Category: Video

ယခင်အခြေအနေကို ပြန်ရောက်လုနီးပါးဖြစ်နေတဲ့ နောက်ဖေးလမ်းကြားစီမံချက်

နောက်ဖေးလမ်းကြားပန်းဥယျာဉ်စီမံချက်ကို NLD အစိုးရလက်ထပ်မှာ အစိုးရနဲ့  အရပ်ဘက်အဖွဲ့ အစည်းတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ဒီစီမံချက်ကြောင့်ပဲ အရင်က ရှုပ်ပွ ညစ်ပတ်နေတဲ့ နောက်ဖေးလမ်းကြားတွေဟာ အများပြည်သူလာရောက်လည်ပတ် အပန်းဖြေချင်စရာနေရာတွေ ဖြစ်လာခဲ့ပါတယ်။

Category: Video

အသက် ၅၀ ကျော်အရွယ် ယာဉ်နောက်လိုက် အမျိုးသမီးကြီးရဲ့ နေ့စဉ်ဘဝ

အသက် ၅၀ ကျော်ရှိပြီဖြစ်တဲ့ ဒေါ်ခင်နန်းနွယ်က အငြိမ်းစားသူနာပြုဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ မော်တော်ယာဉ်လုပ်ငန်းဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတာဖြစ်ပါတယ်။

အလင်းရောင်မဖြာသေးတဲ့ နံနက်လေးနာရီမတိုင်ခင်တည်းက သူမရဲ့တစ်နေ့တာစိန်ခေါ်မှုကို စတင်လို့နေပါပြီ။ တခြားသောအမျိုးသားများနဲ့တန်းတူရင်ဘောင်တန်းပြီး သူမရဲ့တစ်နေ့တာကို ဖြတ်သန်းလှုပ်ရှားနေတာပဲဖြစ်ပါတယ်။

Category: Video

ထမ်းစမ်းရွှေတိဂုံပုံတူစေတီတော်ကြီးနဲ့ သဘာဝစိမ့်ရေထွက်ပေါက်သို့ အလည်တစ်ခေါက်

ထမ်းစမ်းရွှေတိဂုံပုံတူစေတီတော်ကြီးဟာ ဥာဏ်တော်အမြင့်ပေ ၁၀၈ တောင်ရှိပြီး အရံစေတီတော် ၆၄ ဆူရှိပါတယ်။ စေတီတော်အနီးမှာတော့ မေတ္တာခမ်းတန် ဓမ္မဗိမာန်တော်ကြီးတည်ရှိပါနေတယ်။

အဲဒီဗိမာန်တော်ကြီးရဲ့ နေရာအတော်တော်များများကို ကျွန်းသားတွေနဲ့တည်ဆောက်ထားပြီး အချို့သော ကျွန်းတိုင်တွေက လူတစ်ဖက်စာလောက်ရှိတာပါ။

Category: Video

ထမ်းစမ်းဂူသို့  အလည်တစ်ခေါက်

ထမ်းစမ်းဂူက တောင်ကြီးခရိုင် ဟိုပုံးမြို့ နယ် (ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေ) ထမ်းစမ်းကျေးရွာအနီးမှာတည်ရှိပါတယ်။

ဂူက တောင်ကြီးကနေဆို ၄၂ ကီလိုမီတာဝေးကွာပါတယ်။

Category: Video

တောင်ကြီးမြို့ရဲ့ရိုးရာ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်သို့ အလည်တစ်ခေါက်

၂၀၁၈ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရိုးရာ မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့က စတင်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့ အထိ ကျင်းပသွားမှာဖြစ်ကာ အနိုင်ရရှိတဲ့အဖွဲ့ကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဆုချီးမြှင့်သွားမှာပါ။

Category: Video

LGBT ကိုယ်စားလှယ်တစ်ဦးဖြစ်ချင်သူ

လူကြီး၊ လူငယ်၊ ကျား၊ မ ဆိုတာ အသက်အရွယ်၊ လိင်အင်္ဂါကွာခြားမှုတစ်ခုသာဖြစ်ပြီး လူတစ်ဦးတစ်ယောက်ရဲ့ စွမ်းရည်ကို အဲဒီအရာတွေနဲ့တိုင်းတာလို့မရဘဲ လုပ်ဆောင်ချက်စွမ်းရည်နဲ့သာ တိုင်းတာနိုင်တယ်ဆိုတာ ကိုအောင်သန့်တစ်ဖြစ်လဲ မရှင်းသန့်ဘဝက ဖော်ပြနေပါတယ်။

Category: Video

မျှော်လင့်ချက်မဲ့စွာနဲ့ ဘဝကို ဖြတ်သန်းနေရသူ

ဆင်းရဲချမ်းသာ လူ့သဘာဝ လို့ဆိုပေမဲ့ ဒေါ်မြင့်မြင့်ခိုင် (ခ) အပျိုကြီးမခိုင်ရဲ့ဘဝမှာတော့ ချမ်းသာခြင်းသုခဆိုတာကို မတွေ့ရှိခဲ့ဖူးပါဘူး။ သမုဒ္ဒရာဝမ်းတစ်ထွာဆိုပေမဲ့ အပျိုကြီးမခိုင်ရဲ့ ဝမ်းတစ်ထွာအတွက်ကတော့ သာမန်ထက် ပိုခက်ခဲနေရပြီး တစ်ခါတစ်ရံမှာ ထမင်းတစ်နပ် မုန့်တစ်ချပ်နဲ့သာ ဝမ်းရေး ဖြေရှင်းခဲ့ရပါတယ်။

Category: Video

တရားဝင်ပြေးဆွဲခွင့်ပြန်လည်ရရှိဖို့ မျှော်လင့်နေတဲ့ ဖျက်သိမ်းခံ မော်တော်ယာဉ်လိုင်း …

ဖျက်သိမ်းခံခဲ့ရတဲ့ အောင်မဟာယာဉ်လိုင်းကို တရားဝင်ယာဉ်လိုင်းအဖြစ် ပြန်လည်ပြေးဆွဲခွင့်ရရှိရေးကိုလည်း လုပ်ဆောင်လျက်ရှိတယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးထံက သိရပါတယ်။ မ.ထ.သ ယာဉ်လိုင်းအားလုံးနဲ့အတူ ဖျက်သိမ်းခံခဲ့ရပေမဲ့ ယနေ့အထိ အောင်မင်္ဂလာအဝေးပြေးကနေ ဆူးလေအထိနေ့စဉ် ကားအစီးရေ ၅၀ ကျော်နဲ့ ပြေးဆွဲလျက်ရှိပါတယ်။

Category: Video

လူငယ်မိန်းကလေးတစ်ယောက်ရဲ့ မိတ်ကပ်ဖန်တီးမှုလက်ရာ

အသက် (၂၀) ရှိ မိန်းကလေးငယ်တစ်ဦးရဲ့ အနုပညာမြောက်တဲ့ မိတ်ကပ်ဖန်တီးမှုလက်ရာတွေ ဖြစ်ပါတယ်။ မဝင်းလတ်ပိုင်ထက်က ဒီမိတ်ကပ်အနုပညာကို ဖန်တီးလာတာ အချိန်တစ်နှစ်ကျော်ရှိနေပါပြီ။ “ဒီဖန်တီးမှုနဲ့ပတ်သတ်ပြီး လူတွေပိုပြီး လက်ခံလာအောင်လည်း ကြိုးစားသွားမယ် "လို့ သူက ဆိုပါတယ်။

Category: Video

အမြင်အာရုံမသန်စွမ်းပေမယ့် ကွန်ပျူတာနဲ့  ဖုန်းပြုပြင်ရေးဆိုင်ဖွင့်နိုင်ခဲ့သူ

အမြင်အာရုံမသန်စွမ်းပေမဲ့ ကွန်ပျူတာနဲ့ ဖုန်းပြုပြင်ရေးဆိုင်ဖွင့်နိုင်ခဲ့သူ ကိုခင်မောင်သန်း (ခ) ကိုပိုင်ဟိန်းထွန်းက မွေးရာပါ အမြင်အာရုံမသန်စွမ်းသူဖြစ်ပေမဲ့ ဘ၀ကို အရှုံးမပေးဘဲ ကြိုးစားလာခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကတည်းကစလို့ ကွန်ပျူတာနဲ့ ဖုန်းပြုပြင်ဆိုင်လေးကို ဖွင့်နိုင်ခဲ့တာပါ။

Category: Video

အခြေခံပညာကျောင်းတွေမှာ စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာပေးမှု စတင်သင်ကြားပေး

အခြေခံပညာကျောင်းတွေမှာ စွန့်ပစ်အမှိုက်ဆိုင်ရာအသိပညာပေးမှု စတင်သင်ကြားပေး စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို စက်တင်ဘာလကစတင်ပြီး မြောက်ဒဂုံနဲ့လှိုင်သာယာမြို့နယ်တွေက အခြေခံပညာကျောင်းတွေမှာ သင်ကြားပေးနေပြီ ဖြစ်ပါတယ်။

Category: Video

အာဟာရဒါနမောင်နှမများရဲ့ မွန်မြတ်တဲ့အလှူ

အာဟာရဒါနများကို ဈေးနှုန်းသက်သက်သာသာနဲ့လှူဒါန်းနိုင်အောင် ဆောင်ရွက်ပေးနေတဲ့ အာဟာရဒါနမောင်နှမများအဖွဲ့ အရိုးရောဂါအထူးကုဆေးရုံကြီးနဲ့ အနောက်ပိုင်းဆေးရုံကြီးတို့မှာ အာဟာရဒါနလှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက် ဈေးနှုန်းသက်သက်သာသာနဲ့လှူဒါန်းနိုင်အောင် မဖြူဝင်းဦးဆောင်တဲ့ အာဟာရဒါနမောင်နှမများအဖွဲ့က ကူညီဆောင်ရွက်ပေးနေပါတယ်။

Category: Video

နော်ဝေးနိုင်ငံတွင် ကျင်းပမယ့် လူငယ်ဖိုရမ်ကို မြန်မာနိုင်ငံရှိ လူငယ်နှစ်ဦးတက်ခွင့်ရ

တယ်လီနောလုပ်ငန်းစုနဲ့ နိုဘယ်ငြိမ်းချမ်းရေးစင်တာ (NPC) တို့ ပူးပေါင်းစီစဉ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲ တယ်လီနောလူငယ်ဖိုရမ် (TYF) ကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

Category: Video

အသက်ရှင်သမျှကာလပတ်လုံး အပြေးပြိုင်ပွဲတိုင်းကို ၀င်ပြိုင်သွားမှာပါ

ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှ မွေးဖွားလာခဲ့တဲ့ ဦးစောစောမောင်မောင်ထွေးက အခုဆို အသက် ၇၅ နှစ်ရှိပြီဖြစ်ပါတယ်။ သူက ၁၉၄၈-၄၉ ခုနှစ် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ အပြေးပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူပါ။