းသာခြင်းသုခဆိုတာကို မတွေ့ရှိခဲ့ဖူးပါဘူး။ သမုဒ္ဒရာဝမ်းတစ်ထွာဆိုပေမဲ့ အပျိုကြီးမခိုင်ရဲ့ ဝမ်းတစ်ထွာအတွက်ကတော့ သာမန်ထက် ပိုခက်ခဲနေရပြီး တစ်ခါတစ်ရံမှာ ထမင်းတစ်နပ် မုန့်တစ်ချပ်နဲ့သာ ဝမ်းရေး ဖြေရှင်းခဲ့ရပါတယ်။

Category: Video

လူငယ်မိန်းကလေးတစ်ယောက်ရဲ့ မိတ်ကပ်ဖန်တီးမှုလက်ရာ

အသက် (၂၀) ရှိ မိန်းကလေးငယ်တစ်ဦးရဲ့ အနုပညာမြောက်တဲ့ မိတ်ကပ်ဖန်တီးမှုလက်ရာတွေ ဖြစ်ပါတယ်။ မဝင်းလတ်ပိုင်ထက်က ဒီမိတ်ကပ်အနုပညာကို ဖန်တီးလာတာ အချိန်တစ်နှစ်ကျော်ရှိနေပါပြီ။ “ဒီဖန်တီးမှုနဲ့ပတ်သတ်ပြီး လူတွေပိုပြီး လက်ခံလာအောင်လည်း ကြိုးစားသွားမယ် "လို့ သူက ဆိုပါတယ်။

Category: Video

အမြင်အာရုံမသန်စွမ်းပေမယ့် ကွန်ပျူတာနဲ့  ဖုန်းပြုပြင်ရေးဆိုင်ဖွင့်နိုင်ခဲ့သူ

အမြင်အာရုံမသန်စွမ်းပေမဲ့ ကွန်ပျူတာနဲ့ ဖုန်းပြုပြင်ရေးဆိုင်ဖွင့်နိုင်ခဲ့သူ ကိုခင်မောင်သန်း (ခ) ကိုပိုင်ဟိန်းထွန်းက မွေးရာပါ အမြင်အာရုံမသန်စွမ်းသူဖြစ်ပေမဲ့ ဘ၀ကို အရှုံးမပေးဘဲ ကြိုးစားလာခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကတည်းကစလို့ ကွန်ပျူတာနဲ့ ဖုန်းပြုပြင်ဆိုင်လေးကို ဖွင့်နိုင်ခဲ့တာပါ။

Category: Video

အခြေခံပညာကျောင်းတွေမှာ စွန့်ပစ်အမှိုက်ဆိုင်ရာအသိပညာပေးမှု စတင်သင်ကြားပေး

အခြေခံပညာကျောင်းတွေမှာ စွန့်ပစ်အမှိုက်ဆိုင်ရာအသိပညာပေးမှု စတင်သင်ကြားပေး စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို စက်တင်ဘာလကစတင်ပြီး မြောက်ဒဂုံနဲ့လှိုင်သာယာမြို့နယ်တွေက အခြေခံပညာကျောင်းတွေမှာ သင်ကြားပေးနေပြီ ဖြစ်ပါတယ်။

Category: Video

အာဟာရဒါနမောင်နှမများရဲ့ မွန်မြတ်တဲ့အလှူ

အာဟာရဒါနများကို ဈေးနှုန်းသက်သက်သာသာနဲ့လှူဒါန်းနိုင်အောင် ဆောင်ရွက်ပေးနေတဲ့ အာဟာရဒါနမောင်နှမများအဖွဲ့ အရိုးရောဂါအထူးကုဆေးရုံကြီးနဲ့ အနောက်ပိုင်းဆေးရုံကြီးတို့မှာ အာဟာရဒါနလှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက် ဈေးနှုန်းသက်သက်သာသာနဲ့လှူဒါန်းနိုင်အောင် မဖြူဝင်းဦးဆောင်တဲ့ အာဟာရဒါနမောင်နှမများအဖွဲ့က ကူညီဆောင်ရွက်ပေးနေပါတယ်။

Category: Video

နော်ဝေးနိုင်ငံတွင် ကျင်းပမယ့် လူငယ်ဖိုရမ်ကို မြန်မာနိုင်ငံရှိ လူငယ်နှစ်ဦးတက်ခွင့်ရ

တယ်လီနောလုပ်ငန်းစုနဲ့ နိုဘယ်ငြိမ်းချမ်းရေးစင်တာ (NPC) တို့ ပူးပေါင်းစီစဉ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲ တယ်လီနောလူငယ်ဖိုရမ် (TYF) ကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

Category: Video

အသက်ရှင်သမျှကာလပတ်လုံး အပြေးပြိုင်ပွဲတိုင်းကို ၀င်ပြိုင်သွားမှာပါ

ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှ မွေးဖွားလာခဲ့တဲ့ ဦးစောစောမောင်မောင်ထွေးက အခုဆို အသက် ၇၅ နှစ်ရှိပြီဖြစ်ပါတယ်။ သူက ၁၉၄၈-၄၉ ခုနှစ် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ အပြေးပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူပါ။

Category: Video

အဓမ္မပြုကျင့်မှုများတွင် မသန်စွမ်း အမျိုးသမီးများကို အဓိက ပစ်မှတ်ထားလာ

တွံတေးမြို့နယ်မှာ နေထိုင်တဲ့ မွေးရာပါ မသန်စွမ်းသူတစ်ဦးဖြစ်သူ မခတ္တာ (အမည်လွှဲ) ကလည်း လွန်ခဲ့တဲ့လအနည်းငယ်က အဓမ္မပြုကျင့်ခြင်း ခံခဲ့ရတယ်လို့ မိခင်ဖြစ်သူ ဒေါ်စန်းဝေက ပြောပြပါတယ်။ အသက် (၁၆) နှစ်ရှိပြီဖြစ်တဲ့ မခတ္တာက အစ်ကိုဝမ်းကွဲ တော်စပ်သူရဲ့ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရတာပါ။

Category: Video

YBS ကားတွေ ညဘက်အထွက်ကျဲသွားတဲ့အတွက် မြို့ ပြင်ပြန်တဲ့ ခရီးသည်တွေ အခက်အခဲကြုံနေ

YBS ပြေးဆွဲချိန်နဲ့ ရန်ကုန်မြို့ပြင်ပိုင်း ခရီးသွားတွေရဲ့အခက်အခဲ ည ၉ နာရီနောက်ပိုင်းမှာ YBS ကားတွေ အထွက်ကြဲသွားတဲ့အတွက် ရန်ကုန်မြို့ပြင်ပိုင်းမှာ နေထိုင်တဲ့သူတွေအနေနဲ့ အခက်အခဲကြုံတွေ့နေရပါတယ်။