Facebook ကို uninstall လုပ်ပါက ဘက်ထရီစား သိသိသာသာ သက်သာ

MAIN-Facebook-and-Phone-Battery.jpg

Facebook App ကို Android မိုဘိုင်းဖုန်းတွေကနေ uninstall (ပယ်ဖျက်) လိုက်တဲ့အခါမှာဆိုရင် ဖုန်းရဲ့ ဘက်ထရီစားနှုန်းဟာ သိသိသာသာ တက်လာပြီး ၂၀ ရာခိုင်နှုန်းလောက် ဘက်ထရီအား ပိုကောင်းလာကြောင်း ဆိုပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ CPU လုပ်ဆောင်ချက်ဟာလည်း ပိုမို မြန်ဆန်လာတာကို တွေ့ရှိရ ပါတယ်။

ယင်း စမ်းသပ်မှုကို အမေရိကန်က နည်းပညာရှင်များဟာ Huawei Nexus 6P နဲ့ စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ယင်း စမ်းသပ်မှုရဲ့ အဖြေကတော့ Facebook App ဟာ Android ဖုန်းတွေမှာ ဘက်ထရီကို သိသိသာသာ စားခြင်း၊ အခြားသော ဖုန်းရဲ့ လုပ်ဆောင်ချက်များကို နှေးကွေးစေခြင်းတို့ကို ဖြစ်ပေါ်စေ ပါတယ်။ ယင်းကဲ့သို့ အလားတူ ဖြစ်ရပ်ကို လွန်ခဲ့သော တစ်နှစ်ကလည်း iOS ပေါ်မှာ ကြုံတွေ့ပြီး အိုင်ဖုန်းများရဲ့ ဘက်ထရီကို Facebook App က အဓိက စားသုံးနေကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းကဲ့သို့ တွေ့ရှိပြီးနောက် Facebook က ပြင်ဆင်ပေးခဲ့ပါတယ်။

ယခုတော့ Android ဖုန်းတွေမှာ ယင်း ပြဿနာ ပြန်လည် ကြုံတွေ့ရပြီး Facebook ကနေပြီးတော့ ဘက်ထရီစား သက်သာတဲ့ Update ကို မကြာမီ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top