ငွေလက်ခံတာနဲ့ ငွေပေးချေတာတွေအတွက် မိုဘိုင်း ငွေလွှဲဝန်ဆောင်မှုက အဆင်ပြေ အလွယ်ကူဆုံးနည်းလမ်း ဖြစ်နိုင်မလား

mytelpay-cover.jpg

ဟုတ်ပါတယ်။ မိုဘိုင်းငွေလွှဲဝန်ဆောင်မှုက ငွေလက်ခံရရှိမှုနဲ့ ငွေပေးချေမှုတွေအတွက် အဆင်ပြေ အလွယ်ကူဆုံးနည်းလမ်းတစ်ခုပါ။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု မကျယ်ပြန့်လာသေးခင်ကာလတွေတုန်းက လူအတော်များများဟာ ငွေပေးချေမှုတွေအတွက် ဘဏ်တွေကိုပဲ သွားပြီး ဆောင်ရွက်ကြရပါတယ်။ တစ်ခါတလေ ဘဏ်ကိုသွားပြီး ဆောင်ရွက်တဲ့အခါမှာ အချိန်အကြာကြီး တန်းစီရတာတွေ၊ မွန်းလွဲပိုင်းအချိန်ထိပဲ ဘဏ်ကဖွင့်တာနဲ့ ပိတ်ရက်တွေမှာ ဘဏ်မဖွင့်တာကြောင့် အဆင်မပြေမှုတွေကို မကြာခဏ ကြုံတွေ့ခဲ့ကြရပါတယ်။

အခုတော့ အရင်ကလို ဘဏ်တွေကိုသွားပြီး ငွေလွှဲ/ ငွေချေမှုတွေ လုပ်ရတာထက် ပိုကောင်းမွန်တဲ့ နည်းလမ်းတွေရှိနေပါပြီ။ ဒီနေ့ခေတ်မှာမှာ လူတော်တော်များများအနေနဲ့ ဈေးဝယ်ထွက်တာ၊ ကျေးလက်က ကိုယ့်ဆွေမျိုးသားချင်းတွေဆီ ငွေလွှဲပေးချင်တာမျိုးတွေကို မိုဘိုင်းဖုန်းကတစ်ဆင့် ငွေပေးချေတဲ့စနစ်နဲ့ပဲ ပိုအသားပေးပြီး အသုံးပြုလာကြပါတယ်။ ဒါ့အပြင် ကိုယ်ရင်းနှီးသူတစ်ယောက်ယောက်က အရေးတကြီးငွေလိုခဲ့ရင် လွှဲပေးဖို့ မိုဘိုင်း ငွေလွှဲဝန်ဆောင်မှုကသာ အဆင်ပြေ အလွယ်ကူဆုံးဖြစ်ပြီး အရမ်းအသုံးဝင်နေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လူတိုင်းက မိုဘိုင်း ငွေလွှဲဝန်ဆောင်မှုအပေါ် ဘာကြောင့် အလေးပေးအသုံးပြုနေရလဲဆိုတဲ့ မေးခွန်းကို မေးလာမယ်ဆိုရင် အားလုံးအတွက် အဓိက အကြောင်းပြချက်က အဆင်ပြေ အလွယ်ကူဆုံးဖြစ်နေတာကြောင့်ပဲ လို့ ဖြေရမှာပါ။ မိုဘိုင်း ငွေလွှဲဝန်ဆောင်မှုကနေ ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့

(၁) မိုဘိုင်း ငွေလွှဲဝန်ဆောင်မှုက အထူးတလည် အားစိုက်စရာမလိုပဲ လက်ချောင်းတွေ လှုပ်ရှားလိုက်တာနဲ့ အလုပ်တွေအားလုံးပြီးအောင်လုပ်နိုင်ခြင်း

(၂) ဘဏ်တွေလိုမဟုတ်ဘဲ (၂၄) နာရီပတ်လုံး ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနိုင်ခြင်း

(၃) မြို့နယ်အလိုက် ကိုယ်စားလှယ်တွေ ရှိနေတာကြောင့် ဝေးလံတဲ့ဒေသတွေကို ရောက်နေခဲ့ရင်လည်း အချိန်များများစားစား ပေးစရာမလိုဘဲ ငွေသွင်း၊ ငွေထုတ်ပြုလုပ်နိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အခုအချိန်မှာ MytelPay က ဈေးကွက်ထဲကို အဆင်ပြေ အလွယ်ကူဆုံးနဲ့ လုံခြုံ စိတ်အချရဆုံး မိုဘိုင်း ငွေလွှဲဝန်ဆောင်မှုအဖြစ် ဝင်ရောက်လာခဲ့ပါပြီ။ မြန်မာနိုင်ငံအနှံ့က မြို့တွေတိုင်းမှာ ရှိနေတဲ့ ကိုယ်စားလှယ် (၂၀,၀၀၀) ကျော်က MytelPay သုံးစွဲသူတွေကို ဝန်ဆောင်မှုပေးဖို့ အသင့်ဖြစ်နေတဲ့အပြင် ဝန်ဆောင်မှု ပေးမယ့်ဆိုင် အရေအတွက်ကလည်း တစ်နေ့ထက်တစ်နေ့ တိုးလာနေပါတယ်။ ဒါ့အပြင် MytelPay ငွေလွှဲဝန်ဆောင်မှုကို ဘယ် မိုဘိုင်းကွန်ရက် သုံးစွဲသည်ဖြစ်စေ ပေးပို့သူနဲ့ လက်ခံရရှိသူ နှစ်ဦးလုံး အဆင်ပြေပြေ အသုံးပြုနိုင်ပြီး ဝန်ဆောင်မှုကိုလည်း ဘဏ်ပိတ်ရက်တွေနဲ့ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာပါ အသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် MytelPay ဟာ Two-factor Authentication လုပ်ဆောင်ချက်ရရှိတဲ့အပြင် သုံးစွဲသူတွေ လွှဲလိုက်တဲ့ ငွေကြေးပမာဏတွေ ဆုံးရှုံးမှု မရှိစေရအောင် အာမခံပေးမယ့် ဘဏ်အဆင့်မီ OTP စနစ်ပါဝင်တဲ့ တစ်ခုတည်းသော မိုဘိုင်း ငွေလွှဲဝန်ဆောင်မှုလည်း ဖြစ်ပါတယ်။ အဆင်ပြေ အလွယ်ကူဆုံးနဲ့ လုံခြုံစိတ်အချရဆုံး မိုဘိုင်း ငွေလွှဲဝန်ဆောင်မှုအဖြစ် ရပ်တည်နေပြီး များပြားလွန်းတဲ့ ငွေလွှဲလုပ်ငန်းတွေအတွက် လုံခြုံတဲ့ နည်းလမ်းတွေပါဝင်တဲ့ အက်ပလီကေးရှင်းတစ်ခုအဖြစ် သုံးစွဲသူတွေရဲ့ စိတ်အာရုံကိုဖမ်းစားပြီး အကြိုက်တွေ့လာစေနိုင်မှာပါ။

MytelPay သုံးစွဲသူတွေဟာ အော်ပရေတာ အမျိုးအစားအားလုံးအတွက် ဖုန်းဘေလ်ဖြည့်ပေးတာ၊ QR code နဲ့ ငွေပေးချေတာတွေကို လုပ်ဆောင်နိုင်မယ့်အပြင် အကောင့်မရှိသူကနေ အကောင့်မရှိသူဆီ ငွေလွှဲမှု ပြုလုပ်လိုက်ရင်လည်း lucky code တစ်ခုရရှိနိုင်ပြီး Mytel ရဲ့ တစ်နှစ်ပြည့် ကံစမ်းမဲအစီအစဉ်မှာ ပါဝင်ဆင်နွှဲနိုင်ဦးမှာပါ။ MytelPay အကြောင်း အသေးစိတ်ကို ထပ်မံပြီးသိချင်သေးရင်တော့ MytelPay ရဲ့ Facebook Page မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top