ATM စက်ထဲက ပိုက်ဆံတွေကို ကတ်အတုနဲ့ ခိုးယူခံရဖွယ်ရှိနေ

atm-attack-shtfplan-1024x616.jpg

ကမ္ဘာတစ်ဝန်းက Automated Teller Machine လို့ခေါ်တဲ့ ATM စက်တွေဟာ နည်းပညာတိုက်ခိုက်မှု အန္တရာယ်နဲ့ တွေ့ကြုံနိုင်ပြီး အကောင့်တွေထဲမှာ ရှိတဲ့ ဒေါ်လာ သန်းပေါင်းများစွာ လုံခြုံစိတ်ချရမှုအတွက် စိုးရိမ်စရာဖြစ်တယ်လို့ အမေရိကန် အစိုးရပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဘဏ်တွေကို ပြီးခဲ့တဲ့ သောကြာနေ့မှာ အက်ဖ်ဘီအိုင် (FBI) အဖွဲ့ကြီးက ထုတ်ပြန်သတိပေးထားပြီး နည်းပညာ တိုက်ခိုက်သူတွေဟာ လာမယ့် ရက်အနည်းငယ်အတွင်းမှာ ကမ္ဘာတလွှားက ATM စက်တွေအပေါ်  ကြီးကြီးမားမား တိုက်ခိုက်ဖို့ အစီအစဉ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

နည်းပညာလုံခြုံရေး ကျွမ်းကျင်သူတစ်ယောက် ဖြစ်တဲ့ Brian Krebs က “FBI ဆီမှာ ရထားတဲ့ သတင်းအရ နည်းပညာတိုက်ခိုက်သူတွေက အမျိုးအမည်မသိတဲ့ ကတ်တွေကို အသုံးပြုပြီး တစ်ကမ္ဘာလုံးက ATM စက်တွေထဲက ငွေကြေးတွေကို အတိုင်းအဆမရှိ ထုတ်ယူဖို့ အကြံအစည်တွေ ရှိနေတာပါ” လို့ ပြောပြခဲ့ပါတယ်။

ATM – cashed out လို့ခေါ်တဲ့ ATM စက်ကနေ ငွေထုတ်ယူတဲ့ အပိုင်းမှာ အသုံးပြုထားတဲ့ Payment card processor ကို ခိုးယူဖျက်ဆီး (hack) ပြီး ပုံတူ ကတ်အတုများနဲ့ ပိုက်ဆံတွေကို နာရီပိုင်းအတွင်း ထုတ်ယူသွားနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ်မှာ တစ်ခါဖြစ်ဖူးပြီး ကမ္ဘာတစ်ဝန်း ATM စက်တွေက ကန်ဒေါ်လာ ၉ သန်းဖိုးလောက် ခိုးယူခံခဲ့ရဖူးပါတယ်။

ဘဏ်တွေအနေနဲ့ နည်းပညာပိုင်း အဆင့်မြှင့်တင်မှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့လိုပြီး မဟုတ်ရင်တော့ ကြီးမားတဲ့ လုံခြုံရေး တိုက်ခိုက်ခံရမှုကို ကြုံရနိုင်တယ်လို့ သတိပေးထားပါတယ်။

Ref: NewsRepublic “FBI warns of an imminent hack attack on ATM machines worldwide”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top