သား (၁၄) ဦးမွေးဖွားခဲ့ပြီးမှ သမီးမိန်းကလေးကို ပိုင်ဆိုင်ခွင့်ရလိုက်တဲ့ စုံတွဲ

9-11-2020-yyl-023.jpg

မီချီဂန်ပြည်နယ်က စုံတွဲတစ်တွဲကတော့ သားယောက်ျားလေးပဲ (၁၄) ဦးမွေးဖွားနေလို့ နှစ်တော်တော်ကြာ သမီးမိန်းကလေး ပိုင်ဆိုင်ရဖို့ ကြိုးစားရင်းနဲ့ အခုဆိုရင် သမီးမိန်းကလေးကို မွေးဖွားနိုင်ခဲ့ပါပြီ။ အသက် (၄၅) နှစ်အရွယ် ကိတ်ရီ ရှဝါဒတ်တ် (Kateri Schwandt) ဟာ မက်ဂီ ဂျေနီလို့ အမည်ရတဲ့ သမီးလေးတစ်ယောက် ( ၇ ပေါင် ၈ အောင်စ) ကို ပြီးခဲ့တဲ့ကြာသပတေးနေ့က မွေးဖွားခဲ့တာပါ။

သူနဲ့သူ့ခင်ပွန်း ဂျေတို့က ကလေး (၁၄) ဦးနဲ့ ပြီးပြည့်စုံတဲ့မိသားစုကို ပိုင်ဆိုင်ထားပြီးဖြစ်ပေမဲ့ အခုမွေးဖွားတဲ့သမီးမိန်းကလေးကို ပိုင်ဆိုင်ရတာက ပထမဆုံးပါပဲ။ သူတို့စုံတွဲဟာ ဆယ်ကျော်သက်ကတည်းက Gaylord High School နဲ့ Gaylord St.Mary’s မှာ ဆုံတွေ့ခဲ့ကြပြီး ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ ၁၉၉၃ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ကောလိပ်ကနေ ဘွဲ့မယူခင် သား (၃) ဦးကို ပိုင်ဆိုင်ခဲ့ပါတယ်။ သမီးမိန်းကလေးရဖို့အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ သားယောက်ျားလေးတွေကိုသာ ရခဲ့ပါတယ်။

“ကျွန်တော်တို့မိသားစုထဲ သမီးလေးဝင်ရောက်လာတဲ့အတွက် အပျော်လွန်နေကြသလို စိတ်လှုပ်ရှားနေရပါတယ်။ အခုနှစ်က အကြောင်းအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ အမှတ်တရဖြစ်ခဲ့ပါတယ်။ သမီးလေးမက်ဂီကတော့ ကျွန်တော်တို့ စိတ်ကူးယဉ်ထားသမျှထဲမှာ အကောင်းဆုံးလက်ဆောင်ပါပဲ”လို့ ဂျေက ပြောပါတယ်။ ဂျေတို့စုံတွဲရဲ့သားအကြီးဆုံး တေလာကလည်း “နောက်ဆုံးတော့ ကျွန်တော့်မိဘတွေရဲ့ ဆန္ဒပြည့်ဝခဲ့ပါပြီ”လို့ ဆိုပါတယ်။

ဂျေတို့စုံတွဲရဲ့နောက်ထပ်ကလေးတွေကတော့ ဇက်ချ်၊ ဘရန်တန်၊ တွန်မီ၊ ဗင်နီ၊ ကယ်ဗန်၊ ဂါဘီ၊ ဝက်စ်လေ၊ ချာလီ၊ လုခ်၊ တတ်ကာ၊ ဖရန်စ္စစကို၊ ဖင်လေတို့ပါပဲ။ သားယောက်ျားလေးတွေနဲ့ပြည့်နေတဲ့ သူတို့မိသားစုမှာ မက်ဂီဆိုတဲ့သမီးလေးဝင်ရောက်လာခဲ့တာက တကယ်ကို အံ့အားသင့်စရာဖြစ်ပါတယ်။ အခုတစ်ခါလည်း သားယောက်ျားလေးပဲ မွေးဖွားမယ်လို့ ယုံကြည်ခဲ့တာဖြစ်တယ်လို့ တေလာက ဆိုပါတယ်။ ဂျေတို့စုံတွဲက သားတွေပဲ (၁) ဒါဇင်ကျော်မွေးထားတဲ့အတွက် သတင်းတွေနဲ့ တီဗီတွေမှာ အရင်ကပါခဲ့ဖူးပါတယ်။

အငယ်ဆုံးသားလေး ဖင်လေ ချီဘွိုင်ဂန်ကို ၂၀၁၈ခုနှစ် ဧပြီလမှာ မွေးဖွားခဲ့တာပါ။ မိသားစုဝင်များတဲ့မိသားစုက စိတ်ညစ်စရာ၊ ဆူညံ့ပွက်လော်ရိုက်စရာ၊ ဖရိုဖရဲဖြစ်စရာကောင်းပေမဲ့ သူတို့ပျော်ရွှင်ရတယ်” လို့ ကိတ်ရီကတော့ ဖွင့်ဟထားပါတယ်။

Ref: Dailymail “Fifteenth time’s the charm! Michigan parents finally welcome a baby girl after having FOURTEEN boys in a row”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top