ASUS ရဲ့ နောက်ဆုံးထွက် ROG Gaming Phone၊ Zenfone Max M2

ASUS ရဲ့ နောက်ဆုံးထွက် ROG Gaming Phone၊ Zenfone Max M2 နဲ့ Zenfone Max Pro M2 ဖုန်းမော်ဒယ်အသစ်တွေကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဒီနေ့ (ဒီဇင်ဘာ (၁၁) နေ့) ပဲ တရားဝင် မိတ်ဆက်ပေးလိုက်ပါပြီ။

ဒီဖုန်းမော်ဒယ်သစ်သုံးမျိုးထဲကတစ်မျိုးဖြစ်တဲ့ Zenfone Max Pro M2 ကို စမ်းသပ်သုံးစွဲကြည့်တဲ့အခါ စွမ်းဆောင်ရည်အတော်လေးကောင်းမွန်တဲ့ Mid - Range ဖုန်းတစ်လုံးဖြစ်တာကို တွေ့ရပါတယ်။

ဒါကြောင့် စမ်းသပ်သုံးစွဲထားတဲ့ အတွေ့အကြုံကို ရိုးရာလေးပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါရစေ။ ဒီဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်၊ စွမ်းဆောင်ရည်တွေကို ဗီဒီယိုထဲမှာ ပြောပြပေးထားပါတယ်။ ဖုန်းအသစ်တစ်လုံးဝယ်ယူဖို့ ပြင်နေသူတွေအတွက်လည်း အထောက်အကူရနိုင်တာမို့ လေ့လာကြည့်လိုက်ပါဦး။

Team (ရိုးရာလေး)
www.yoyarlay.com

#Team_yyl #Technology_yyl #Asus #Zenfonemaxprom2 #Handson